Thursday, May 09, 2013

မိုးသည်းထန်စွာရွာသွန်းစဉ် ရှေးဟောင်းစေတီပြိုကျရာမှ ဌာပနာပစ္စည်းများတွေ့ရှိထိန်းသိမ်းထား

၈-၅-၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ဘုရားနီကျေးရွာတွင် မိုးသည်း ထန်စွာ ရွာသွန်းစဉ် ယခင်ပြိုပျက်လျက်ရှိသည့် ရှေးဟောင်းစေတီတော် ထပ်မံပြိုကျခဲ့ရာ စေတီတော် အတွင်းမှ ကြေးဗုဒ္ဓဆင်းတုတော် ၇၄ ဆူ၊ နဂါးရုံ/ကျောက်စိမ်း/မြ ဘုရား ၃ ဆူ၊ ဘိလပ်မြေ ဆင်းတုတော် ၃ ဆူ၊ ရဟန်းကြေးဆင်းတု ၅ ဆူ၊ ရှင်ဥပဂုတ္တ ၂ ဆူ၊ ရှင်သီဝလိ ၂ ဆူ၊ ဓါတ်တော်ပုလင်း ၄၄ လုံး၊ စေတီ ၈ ဆူ၊ ကျောင်းဆောင် ၁ ခု၊ ကြက်လျှာတိုင် ၁ ခု၊ လက်စွပ်မျိုးစုံ ၂၅ ကွင်း၊ ဆွဲပြားမျိုးစုံ ၅ ပြား၊

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ထွက်ပြေးလာသူတစ်ထောင်ကျော် အကူအညီလိုအပ်နေ

နယ်မြေမငြိမ်သက်မှုကြောင့် ၂၀၁၂ခုနှစ်ဇွန်လမှ စတင်၍ဘင်္ဂလားဒေ့ရှ်နယ်စပ်မှမောင်တောဒေသသို့ ထွက်ပြေးတိမ်းရှောင်လာသူအရေအတွက်မှာ တစ်ထောင်ကျော်ရှိနေပြီး အရေးပေါ်အကူအညီများ လို အပ်နေကြောင်းသတင်းရရှိသည်။ ယမန်နှစ်အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်တွင် နေထိုင်သော ရခိုင်၊ ဒိုင်းနက်၊ သက်စသည့် ရခိုင်မျိုးနွယ်စုများမှာ ရန်ပြုခြင်း များကိုခံခဲ့ရပြီးနောက် မောင်တောဒေသသို့ တိမ်းရှောင်လာကြခြင်းဖြစ်သည်။

ကြောက်မက်ဖွယ်ရာ ဖယောင်းတိုင် ရဲ့ ဆိုးကျိုး

ဖယောင်းတိုင်ထွန်းခြင်းဟာသဘာဝပါတ်ဝန်းကျင်ကိုထိခိုက်သလိုကင်ဆာ ရောဂါပါ ဖြစ်နိုင်ကြောင်း နောက် ဆုံး ရှာဖွေလေ့လာမှုများ အရသိရပါတယ်။ ဖယောင်းသားကို မီးလောင်တဲ့ အခါ အဲဒီကထွက်တဲ့ အငွေ့ဟာ အခန်းထဲမှာရှိတဲ့ လေကို ညစ်ညမ်းစေပြီး လူတွေအတွက် ကင်ဆာပါ ဖြစ်နိုင်တယ်လို့သိရပါ တယ်။

ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်း များနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများကို (၂၀၁၃) ခုနှစ် အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်

ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများကို (၂၀၁၃) ခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ စီမံကိန်းများမှာ ဆူးလေဘုရား လမ်းပေါ်ရှိ Center Point Tower Hotel စီမံကိန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်း လမ်းပေါ်ရှိ Rose Garden Hotel စီမံကိန်း၊ ကန်တော်ကြီး ကန်ရိပ်သာလမ်းရှိ Shangrila Hotel စီမံကိန်း၊ ကမာရွတ်မြို့နယ်၊ ပြည် လမ်းမပေါ်ရှိ Novotel Yangon Hotel စီမံကိန်း၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းပေါ်ရှိ Pyi Garden Condominium စီမံကိန်းများဖြစ်ကြောင်း သိရသည်။

၁၅၀၀ တန်ဖုန်း မေလနောက်ဆုံးပတ် ထပ်ရောင်းမည်

နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လစဉ်ရောင်းချပေးမည့် ကျပ် ၁၅၀၀ တန် မိုဘိုင်းလ်ဖုန်းလိုင်းကတ် သုံးသိန်းငါးသောင်းကို မေလနောက်ဆုံးပတ်အတွင်း ဒုတိယ အကြိမ်ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှအကြီးတန်းအရာရှိတစ်ဦးက ပြောကြား သည်။ CDMA 800 MHz မိုဘိုင်းလ်ဖုန်းလိုင်းကတ် ၃၅၀၀၀၀ ကို ဧပြီလ ၂၄ ရက်နေ့တွင် ပထမအကြိမ် ရောင်းချပေးခဲ့ပြီး ယခု မေလတွင်လည်း ယခင်လအတိုင်း ၂၄ ရက်နေ့ ဝန်းကျင်တွင် ရောင်း ချနိုင်မည်ဟုမျှော်လင့်ရကြောင်း ဆက်သွယ်ရေးသင်တန်းကျောင်းအုပ်ကြီး ဦးကျော်စိုးက ထပ်မံအ တည်ပြုသည်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ(ဆောင်းပါး)

ပဏာမသဘောတူညီချက် လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရစစ်တပ်တိုက်ပွဲ များ အခုတစ်လော ဖြစ်ပွားလာပါသည်။
ကရင်ပြည်နယ်တွင် DKBA နှင့် BGF ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် SSA/SSPP နှင့် အစိုးရစစ်တပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ၌ RCSS နှင့် အစိုးရစစ်တပ် စသဖြင့် တိုက်ပွဲတွေ ဖြစ်ပွားနေပါသည်။

သံရုံး ဗုံးခွဲရန်ကြံစည်မှု မသင်္ကာသူများကို အင်ဒိုရဲက စီးနင်းတိုက်ခိုက်၊ စစ်သွေးကြွ ၇ ဦး သေဆုံး

အင်ဒိုနီးရှား နိုင်ငံ၊ ဂျာကာတာမြို့ရှိ မြန်မာသံရုံးအား ဗုံးခွဲရန် ကြံစည်မှုတွင် ပါဝင် ပတ်သတ်သည်ဟု ယူဆရသည့် အစ္စလာမ်မစ် စစ်သွေးကြွများကို အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ ဝင်များက ၂၄ နာရီကြာ စီးနင်းတိုက်ခိုက်ခဲ့ရာ သီးခြား စစ်ဆင်ရေး သုံးခုအတွင်း စုစုပေါင်း စစ်သွေးကြွ ၇ ဦး သေဆုံးခဲ့ပြီး အခြား စစ်သွေးကြွ ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု အေပီ သတင်းဌာနတွင် ရေး သားဖော်ပြထားသည်။

MAI ၏ Airbus ရန်ကုန်-မန္တလေး ခရီးစဉ်ကို မေ ၂၆ ရက်တွင် စတင် ပျံသန်းပေးမည်

ရန်ကုန် (မဇ္ဈိမ)။ ။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ Airbus ဖြင့် ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်ကို မေလ ၂၆ ရက်တွင် စတင် ပျံသန်းပြေးဆွဲတော့မည် ဖြစ်သည်။“ရန်ကုန်-မန္တလေး ခရီးစဉ်ကို အပတ်စဉ် အဂါင်္၊ ကြာသပတေးနဲ့ တနင်္ဂနွေနေ့တွေမှာ ပျံသန်း ပြေးဆွဲပေး သွားမှာပါ။ ခရီးစဉ်အနေနဲ့ ရန်ကုန်ကနေ မနက် ၆ နာရီခွဲမှာ ထွက်ခွါမှာ ဖြစ်ပြီး မန္တလေးကို မနက် ၇ နာရီ မိနစ် ၄၀ မှာ ရောက်ရှိပါမယ်။ မန္တလေးမှ ရန်ကုန်ကို မွန်းလွဲ ၂ နာရီမှာ ထွက်ခွါပေးမှာ ဖြစ်ပြီး ရန်ကုန်ကို ညနေ ၃ နာရီ ၁၀ မိနစ်မှာ ရောက်ရှိမှာပါ” ဟု MAI မှ တာဝန်ရှိသူတဦးဖြစ်သည့် ဒေါ်အေးမရသာ က ပြောသည်။
ယင်းခရီးစဉ်အတွက် လူဦးေ၇ ၁၂၀ ဆံ့ Airbus A319 ဖြင့် ပျံသန်းပြေးဆွဲသွားမည် ဖြစ်သည်။

Wednesday, May 08, 2013

အကြမ်းဖက်တိုက်ပွဲတွေကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၃၀ ခန့် သေဆုံး


Hefajat-e-Islam-Horror-Dhaka

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်တဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံဟာ နိုင်ငံရေး၊ လူမူရေး  မတည်ငြိမ်မူတွေနဲ့ အတူ လမ်းမတွေပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မူတွေ ပေါ်ပေါက်နေတဲ့ အတွက် လွန်ခဲ့တဲ့ (တနင်္ဂနွေ ညဉ့်နဲ့ တနင်္လာနေ့)  ၂ ရက်တာ အတွင်း လူပေါင်း  (၃၀) နီးပါးခန့် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။
သေဆုံးသူ အများစုဟာ နိုင်ငံရဲ့ အစ္စလာမ်မစ်  Hefajat –e- Islam အဖွဲ့ထဲက တက်ကြွ လူပ်ရှာသူတွေ ဖြစ်ကြပြီး ကုန်လွန်ခဲ့တဲ့ ၂ ရက် အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နှိမ်နှင်း  ပစ်ခတ်စဉ်မှာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒီနေ့ထုတ် The Independent သတင်းစာမှာတော့ သေဆုံးသူ ၃၁ ဦးရှိတယ်လို့ ဖေါ်ပြပြီး The Daily Star သတင်းစာမှာတော့ ၂၃ ဦး အထက်မှာ သေဆုံးခဲ့တယ်လို့ ဖေါ်ပြပါတယ်။
New Age သတင်းစာမှာတော့ သေဆုံးသူ ၂၄ ဦးရှိတယ်လို့ ဖေါ်ပြပြီး အဲဒီအထဲမှာ ဒက္ကားမြို့တော်မှာ သေဆုံးသူ (၁၀) ဦး၊ နာရာဂန်ဂျီမြို့မှာ (၈) ဦး၊ စစ်တကောင်းမြို့မှာ (၅) ဦးနဲ့ ဘာဂါဟက်မြို့မှာ (၁)  ဦး ဖြစ်တယ်လို့ ဖေါ်ပြပါတယ်။
ရာပေါင်းများစွာသော လူတွေဟာ လွန်ခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးး အတွင်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အစ္စလာမ်မစ်  Hefajat –e- Islam အဖွဲ့ကတော့ သူတို့ အဖွဲ့ထဲက ဒက္ကားမြို့ မူတီဂျေးလ် ( Motijheel) ဧရိယာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နှိမ်နှင်းမူကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၀၀၀ ခန့်ရှိပြီး မြောက်များစွာသော သူ့အဖွဲ့ဝင်တွေဟာ ပျောက်ဆုံးနေတယ်လို့ ပြောဆိုပါတယ်။  ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီး မိုဟိန်ဒူလ် ခန် အလမ်ဂီယာ ပြောတာကတော့ ဒက္ကားမြို့မှာ သေဆုံးသူဟာ (၉) ဦးဘဲ ရှိတယ်လို့ ပြောပါတယ်။
မနေ့ညဉ့်ကလည်း ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ BGB ( နယ်ခြားစောင့်တပ်ဖွဲ့)၊ RAB ( အထူးတန်ပြန် မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့) နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဒက္ကားမြို့ပေါ်က စီးပွားရေး အရ အရေးပါတဲ့ ရပ်ကွက်တွေကို ရှင်းလင်းခဲ့ရာမှာ အနည်းဆုံး လူ (၁၀) ဦးသေဆုံးခဲ့တယ်လို့ ဆေးရုံ သတင်းရပ်ကွက်တွေကို ကိုးကားပြီး သတင်းစာတွေက ဖေါ်ပြပါတယ်။
ဒါ့အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ရာနဲ့ချီတဲ့ သင်္ကာမကင်းခံရသူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အစ္စလာမ်မစ်  Hefajat –e- Islam  ဘာသာရေး အဖွဲ့တို့ကြား နိုင်ငံ အနှံ့အပြားမှာ တိုက်ခိုက်မူတွေ အပြန်အလှန် ပေါ်ပေါက်နေတဲ့ အတွက် ခရီးသွားလာရေး လုပ်ငန်း တွေဟာလည်း ရပ်တန့်နေပါတယ်။
အစ္စလာမ်မစ်  Hefajat –e- Islam အဖွဲ့ဟာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ အတူ အပြန်အလှန် တိုက်ခိုက်မူတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ အစ္စလာမ်မစ်  Hefajat –e- Islam  အဖွဲ့ဝင်တွေဟာ ဆန္ဒပြပွဲ အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မူ ဖြစ်ပွားခဲ့ပြီး ဈေးဆိုင်တွေ၊ ဘဏ်တွေ၊ ဘတ်စ်ကား တွေကို မီးတင်ရှို့ခဲ့ကြပါတယ်။
အစ္စလာမ်မစ်  Hefajat –e- Islam အဖွဲ့ဟာ ဘင်္ဂလာဒေခ်ျ့ အစိုးရကို အချက် (၁၃) ချက်ပါတဲ့ တောင်းဆိုချက်ကို တောင်းဆိုထားပြီး အစိုးရက အဲဒီတောင်းဆိုချက်တွေကို ပယ်ချလိုက်ပြီးတဲ့ နောက်ပိုင်းမှာ တနင်္ဂနွေနေ့က ဒက္ကားမြို့တော်ကို လေးဘက် လေးတန်က ၀ိုင်းပြီး ဆန္ဒပြ တောင်းဆိုမူတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆန္ဒပြပွဲကို အစ္စလာမ်မစ်  Hefajat –e- Islam အဖွဲ့ဝင် သိန်းချီပြီး ပါဝင်ခဲ့ပါတယ်။
ဒီဆန္ဒပြပွဲကို အတိုက်အခံ ဘင်္ဂလာဒေခ်ျ့ အမျိုးသား ပါတီက ထောက်ခံထားပြီး အစ္စလာမ်မစ်  Hefajat –e- Islam အဖွဲ့ဝင်တွေ သေဆုံးသွားတဲ့ အတွက် မနက်ဖြန် မေလ ၈ ရက်နေ့က စပြီး (၂) ရက်တာ အထွေထွေ သပိတ် ခေါ်ထားပါတယ်။
ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တာဝန်ရှိသူတွေက အစ္စလာမ်မစ်  Hefajat –e- Islam အဖွဲ့ အကြီးအကဲ Allama Shafi ကို ဒက္ကားကနေ သူ့နေရပ် စစ်တကောင်းမြို့ကို လေယာဉ်နဲ့ အတင်းအကျပ်  ပြန်ပို့လိုက်ပြီ အထွေထွေ အတွင်းရေ့းမှူး Junaid Babunagari ကိုတော့ မနေ့ညက  ဖမ်းဆီးလိုက်ပါတယ်။
ခုလို ဖြစ်ပျက်နေတဲ့ အပေါ် ဘင်္ဂလာဒေခ်ျ့က သာမန်ပြည်သူတွေ အကြားမှာ အထူး စိုးရိမ်မူတွေလည်း တိုးပွားနေပါတယ်။

လယ် ယာမြေပြဿနာ များ ရန် ကုန်တိုင်း အစိုးရ ကိုင် တွယ်ဖြေရှင်း ရာမှာ အား နည်း


ရန်ကုန် (မဇ္ဈိ)။ ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေပြဿနာများ တိုင်းအစိုးရအဖွဲ့က ကိုင်တွယ်ဖြေရှင်း ရာတွင် အားနည်းမှုများရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော် က ပြောသည်။ “တိုင်းဒေသကြီးလွှတ်တော်မှာ တင်ပြလို့ အစိုးရအဖွဲ့က လာဖြေရင် တိကျတဲ့အဖြေမျိုး ပေးမသွားဘူး။ အစိုးရအဖွဲ့ကို စာတင်ပြီး တင်ပြတာတောင် ဖြေရှင်းပေးမှုမျိုး လုပ်ပေးတာ မတွေ့ရသေးဘူး” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
ဒဂုံမြိုသစ်မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် ဆိပ်ကမ်းမြို့နယ်များ၊ ထန်းတပင်၊ မင်္ဂလာဒုံ ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ ကျောက်တန်းနှင့် သန်လျင်မြို့နယ်များတွင် လယ်ယာ သိမ်းဆည်းခံရမှုများ ဖြစ်ပေါ်နေသည်။
ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေသိမ်းဆည်းခံရခြင်းမှာ လက်ရှိတွင် ဧကပေါင်း ၁ သိန်း ၆ သောင်း   ကျော် ရှိကြောင်း လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။
သိမ်းဆည်းခံထားသော လယ်ယာမြေများကို တိုင်းအစိုးရအဖွဲ့မှ ကုမ္ပဏီများကို လုပ်ကိုင် ခွင့် ပြုခြင်းကြောင့် ပြဿနာ ပိုမိုခက်ခဲနေခြင်း ဖြစ်သည်။
“လယ်ယာမြေပြဿနာတွေက ယခင်အစိုးရလက်ထက်က လုပ်ခဲ့တာတွေ ဖြစ်တယ်။
အစိုးရသစ် လက်ထက်မှာ လယ်ယာမြေ ပြဿနာက ပိုကြီးထွားလာတယ်” ဟု ရန်ကုန်တိုင်း စိုက်ပျိုး
မွေးမြူရေး ဝန်ကြီး ဦးစိုးမင်း က ပြောသည်။
ထိုသို့ သိမ်းဆည်းခံရမှုများကြောင့် လယ်သမားများ လယ်ယာလုပ်ကိုင်ခွင့် အခွင့်အလမ်း ဆုံးရှုံးနေ ရသည်။
စုံစမ်းစစ်ရေး ကော်မရှင်ကို နေပြည်တော်ရှိ လွှတ်တော် နှစ်ရပ်မှ လွှတ်တော်အမတ် ၆၄ ဦးဖြင့် အဖွဲ့ခွဲ ၁၀ ခုခွဲ၍ ပြည်နယ်နှင့်တိုင်း ၁၄ ခုတွင် လိုက်လံ စစ်ဆေးလျက်ရှိသည်။
မြေအသိမ်းခံရမှုများအတွက် မြေပြန်လည်ရရှိရေး၊ ထိုက်တန်သည့် လျော်ကြေးရရှိရေးတို့ အပါအဝင် နစ်နာမှုများအား ထုတ်ဖော်ဆန္ဒပြပွဲများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

မြန်မာ့ နယ်စပ်လုံခြုံရေးကို ဘင်္ဂလားဒေရှ့် အခြေစိုက် အဖွဲ့အစည်းတွေ ခြိမ်းခြောက်

မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်မှာ တည်ငြိမ်မှု မရှိအောင် ဘင်္ဂလားဒေရှ့် အခြေစိုက် ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေက ခြိမ်းခြောက်နေတယ်လို့ မောင်တောခရိုင် အခြေစိုက် နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး အောင်နိုင်ဦးက RFA ကို ဒီကနေ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဲဒီလိုမျိုး ခြိမ်းခြောက်မှုတွေကို Rohingya Solidarity Organization(RSO)၊ Arakan Rohingya National Organization(ARNO) တို့လို အဖွဲ့အစည်းတွေက လုပ်ဆောင်နေတာ ဖြစ်ပြီး၊ ဒီနှစ်အတွင်းမှာ အဲဒီလို အဖွဲ့အစည်းတွေရဲ့ သတ်ဖြတ်မှုကိုခံရတဲ့ မြန်မာနိုင်ငံသား တစ်ဦးရှိပြီး၊ နှစ်ဦးကတော့
ယခုအချိန်ထိ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံတကာက ရိုဟင်ဂျာ အဖွဲ့အစည်းတွေ စွပ်စွဲသလို နစကတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာ အမျိုးသမီးတွေကို အတင်းအဓမ္မ ပြုကျင့်တာတွေ မရှိကြောင်း နစက တပ်ဖွဲ့ အကြီးအကဲက အခုလို ငြင်းဆိုပါတယ်။
“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တိုင်ကြားလို့ ကျွန်တော်တို့ဆီမှာ ခုံရုံးဖွဲ့ပြီး၊ စုံစမ်း စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်၊ ဘာတွေ့လဲဆိုတော့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက တစ်ချို့ ရာဇဝတ်မှုတွေမှာ တရားခံ
ဖမ်းဆီးရေးကို ရွာတွေမှာ ဝင်ရောက်လှုပ်ရှားတယ်၊ ကင်းပုန်းဝပ်တယ်၊ စောင့်ဆိုင်းတယ်၊ လျှက်တပြက်
ရှာဖွေတယ်၊ အဲဒါတွေကို ရပ်တန့်သွားစေချင်လို့  သူတို့ဘက်က ဒီလိုတုံ့ပြန်တာတွေ ဝါဒဖြန့်တာတွေ တွေ့ရပါတယ်။”
ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဘင်္ဂလားဒေရှ့်နယ်မြေအတွင်းမှာ အခြေစိုက် လှုပ်ရှားတာတွေရှိတယ်လို့ ဘင်္ဂလားဒေရှ့်နဲ့မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ နှစ်ခုကြား ပြုလုပ်တဲ့ အလံတင်အစည်းအဝေးတွေမှာ ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေက ဝန်ခံ ပြောကြားတာတွေ ရှိပါတယ်။
မြန်မာ- ဘင်္ဂလားဒေ့်ရှ်နယ်စပ် ဒေသလုံခြုံရေး၊ တည်ငြိမ်ရေး နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ မောင်းတောခရိုင်အခြေစိုက် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲမှုဌာနချုပ် နစကတပ်ဖွဲ့ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်နိုင်ဦးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
RFA

မြန်မာအစ္စလာမ်ဘာသာအဖွဲ့များက ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည်ဆိုသည့်ေ ကြညာချက်ကိုလက်မခံနိုင်ကြောင်း ထုတ်ပြန်

ပြီးခဲ့သည့်ရက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံရှိ အကျဉ်းချခံထားရသူ တာလီဘန်ခေါင်းဆောင် ၏ မြန်မာနိုင်ငံ အပေါ် ဂျီဟတ်စစ်ပွဲ ဆင်နွှဲသွားမည်ဆိုသည့်ကြေညာချက်ကိုလက် မခံနိုင်ကြောင်း မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး(၄)ဖွဲ့၏ လက်မှတ် ထိုးဖြင့် ယမန်နေ့ကထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါကြေညာချက်တွင် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှုများတွင်အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် နှင့် သာသနိကအဆောက်အဦးများ ၊ ဗလီဝတ်ကျောင်းတော်များ ပျက်စီးဆုံးရှုံးခဲ့မှု အပေါ် ပြည်တွင်းနှင့် နိုင်ငံတကာမှ စာနာ ထောက်ထား သူများကိုကျေးဇူးတင်ကြောင်းနှင့် ၊ ပြည်တွင်းရှိ ညီနောင်ဗုဒဘာသာဝင်များအပေါ်ဆန့်ကျင်တိုက်ခိုက်ရန် လှုံ့ဆော်မှုများကို လုံးဝလက်မခံကြောင်းဖေါ်ပြ ထားသည်။
အစ္စလာမ်ဘာသာရေးအဖွဲ့(၄)ဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် အကြမ်းဖက်မှုများကြောင့် ပျက်စီးဆုံးရှုံးမှု များကို နိုင်ငံတော် မှ ကမကထပြု၍ ပြန်လည်ပြုပြင်ပေးရန် ၊ လူသားချင်း စာနာသည့် အကူအညီများ အလျှင် အမြန်ပြုလုပ်ပေးရန် ၊ အကြမ်းဖက်မှုများ နောက်ထပ်မဖြစ်ပေါ်လာစေရန်အတွက် အကြမ်းဖက်သူ များအား ဖမ်းဆည်းအရေးယူရန် ၊ နောက်ကွယ်မှ ကြိုးကိုင် သူများအား ဖေါ်ထုတ် အရေးယူ ရန် တောင်း ဆိုထားသည့်အချက်များအပါအ၀င် အချက်(၃)ချက်ဖြင့် ထုတ်ပြန်ခဲ့ သည်။

" အဲဒီကြေညာချက်ထုတ်တဲ့အဖွဲ့အစည်းတွေနဲ့ ကျနော်တို့နဲ့ ဘယ်လိုမှမပတ်သတ်ဘူးဆိုတာကို အာဏာပိုင်တွေရော ဗုဒ ဘာသာဝင်တွေရော သိစေချင်ပါတယ် ၊ ကျနော်တို့တွေ အကြိမ်ကြိမ်ခံစားနေရ သလို ကျနော်တို့ကို အကာအကွယ်ပေးတဲ့ ထဲမှာ ဗုဒဘာသာဆရာတော်ကြီးတွေလဲပါဝင်ပါတယ် " ဟု ရန်ကုန်မြို့ရှိ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတစ်ခုဖြစ်သည့် မြန်မာနိုင်ငံအိုလမာ သာသနာ့ ပညာရှင်များ အဖွဲ့မှ တာဝန်ရှိသူကပြောသည်။

နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာသည့်အကူအညီများကို အလျှင်အမြန်လုပ်ပေးသွားမည် ဟုမျှော်လင့်ကြောင်း ၊ နောက်နောင် အကြမ်းဖက်မှုများမဖြစ်ပွားလာရန်အတွက် နိုင်ငံတော်မှ အကာ အကွယ်များ ပေးသွားရန် လိုအပ်ကြောင်းကို တစ်ဆက်တည်းပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမတ္တဦးသိန်းစိန်၏ မေလ(၆)ရက်နေ့ကပြောကြားခဲ့သောမိန့်ခွန်းတွင် လက်ရှိ ကြုံတွေ့နေ ရသော ပြသနာများကို ဖြေရှင်းရာတွင် တစ်ဖက်နှင့်တစ်ဖက် အပစ်တင်ခြင်းများကို ရပ်တန့်ပြီး လက်ရှိအခြေအနေကို လက်တွေ့ကြ သည့်နည်းလမ်းနှင့် ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သည့် လူ့အဖွဲ့အစည်းပေါ်ပေါက်ရန် အချိန်ကြပြီဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့် သွင်းပြောကြားသည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများဖြစ်ပြီးနောက်ပိုင်းတွင် မထ္တီလာ ၊ ပဲခူးအရှေ့ ဖက်ခြမ်း ဒေသများ ၊ ဥက္ကံ မြို့များတွင် အရေးအခင်းများ ရက်ပိုင်းဆက်တိုက်ပေါ်ပေါက်ခဲ့ကာ အရေးပေါ် အခြေအနေများ ကြေညာခဲ့သည်အထိ ရောက်ခဲ့ရပြီ လူသေဆုံးမှုများရှိခဲ့ကြောင်း မီဒီယာများကဖေါ်ပြ ခဲ့ကြသည်။

မင်းမင်းလတ်- မန္တလေး (မြစ်မခ)

အသံ ထက် ငါးဆမြန်သော လေ ယာဉ် အမေ ရိကန်တို့ တီ ထွင်အောင်မြင်

Boeing X-51 လို့ အမည်ပေးထားတဲ့ လေယာဉ် ဖြစ်ပြီး ၂၀၁၀ ခုနှစ် မေလ ကတည်းက စမ်းသပ်လာတာ ယခု နောက်ဆုံး စံချိန်တင်နိုင်မှု ကတော့ တစ်နာရီ မိုင် ၄၀၀၀ ပဲ ဖြစ်ပါတယ်။ ကုန်းပေါ်က တစ်နာရီမိုင် ၂၆၀ ပြေးတဲ့ ကားတောင် ကမ္ဘာ့အမြန်ဆုံး မြေပေါ် သွားကားလို့ သတ်မှတ် ထားတာ။ လေထဲမှာ တစ်နာရီ မိုင် ၄၀၀၀ နဲ့သွားရင် မြင်တောင် မြင်လိုက်ရမှာ မဟုတ်ပါဘူး။ မျက်စိ တစ်မိတ် အတွင်းကို Boeing X-51 အစီး ၅၀ အစဉ်လိုက်ဖြတ်ပြန် သွားရင်တောင် မြင်ရဖို့ ခဲနိုင်ပါတယ်။

စုစုပေါင်း ၄ စီးရှိပြီဖြစ်ပြီး နောက်ဆုံးအစီးမှာ အောင်မြင်သွားတာပါ။ အမြင့်ပေ ၅သောင်းကနေပြန်သန်းပြီး အသံထက် စံချိန်ချိုးနိုင်ခဲ့ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်နဲ့ နာဆာတို့ ပူးပေါင်းဖန်တီးထားတဲ့ လေ ယာဉ် ဖြစ်ပါတယ်။ လူမပါပါဘူး။ လူမဲ့လေယာဉ် ဖြစ်ပြီး စွယ်စုံ အသုံးပြုမှာ ဖြစ်ပါတယ်။

အရွယ်အစားလည်း ကြီးတဲ့အတွက် အာကသစခန်းပို့တာမျိုး၊ တိုက်ခိုက်ရေးမှာ အသုံးပြုတာမျိုး တို့ ပြုလုပ် ပါ။ ပစ်လွတ်လိုက်တဲ့ ဒုံးကျည်ထက်တောင် သူက အများကြီးမြန်နေပါတယ်။ မြေပြင်ထိန်းချုပ်ရေး အဖွဲ့ က အရေးကြီး ပါတယ်။

Boeing X-51 တစ်စီး ရဲ့  ကာလတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိကြောင်း သိရပါတယ်။

မိတ္ထီလာ သံဃာသတ်ဖြတ်မှု သံသယရှိသူတွေကို ရုံးထုတ်စစ်ဆေး


ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့တွင်းမှာ ပဋိပက္ခဖြစ်ပွားနေချိန် သံဃာတော်တစ်ပါး အသတ်ခံရမှုမှာ ပါဝင်သူတွေလို့ သံသယရှိသူ ၇ ဦးကို မနေ့က ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပြီး စွဲချက်တင်ခဲ့ပါတယ်။

တရားခံ ၇ ဦးထဲက ၁ ဦးဟာ အသက် ၁၆ နှစ် မပြည့်သေးတဲ့အတွက် သူ့ကိုကလေးသူငယ်တရားရုံးကို လွှဲပြောင်းလိုက်ပြီး ကျန်တဲ့သူတွေကိုတော့ တရားရုံးမှာ စွဲချက်တင်လိုက်တယ်လို့ အဲဒီအမှုမှာ စွဲချက်တင်ခံ ထားရသူတချို့ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသိန်းသန်းဦးက အခုလိုပြောပါတယ်။

"တရားခံ ၇ ယောက်မှာ တစ်ယောက်က အသက် ၁၆ နှစ်မပြည့်ဘူးဆိုတော့ စွဲချက်မတင်ခင်မှာ အမှုကိုပြန်လည်ရုပ်သိမ်းပြီးတော့ ကလေးသူငယ်တရားရုံးကို လွဲပြောင်းပေးခဲ့တယ်၊ ကျန်တဲ့ ၆ ယောက် ထဲမှာ ၁ ဦးကို ပုဒ်မ ၁၄၄ လူစုလူဝေးမှာပါဝင်မှု၊ ၂၉၅ (က) သာသနာညိုးနွမ်းစေမှုစတဲ့ ပြစ်မှု ၃ ခုနဲ့ တရားစွဲထားပြီးတော့ ကျန်တဲ့ ၅ ယောက်ကိုတော့ ခုနကလို ၁၄၄၊ ၂၉၅ (က)တွေနဲ့ စွဲချက် တင်လိုက် တယ်၊ ကျွန်တော်တို့က သက်သေထွက်ချက်အရပေါ့နော်၊ သက်သေတစ်ယောက်ပဲ အဲ့မှာရှိနေတယ်၊ အဲ့ဒီ ထွက်ချက်အရ တရားရုံးက စွဲမှာပဲ၊ ကိုယ်ကအခိုင်အမာရှင်းပြနိုင်ရင် လွတ်မှာပဲလေ"

အဲဒီအမှုမှာ အပြစ်မရှိပဲ အရေးယူခံထားရသူတွေလည်း ပါတယ်လို့ ဆွေမျိုးသားချင်းတွေ က ပြောပေ မယ့် ရှေ့နေ ဦးသိန်းသန်းဦးကတော့ မိတ္ထီလာခရိုင် တရားရုံးရဲ့ စစ်ဆေးချက်တွေဟာ တရားမျှတမှုရှိပြီး တရားခံအခွင့်အရေးတွေ အပြည့်အဝရရှိနေတယ်လို့ ပြောပါတယ်။

အခုစွဲချက်တင်ခံထားရသူ ၆ ဦးစလုံးဟာ ပြစ်မှုထင်ရှားရင် သေဒဏ်အထိကျခံရနိုင်ပြီး၊ အသက် မပြည့်သေးတဲ့ မောင်ညီညီနိုင်ကတော့ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် ကျခံရနိုင်တယ်လို့ သိရပါတယ်။

Thursday, May 02, 2013

နေပြည်တော်ကို အခြေပြုပြီး လေကြောင်းလိုင်းသစ်သုံးခု ထပ်တိုးရန်ရှိ

Photo: နေပြည်တော်ကို အခြေပြုပြီး လေကြောင်းလိုင်းသစ်သုံးခု ထပ်တိုးရန်ရှိ

မေလ ၂ ရက် ၂၀၁၃

နိုင်ငံသားပိုင် ပြည်တွင်းအခြေပြု လေကြောင်းလိုင်းသုံးခု ထပ်မံထွက်ပေါ်လာရန် ရှိနေသည်ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ သိရပြီး ၎င်းသုံးခုစလုံးမှာ နေပြည်တော်လေဆိပ်ကို အခြေပြု ပြေးဆွဲရမည်ဟု ၂၅-၄-၂၀၃ ရက်က သိရသည်။

 နေပြည်တော် လေဆိပ်သစ်ကြီးကို ပြည်တွင်းလေကြောင်းများ ပျံသန်းမှု အားနည်းနေပြီး ယခုတစ်ကြိမ်တွင် ပြည်တွင်းလေကြောင်းလိုင်း သုံးခုစလုံး အနေဖြင့် ထပ်ဆင့် တင်ပြချက် ပြုလုပ်ရဦးမည်ဖြစ်ကာ နေပြည်တော် လေဆိပ်တွင် ဆင်းသက်စေရေး အတွက်ကိုမူ စဉ်းစား တွက်ဆစရာ ဖြစ်နေသည်ဟု သိရသည်။ “FMI ရယ်၊ Apex ရယ်၊ MAS (Myanmar Aviation Service) တို့ သုံးခုပါပဲ။ သူတို့က ခွင့်ပြုချက်ကို တင်ပြီးတော့ စောင့်နေတာ။

 နေပြည်တော်လေဆိပ်မှာ ဆင်းရမယ့် ကိစ္စကိုလည်း သူတို့ပြန်တွက်နေကြတယ်” ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။ နေပြည်တော် အခြေပြုပြီး ပျံသန်းစေမည်ဖြစ်သော အဆိုပါ လေယာဉ်များကို အစောပိုင်း Promotion များအဖြစ် အခွန်ကောက်ခံမှု လျှော့ချပေးခြင်းနှင့် အခြားသော ဖြေလျှော့ပေးသည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်ပေးနေသည်ဟု သိရသည်။ 

“ဝန်ကြီးဌာနဘက်က သူတို့ကို မှာထားတာ ရှိတယ်။ နေပြည်တော်ကို ပျံသန်းစေချင်တယ်။ ဖြစ်နိုင်ရင် ပြန်ပြီးစာရင်းပေးဖို့ ပြောထားတယ်။ သူတို့ဘက်က ပြန်တင်ရင် စိစစ်ပြီး ချပေးမှာပါ” ဟု ယင်းက ဆက်လက်ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

ခေတ်လူငယ်နိုင်ငံသားပိုင် ပြည်တွင်းအခြေပြု လေကြောင်းလိုင်းသုံးခု ထပ်မံ ထွက်ပေါ်လာရန် ရှိနေသည်ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ သိရပြီး ၎င်းသုံးခုစလုံးမှာ နေပြည်တော်လေဆိပ်ကို အခြေပြု ပြေး ဆွဲရမည်ဟု ၂၅-၄-၂၀၃ ရက်က သိရသည်။
နေပြည်တော် လေဆိပ်သစ်ကြီးကို ပြည်တွင်းလေကြောင်းများ ပျံသန်းမှု အားနည်းနေပြီး ယခုတစ်ကြိမ်တွင် ပြည်တွင်းလေကြောင်းလိုင်း သုံး ခုစလုံး အနေဖြင့် ထပ်ဆင့် တင်ပြ ချက် ပြုလုပ်ရဦး မည်ဖြစ်

လျှပ်စစ်မီး ပိုမို ရရှိရေးနှင့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်း များကို စတင် အကောင် အထည် ဖော်နေပြီဖြစ်

Photo: လျှပ်စစ်မီး ပိုမို ရရှိရေးနှင့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်း များကို စတင် အကောင် အထည် ဖော်နေပြီဖြစ်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တစ်ဝန်းရှိ မိဘ ပြည်သူများသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း -
(၂-၅-၂ဝ၁၃)

မိဘ ပြည်သူများ ခင်ဗျား-
ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိ အခြေအနေ များကို မိဘပြည်သူ များထံ ရေဒီယို ကနေ တစ်ဆင့် အသိပေး ပြောကြားနေကျ ဖြစ်တဲ့အတိုင်း ဧပြီလအတွင်း မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လ အတွင်းမှာ ကျွန်တော့် အနေနဲ့ နယူးဇီလန် နိုင်ငံ၊ သြစတြေးလျ နိုင်ငံနဲ့ ဥရောပ နိုင်ငံများကို ချစ်ကြည်ရေး ခရီးစဉ်များ သွားရောက် ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ အခုလို ချစ်ကြည်ရေး ခရီးစဉ်များ သွားရောက် ရခြင်းဟာ နိုင်ငံတကာနဲ့  ဆက်ဆံရေး တိုးတက် လာစေဖို့ သာမက  ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေဟာ ကျွန်တော်တို့ နိုင်ငံကို နားလည်လာဖို့၊ ကျွန်တော်တို့ နိုင်ငံ အတွက် လိုအပ်နေတဲ့ နယ်ပယ်စုံ၊ ကဏ္ဍစုံမှာ ပူးပေါင်း  ပါဝင်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ သွားရောက် ခဲ့တာပဲ ဖြစ်ပါတယ်။ အခု ခရီးစဉ်မှာ နယူးဇီလန်နိုင်ငံ၊ သြစတြေးလျ နိုင်ငံ၊ ဥရောပ နိုင်ငံတွေနဲ့ မိတ်ဆွေ များအဖြစ် နည်းပညာ ဆိုင်ရာ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက် ရေးနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍစုံမှာ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးညှိနှိုင်း နိုင်ခဲ့တယ်ဆိုတဲ့ အကြောင်း မိဘ ပြည်သူများကို ဝမ်းမြောက်စွာ အသိပေး ပြောကြား လိုပါတယ်။
နိုင်ငံတကာနဲ့ ယခုလို ခင်မင် ရင်းနှီးစွာ ကူးလူး ဆက်ဆံခြင်း အားဖြင့် မြန်မာ နိုင်ငံသားများ အတွက် ပိုမို အကျိုးရှိ လာစေဖို့၊ 

Read more >>http://bit.ly/YfGIGPပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တစ်ဝန်းရှိ မိဘ ပြည်သူများသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း -
(၂-၅-၂ဝ၁၃)
မိဘ ပြည်သူများ ခင်ဗျား-
ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိ အခြေအနေ များကို မိဘပြည်သူ များထံ ရေဒီယို ကနေ တစ်ဆင့် အသိပေး ပြောကြားနေကျ ဖြစ်တဲ့အတိုင်း ဧပြီလ အတွင်း မြန် မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။

ရခိုင်စုံစမ်းရေးကော်မရှင် အကြံပြုချက် အမြန်ဆောင်ရွက်ဖို့ Quintana တိုက်တွန်း

Photo: ရခိုင်စုံစမ်းရေးကော်မရှင် အကြံပြုချက် အမြန်ဆောင်ရွက်ဖို့ Quintana တိုက်တွန်း 

မေလ ၂ ရက် ၂၀၁၃

မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ်မှာ အစိုးရအနေနဲ့ အရေးယူ လိုက်နာဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) က တိုက်တွန်းပါတယ်။
 
အထူးသဖြင့်တော့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်တဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။ မစ္စတာကင်တားနားနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။
 
ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ထွက်လာခဲ့ပြီးတဲ့နောက်၊ အစီရင်ခံစာပါ အကြံပြုချက်တွေကို ပြန်လည်သုံးသပ်ပြီးတော့ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားက မနေ့က သူ့ရဲ့ အမြင်တွေကို ထုတ်ပြန်ခဲ့တာပါ။ အစီရင်ခံစာပါ အကြံပြုချက်တွေကို သူ ကြိုဆိုလိုက်ပြီး၊ ဒီအပေါ်မှာ အစိုးရအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ မစ္စတာ ကင်တာနား က တိုက်တွန်းပါတယ်။ 
 
အထူးသဖြင့်တော့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေအတွင်းမှာ ပြည်နယ် တာဝန်ရှိသူတွေ ကိုယ်တိုင်က မူဆလင် လူမှုအသိုင်းအ၀ိုင်းကို ပစ်မှတ်ထားပြီး လူ့အခွင့်အရေး ကျူးလွန်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ သူ ရရှိထားတယ်လို့ ပြောပါတယ်။ ဒါကြောင့် အာဏာပိုင်တွေ တာဝန်ရှိသူတွေရဲ့ လုပ်ရပ်ကို အရေးယူဖို့ အရေးကြီးတယ်လို့ မစ္စတာ ကင်တာနား က ထောက်ပြပါတယ်။
 
“အစီရင်ခံစာပါ အကြံပြုချက်တွေက အပြုသဘော ဆောင်ပါတယ်။ ဒါတွေကို အစိုးရက လက်တွေ့ အကောင်အထည်ဖော်ရမှာပါ။ တချိန်တည်းမှာပဲ ကျနော် စိုးရိမ်မိတာကတော့ အာဏာပိုင်တွေရဲ့ တာဝန်ရှိမှု၊ ကျူးလွန်မှုတွေကို ဥပဒေ ကင်းလွတ်ခွင့် ပေးတာတွေ မဖြစ်စေဖို့ အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ပါ။ ဒီဖြစ်ရပ်ကြောင့် လူတွေအများကြီး သေဆုံးခဲ့သလို၊ အဖမ်းခံထားရတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူနိုင်မယ့် အခြေအနေမျိုး ဖန်တီးလုပ်ဆောင်ဖို့ လိုပါတယ်။”
 
အကြံပြုချက်တွေထဲမှာ စိုးရိမ်စရာ အခြေအနေတွေကိုလည်း သူက ထောက်ပြပါတယ်။ အဓိကအချက်ကတော့ ရခိုင်နဲ့ ရိုဟင်ဂျာ လူမှုအသိုင်းအ၀ိုင်းနှစ်ခုကို ခွဲထားဖို့ ဆိုတဲ့ကိစ္စပါ။ အဲ့ဒီဒေသတွင်းက မူဆလင်တွေ လွတ်လွတ်လပ်လပ် သွားလာခွင့်တွေကို ကန့်သတ်ထားတုန်းပဲလို့ မစ္စတာ ကင်တာနား က မြင်ပါတယ်။
 
မူဆလင်တွေကိုထားတဲ့ ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေဟာ ဆိုးရွားနေတာကြောင့် အလျင်အမြန်ပဲ ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ မစ္စတာ ကင်တာနား က ယူဆပါတယ်။
 
“အန္တရာယ်ကြီးတာကတော့ မြန်မာနိုင်ငံမှာ ဒီမူဝါဒကို ကျင့်သုံးလာပြီးရင်တော့ လူမှု အသိုင်းအ၀ိုင်းတွေအကြား ပြန်လည် သင့်မြတ်ရေးနဲ့ လူအဖွဲ့အစည်းမှာ သဟဇာတ ဖြစ်အောင် လုပ်ဆောင်ဖို့ လုပ်မရတဲ့ အခြေအနေပါ။ ဒါဟာ ပြဿနာပါ။ လူသား ရပ်တည်မှုဆိုင်ရာ အကြပ်အတည်း ကြုံနေရတာတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ စိုးရိမ်ရပါတယ်။ ရခိုင်မှာရှိတဲ့ အဲ့ဒီက ဒုက္ခသည်စခန်းတွေကို ကျနော်ရောက်ခဲ့ပါတယ်။ အခုဆို မိုးရာသီလာတော့မယ်။ ကော်မရှင်ရဲ့ အကြံပြုချက်မှာတော့ လူသားရပ်တည်မှု အကြပ်အတည်း ပြဿနာရှိတယ် ဆိုတာ ထောက်ပြထားပါတယ်။ ဒါပေမဲ့ ဒီပြဿနာကို အရေးတကြီး အလျင်အမြန် ကိုင်တွယ်ဖြေရှင်းဖို့ လိုနေပါပြီ။”
 
အစိုးရ အာဏာပိုင်တွေအနေနဲ့  ဒီလူမှုအသိုင်းအ၀ိုင်းနှစ်ခု ပြန်လည်ပေါင်းစည်းနိုင်ဖို့ အစီအစဉ်တွေ ချမှတ်ပြီး၊ ဒုက္ခသည်တွေကို ပြန်လည်နေရာချဖို့ စီစဉ်ဆောင်ရွက်ဖို့လည်း မစ္စတာ ကင်တာနား က တိုက်တွန်းခဲ့ပါတယ်။ မစ္စတာ ကင်တာနား ဟာ ကော်မရှင်ရဲ့ အစီရင်ခံစာ တခုလုံးကိုတော့ ဖတ်ရသေးတာ မဟုတ်ပါဘူး။ ဘာသာပြန် ရရှိထားတဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ်မှာ သူ့သုံးသပ်ချက်ကို ထုတ်ပြန်တာလို့ ပြောပါတယ်။
 
“ကျနော်ရဲ့ အခုထုတ်ပြန်ချက်က ကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ်မှာပဲ သုံးသပ်ထားတာပါ။ ဒါကြောင့် အစီရင်ခံစာ တခုလုံးကို ဘာသာပြန်ပြီး ဖတ်ရှုဖို့ လိုပါတယ်။”
 
ဒီအစီရင်ခံစာ တခုလုံးမှာ ဘင်္ဂါလီဆိုပြီး အသုံးအနှုန်းကိုပဲ သုံးစွဲတာကြောင့် လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ဝေဖန်မှုတော့ ရှိပါတယ်။ မစ္စတာ ကင်တာနား ကတော့ ဒီ အသုံးအနှုန်းကိစ္စထက် အစီရင်ခံစာပါ အနှစ်သာရတွေက ပိုပြီး အရေးကြီးမယ်လို့ ယူဆပါတယ်။ 
 
“ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ ဖွဲ့စည်းပုံထဲမှာ မပါဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလူမှုအသိုင်းအ၀ိုင်းဟာ မြန်မာနိုင်ငံမှာ ရှိတာပါ။ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ သုံးပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာကိုတော့ အသိအမှတ် ပြုသင့်တာပေါ့။ ဒါပေမဲ့လည်း ဒီအစီရင်ခံစာနဲ့ အကြံပြုချက်ရဲ့ အနှစ်သာရ ပို အရေးကြီးပါတယ်။”
 
မြန်မာလို အစီရင်ခံစာထဲမှာတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက်လို့ သုံးသင့် မသင့် အကျယ့်တ၀င့် ရှင်းထားတာ ပါဝင်ပါတယ်။ မစ္စတာ ကင်တာနား ကတော့ ရခိုင်ဒေသမှာရှိတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို ခွဲခြားဆက်ဆံမှုဟာ လူမှုအသိုင်းအ၀ိုင်း နှစ်ခုအကြား အကြမ်းဖက်မှုတွေ ဖြစ်စေတဲ့ အကြောင်းတရပ် ဖြစ်တယ်ဆိုပြီး ထောက်ပြခဲ့ပါတယ်။
 
ဒါကြောင့်လည်း နိုင်ငံမဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာ အရေအတွက် ၈ သိန်းဟာ ခွဲခြားဆက်ဆံခံရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရင်ဆိုင်နေရတယ်လို့ ထောက်ပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်နဲ့ အောက်တိုဘာလအတွင်းက အကြမ်းဖက်မှုတွေကြောင့် လူ ၂၀၀ နီးပါး သေဆုံးခဲ့ပြီး၊ ဒီအခြေအနေတွေကို စုံစမ်းဖို့ သမ္မတ ဦးသိန်းစိန် က ၂၇ ဦးပါ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့တာပါ။

VOAမြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်း ဖက် မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေ အပေါ်မှာ အစိုးရအနေနဲ့ အရေးယူ လိုက်နာဆောင် ရွက်ပေး ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana)

ဆီးရီးယားအတိုက်အခံကိုလက်နက်ပေးဖို့ အိုဘားမားစဉ်းစား

Photo: ဆီးရီးယားအတိုက်အခံကိုလက်နက်ပေးဖို့ အိုဘားမားစဉ်းစား 

မေလ ၂ ရက် ၂၀၁၃

ဆီးရီးယားအတိုက်အခံ သူပုန်တွေကို လက်နက်ထောက်ပံ့ဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က စဉ်းစားနေပါတယ်။ အရင်တုန်းကတော့ အနောက်နိုင်ငံတွေကို ဆန့်ကျင်တဲ့ သူပုန်တွေရဲ့ လက်ထဲကို လက်နက်တွေ ရောက်ရှိသွားမှာ စိုးတဲ့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ အခုလို လက်နက်ထောက်ပံ့ဖို့ မစဉ်းစားခဲ့ပါဘူး။
 
အိုဘားမား အနေနဲ့ ဆီရီးယား အတိုက်အခံ သူပုန်တွေကို လက်နက်ထောက်ပံ့ဖို့ စဉ်းစားပေမယ့်၊ ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ အိမ်ဖြူတော် အရာရှိတွေက ပြောပါတယ်။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စု အနေနဲ့ ဆီးရီးယား သူပုန်တွေကို အထောက်အပံ့တွေ တိုးမြှင့်ပြီး ပေးသွားဖို့ သမ္မတ အိုဘားမားက သူ့ရဲ့ နိုင်ငံတော် လုံခြုံရေးအဖွဲ့ကို ပြောထားပြီးသွားပြီလို့ အိမ်ဖြူတော် အရာရှိတွေ ကပြောပါတယ်။
 
အခုထိတော့ အမေရိကန် ပြည်ထောင်စုက ဆီးရီးယား အတိုက်အခံတွေကို ပေးနေတဲ့အကူအညီတွေထဲမှာ လူကိုသေစေနိုင်တဲ့ ပစ္စည်းအထောက်အပံ့တော့ မပါသေးပါဘူး။ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အမေရိကန် ပြည်ထောင်စုက ဆီးရီးယား အတိုက်အခံတွေအတွက် အထောက်အပံ့တွေ တိုးမြှင့်ပေးထားပြီးသား ဖြစ်တယ်လို့ ဖော်ပြထားကြောင်း အမျိုးသားလုံခြုံရေး ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကစ်လင်း ဟေဒန် (Caitlin Hayden) ကပြောပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ အထောက် အပံ့ဟာ ဆီးရီးယားနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ပြေလည်စေဖို့ ရည်ရွယ်ပြီး ထောက်ပံ့ပေးတာ ဖြစ်တယ်လို့ အိမ်ဖြူတော် အရာရှိတွေကပြောပါတယ်။ ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်လာခဲ့တာဟာ အခုဆိုရင် ၂ နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။
 
ဆီးရီးယား သမ္မတ ဘရှာ အယ်လ်အာဆတ် (Bashar al-Assad) အစိုးရအပေါ် ပြင်းပြင်ထန်ထန် အရေးယူမှုတွေ မလုပ်ခင်မှာပဲ ဆီးရီးယားနိုင်ငံတွင်း ဓာတုလက်နက်တွေ သုံးနေတာနဲ့ ပက်သက်လို့ အချက်အလက်တွေ ထပ်ပြီး လိုအပ်နေသေးတယ်လို့ အင်္ဂါနေ့က ပြုလုပ်တဲ့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမား ကပြောသွားပါတယ်။ 

VOAဆီးရီးယားအတိုက်အခံ သူပုန်တွေကို လက်နက်ထောက်ပံ့ဖို့ အမေရိ ကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က စဉ်းစားနေပါ တယ်။ အရင်တုန်းကတော့ အနောက်နိုင်ငံတွေကို ဆန့်ကျင်တဲ့ သူပုန်တွေရဲ့ လက်ထဲကို လက်နက်တွေ ရောက်ရှိသွားမှာ စိုးတဲ့ အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ အခုလို လက်နက်ထောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော ၂ဝ၁၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်း အနား သဝဏ်လွှာ

Photo: ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ
သရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော ၂ဝ၁၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်း
အနား သဝဏ်လွှာ
Wednesday, 01 May 2013 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ
သရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော ၂ဝ၁၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်းအနား သဝဏ်လွှာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား- 

ယနေ့အခါသမယသည် ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားကြီးများအား အလေးအနက် ဂုဏ်ပြုသတ်မှတ် ထားရှိသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဖြစ်ပါသည်။ ယခုကဲ့သို့ ရက်မြတ်မင်္ဂလာအချိန်အခါတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အလုပ်သမားကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်း ဆက်သအပ်ပါသည်။ 

မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်မှာ နှစ်နှစ်ကျော် ကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်ပြီး ဤကာလအတွင်း လိုအပ်သည့် ပြုပြင် ပြောင်းလဲမှုများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။ 

ဤပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးတွင် နိုင်ငံတော်၏ အဓိက
အင်အားစုဖြစ်သော အလုပ်သမားထုကြီး၏ စုစည်းညီညွတ်စွာ ကြိုးစားအားထုတ်မှုသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ထိုသို့ ကြိုးပမ်းအားထုတ်ခြင်းဖြင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား တိုးတက်လာမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း အလုပ်သမားကြီး များ၏ ဝင်ငွေမြင့်မားလာမှုနှင့်အတူ လူနေမှုအဆင့်အတန်းလည်း တိုးတက်လာပြီး နိုင်ငံသားတို့၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက်လည်း အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။ 

နိုင်ငံတော်အနေဖြင့်လည်း အလုပ်သမား အခွင့်အရေးများ၊ အကျိုးခံစား
ခွင့်များ၊ အကာအကွယ်ပေးမှုများကို နိုင်ငံတကာ စာချုပ်စာတမ်းများနှင့် လိုက်လျောညီထွေ အပြည့်အဝ ရရှိစေရေးအတွက် ခေတ်စနစ်နှင့် ကိုက်ညီခြင်း မရှိသည့် တည်ဆဲဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များကို ပယ်ဖျက်ခဲ့ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်၊ အသစ်ရေးဆွဲ သင့်သည်များ ရေးဆွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ 

ယခုအခါ အလုပ်ရှင်နှင့် အလုပ်သမားအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းခွင် ဆက်ဆံရေး ကောင်းမွန်စေပြီး ကုန်ထုတ်စွမ်းအား တိုးတက်မှုရှိလာစေရန် ရည်ရွယ်၍ အလုပ်သမား အဖွဲ့အစည်း ဥပဒေနှင့် နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီး အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခဲ့ရာ အလုပ်ရှင်နှင့် အလုပ်သမား အဖွဲ့အစည်းပေါင်း ၄၉၅ ဖွဲ့ ဖွဲ့စည်းပြီး ဖြစ်ပါသည်။ အချို့လုပ်ငန်းများတွင် မြို့နယ်အဆင့်အထိ တိုးမြှင့်ဖွဲ့
စည်းနိုင်ခဲ့ပြီး အချို့အဖွဲ့အစည်းများကို အဖွဲ့ချုပ်အဆင့်အထိ ဖွဲ့စည်းပြီးဖြစ်ပါသည်။ 

အလုပ်သမားများအနေဖြင့် သင့်တင့်ကောင်းမွန်သော အလုပ်အကိုင် ရရှိရေးတွင် အဓိကကျသော အဓမ္မ ခိုင်းစေမှုပပျောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရပ်ကွက် သို့မဟုတ်
 ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို အိုင်အယ်လ်အို အဓမ္မခိုင်းစေမှု
ဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ်-၂၉ နှင့်အညီ ပြဋ္ဌာန်းခဲ့ပြီး လက်တွေ့ကျင့်
သုံးမှုကို ထိရောက်စေရန် နိုင်ငံတစ်ဝန်း အသိပညာပေးမှုများ ဆောင်ရွက်
လျက်ရှိပါသည်။ 

ထို့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့နှင့် ပူးပေါင်း၍ ၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အဓမ္မ ခိုင်းစေမှု လုံးဝပပျောက်ရေး လုပ်ငန်းစီမံချက်ကိုလည်း ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်
ရှိရာ ၂ဝ၁၅ ခုနှစ် သို့မဟုတ် ထိုကာလထက် စော၍ အဓမ္မခိုင်းစေမှု လုံးဝပပျောက်သွားမည်ဟု ယုံကြည်ပါသည်။ 

အဓမ္မခိုင်းစေမှု ပုံစံတစ်မျိုးဖြစ်သည့် ကလေးသူငယ် အလုပ်သမားများအား အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်း ဆိုင်ရာ အိုင်အယ်လ်အို ပြဋ္ဌာန်းချက် အမှတ်(၁၈၂)အား လက်ခံကျင့်သုံးရေး အတွက်လည်း ဆောင်ရွက်လျက် ရှိပါသည်။ 

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား- 

နိုင်ငံတော်အနေဖြင့် အလုပ်သမားများ၏ အခွင့်အရေးများကို ပိုမိုကာ
ကွယ်ပေးနိုင် စေရန်အတွက် အနည်းဆုံး အခကြေးငွေ ဥပဒေနှင့် လူမှုဖူလုံရေးဥပဒေများကို လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး လိုအပ်သည့် နည်းဥပဒေများ ရေးဆွဲကာ လက်တွေ့ အကောင်
အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

မိမိတို့ အလုပ်သမားများ၏ အကျိုးစီးပွားနှင့် အလုပ်ရှင်များ၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ နှစ်ဦးနှစ်ဖက်မျှတသည့် အကာအကွယ်များ ရရှိစေရန် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါသည်။ အလုပ်သမားများ အနေဖြင့် မကြာမီ ကာလများတွင် အာဆီယံစီးပွားရေး အသိုက်အဝန်း အခြေပြမြေပုံ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အာဆီယံဒေသတွင်း ကျွမ်းကျင်အလုပ်သမားများ လွတ်လပ်စွာ ရွှေ့ပြောင်း
သွားလာမှု အစီအစဉ်အရ အလုပ်သမား ဈေးကွက်ယှဉ်ပြိုင်မှု ပိုမိုမြင့်မား လာတော့မည်ဖြစ်ပြီး ဒေသတွင်း၌သာမက နိုင်ငံတကာ အလုပ်သမားများနှင့် ယှဉ်ပြိုင်ရတော့မည် ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမည့် အခြေအနေပေါ်
မူတည်၍ ပေါ်ပေါက်လာမည့် အလုပ်အကိုင် အခွင့်အလမ်းများအား အပြည့်အဝ ဆုပ်ကိုင်နိုင်ရေး အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်မှုရှိစေရန် ပြင်ဆင်ထားကြရမည်ဖြစ်
ပါသည်။ 

နိုင်ငံတော်အနေဖြင့် အလုပ်သမားများ၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး
အတွက် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကိုလည်း မကြာမီ အတည်ပြုပြဋ္ဌာန်း နိုင်တော့မည်ဖြစ်ပြီး အလုပ်သမားများ၏ ကျွမ်းကျင်မှုကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ပါသည်။ 

ထို့ပြင် နိုင်ငံတော်အနေဖြင့် အလုပ်သမားများအတွက် ပြည်တွင်း၌သာမက ပြည်ပတွင်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်စေရန် ဆောင်
ရွက်ပေးလျက် ရှိပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုအဖွဲ့သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား များကို ထိရောက်စွာ အကာအကွယ်ပေးနိုင်စေရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။ 

မိမိတို့နိုင်ငံတွင်စုစုပေါင်းလူဦးရေ၏ ထက်ဝက်ခန့်သည် အလုပ်လုပ်နိုင်သော
လူဦးရေဖြစ်သဖြင့် အလုပ်သမား များ၏ လူနေမှုအဆင့်အတန်း မြင့်မား
မှသာ နိုင်ငံတော်လည်း တိုးတက်မည်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် အလုပ်သမားကြီးများ အတွက် အခွင့်အရေးနှင့် အကောင်းဆုံး အကာ
အကွယ်ပေးမှုများကို အတတ်နိုင်ဆုံး ကြိုးစားဆောင် ကြဉ်းပေးသွားမည်ဖြစ်
သကဲ့သို့ အလုပ်သမားကြီးများမှလည်း အလုပ်သမား အခွင့်အရေး များကို တောင်းဆိုရာတွင် ဥပဒေနှင့်အညီ လိုက်နာကျင့်သုံး ဆောင်
ရွက်ကြစေ လိုပါသည်။ 

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား- 

ယနေ့အချိန်အခါသည် အသွင်ကူးပြောင်းရေးကာလ ဖြစ်သကဲ့သို့ ပြန်လည် ထူထောင်ရေး ကာလလည်း ဖြစ်သည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုများ အောင်မြင်စေရန် ပြည်သူတစ်ရပ်လုံးအထူးသဖြင့် အလုပ်သမားထုကြီး တစ်ရပ်လုံးက မိမိတို့၏ လုပ်ငန်းတာဝန်များကို အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဒီမိုကရေစီစနစ်၏ အနှစ်သာရများကို အပြည့်အဝ ခံစားနိုင်စေရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ အလုပ်သမား၊ အလုပ်ရှင်သုံးပွင့်ဆိုင် ပူးပေါင်းမှုဖြင့် လက်တွဲကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်း
အပ်ပါသည်။

http://www.president-office.gov.mm/zg/briefing-room/news/2013/05/01/id-3202ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေ စည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော ၂ဝ၁၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်း အနား သဝဏ်လွှာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-
ယနေ့အခါသမယသည် ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားကြီးများအား အလေးအနက် ဂုဏ်ပြုသတ်မှတ် ထားရှိသည့် အပြည်ပြည်ဆိုင်ရာ

ဥက္ကံအကြမ်းဖက်မှု တစ်ဦးသေဆုံး

Photo: ဥက္ကံအကြမ်းဖက်မှု တစ်ဦးသေဆုံး
Thursday, May 2, 2013

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ဒီနေ့အစောပိုင်းက အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ အစ္စလာမ်ဘာသာဝင် တစ်ဦး သေဆုံး
ခဲ့ရပြီးတော့ ကျန်နှစ်ဦးဟာလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် ကုသမှု ခံယူနေကြရတယ်လို့ ဥက္ကံဒေသခံ ရဲစခန်းက ပြောပါတယ်။
 
မနေ့က ဖြစ်ခဲ့တဲ့ ဥက္ကံမြို့က အကြမ်းဖက်မှုကြောင့် အိမ်ခြေ ရာဂဏန်းနီးပါး ပျက်စီးခဲ့ရပြီး ဒေသတွင်းနေထိုင်သူ ၅၀၀ ကျော်ဟာလည်း နေအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကူညီပေးရေးအဖွဲ့အစည်းတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။
 
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့က အကြမ်းဖက်မှုကြောင့် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်နိုင် သေဆုံးသွားခဲ့ပြီး ကျန်အစ္စလာမ်ဘာသာဝင် ၂ ဦးဖြစ်တဲ့ ကိုတင်ဝင်းနဲ့ ကိုအီစမိုင်တို့ဟာလည်း အရေးပေါ် ကုသမှုတွေ ခံနေရဆဲ ဖြစ်တယ်လို့ ဥက္ကံမြို့နယ် ရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးက ဗွီအိုအေ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။
 
“ကိုတင်ဝင်းရယ်၊ ကိုအီစမိုင်ရယ်က အခုလက်ရှိ ဆေးရုံမှာရှိတယ်။ ကိုဇော်ဇော်နိုင် ၂၉ နှစ်ကတော့ ဆုံးသွားပြီ။”
 
မနေ့က ဆူပူမှုတွေနဲ့ သွေးထွက်သံယို ဖြစ်ရပ်တွေအပြီး ဒီနေ့ အစောပိုင်းက လူတစ်ဦး သေဆုံးခဲ့ရတဲ့ ဥက္ကံမြို့နယ်အတွင်းမှာ လုံခြုံရေးအခြေအနေတွေ တိုးမြှင့်ထားပြီးတော့ ဒေသဆိုင်ရာ အခြေအနေကလည်း တည်ငြိမ်မှုတွေ ရှိတယ်လို့ တာဝန်ကျ ရဲအရာရှိက အခုလို ပြန်လည်ဖြေကြားခဲ့ပါသေးတယ်။

မနေ့ကမနက် အစောပိုင်း ၉ နာရီလောက်က ဗုဒ္ဓဘာသာ ကိုယ်ရင်ငယ်
တစ်ပါးဖြစ်တဲ့ အရှင်ပုညကို ဈေးဝယ်သူ မူဆလင်အမျိုးသမီး မ၀င်းဝင်းစိန် က မော်တော်ဆိုင်ကယ်နဲ့ မတော်တဆပွတ်တိုက်မိရာကနေ တောက်
လျှောက်ဆိုသလို ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ စတင်ဖြစ်ပွား
လာခဲ့ရတာပါ။
 
ဆူပူလှုပ်ရှားပြီး အကြမ်းဖက် လုပ်ရပ်တွေမှာ ပါဝင်ခဲ့တဲ့ လူ ၁၅ ဦးကိုလည်း မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတာ တွေ့ရတယ်လို့ ဥက္ကံမှာ ဒုက္ခသည်အရေး ကူညီနေတဲ့ BG လူမှုအဖွဲ့အစည်းရဲ့ ဥကံ္ကမြို့နယ် တာဝန်ခံ ကိုသက်ဦး က ပြောပါတယ်။
 
ဆိုင်ကယ်နဲ့ ပွတ်တိုက်လိုက်တဲ့ မ၀င်းဝင်းစိန်ကိုလည်း ဥက္ကံမြို့နယ် ရဲစခန်းက ပြစ်မှုအမှတ် ၁၁၂/၂၀၁၃၊ ရာဇ၀တ်မှုပုဒ်မ ၂၉၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
 
ဗုဒ္ဓဘာသာ အများစုက အဲ့ဒီဒေသအတွင်းမှာရှိတဲ့ မူဆလင်လူနည်းစု
တွေရဲ့ နေအိမ်တွေကို ဖျက်စီးတာတွေ လုပ်ဆောင်လာပြီးတော့ ဗလီ၊ စာသင်ကျောင်း၊ ဈေးဆိုင်နဲ့ နေအိမ်အချို့ကိုလည်း  ဖျက်စီးခဲ့တယ်လို့ ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ တိုက်ကြီးဒေသခံ ကိုသက်ဦး က ပြောပါတယ်။
 
“အပျက်အစီးစာရင်းကတော့ ဈေးဆိုင် ၂၃ ဆိုင် ပျက်စီးတယ်။ နောက် ဗလီတစ်လုံးပေါ့။ စာသင်ကျောင်းက ၂ ကျောင်း၊ နေအိမ် ၅၃ လုံး ပျက်စီးတယ် အဲ့ဒါတွေက ကျနော်တို့ မြို့ပေါ်မှာပေါ့နော်။”
 
ဥက္ကံမြို့က မူဆလင် ဈေးဆိုင်ပိုင်ရှင်တဦးနဲ့ ဗုဒ္ဓဘာသာဝင် ဇနီးသည်
တို့ကတော့ မနေ့တုန်းက တိုက်ခိုက်ဖျက်စီးမှုတွေအတွက် တုန်လှုပ်မိတဲ့
အကြောင်း ပြောပါတယ်။
 
“နေ့လည် ၁ နာရီဝန်းကျင်ပေါ့ ရွာခံနဲ့ ဘေးလူက ဒီလောက်မဟုတ်ပါဘူး။ ရွာခံက များတာကိုး။ ရွာခံနဲ့ဆိုရင် အယောက် ၄၀၊ ၅၀ လောက်ရှိမယ်။ ဘယ်လိုမှလည်း မပြောပြတတ်ပါဘူး။ ဘယ်သူနဲ့မှလည်း ရန်ငြိုးမရှိပါဘူး။ ကိုယ့်ဗုဒ္ဓဘာသာ ကိုယ်လုပ်၊ အဖိုးကြီးကလည်း သူ့ မူဆလင်အလုပ်ကို သူ့ဟာသူ လုပ်ဆိုတော့။ အကုန်လုံးလိုက်လျောပေးတယ် ကိုယ်တွေကို။ သားတွေ ရှင်ပြု၊ ပဉ္ဇင်းခံ၊ ပဉ္ဇင်းခံတာတောင်မှ နှစ်ခါရှိသွားပါပြီ။”
 
ဥက္ကံမြို့ပေါ်မှာ အပျက်အစီးတွေ ရှိခဲ့လို့ ဥက္ကံမြို့နဲ့ ဆက်စပ်နေတဲ့
 ခြောက်တဲပင်ရွာ၊ ကျွဲပုံးရွာနဲ့ ပနီပင်ရွာတွေကတော့ မီးရှို့ခံခဲ့ရတယ်
လို့လည်း ကိုသက်ဦး က ပြောပါတယ်။

“ရွာက ခြောက်တဲရွာမှာရှိတဲ့ ၁၅ လုံးက မီးလောင်တယ်။ နောက်တခါ ကျွဲပုံးက ၅၆ လုံး၊ ပနီပင်က ၇ လုံး၊ နောက်တခါကျတော့ အဲ့ဒီ ပနီပင်
မှာက အိမ် ၆ လုံး အဖျက်စီးခံရတယ်။”
 
ဥက္ကံမြို့အတွင်းမှာ အခုလို အကြမ်းဖက်မှု ဖြစ်ရပ်တွေ တင်းမာနေချိန်မှာပဲ ရန်ကုန်က ရွှေည၀ါ ဆရာတော်ကြီးကိုယ်တိုင်က နှစ်ဘက်အကြား
 ပြေလည်မှုရရှိဖို့အတွက် ကြားဝင် ညှိနှိုင်းပေးတာတွေလည်း ဆောင်ရွက်ပေး
ခဲ့ရတာပါ။ နှစ် ဘက်ဘာသာဝင်တွေအကြား အခုလို ဘာသာရေးပေါ် အခြေပြုထားတဲ့ အမုန်းတွေ နဲ့ ရန်ငြိုးတွေ ရှိနေရင် တိုင်းပြည်ရှေ့ခရီး
အတွက် စိုးရိမ်ကြောင်းလည်း ရွှေည၀ါ ဆရာတော်ကြီးက မိန့်ပါတယ်။
 
“ဒီလိုမျိုး လူမျိုးရေး ပဋိပက္ခတွေက ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် နေရာ အနှံ့အပြား မီးကူးသွားရင် ငါတို့လည်း မတတ်နိုင်တော့ဘူး။ အဲ့ဒါဆိုရင်တော့
နောက်ပြန်လှည့်သွားမယ့် လမ်းစဉ်ကြီးက အကြိုက်တွေ့သွားမှာပေါ့။ အဲ့တော့ ပြောချင်တာက စစ်ဖိနပ်အောက် မင်းတို့ ပြန်ရောက်ချင်သလား။ မင်းတို့ သားသမီးတွေကို အဲ့ဒီ စစ်ဖိနပ်အောက် ထိုးထည့်ပြီး သေသွားချင်
သလား။ ကျုပ်တို့ ဒီပဋိပက္ခတွေဟာ သေကြေမှု အဆိုးတွေဘက်ကို မရောက်စေချင်ဘူးလေ။”
 
နောက်ဆုံး အခြေအနေအရ တိုက်ကြီးမြို့ပေါ်မှာ ရှိနေတဲ့ စစ်တပ်နဲ့ ရဲတွေကပဲ ဒေသတွင်း လုံခြုံရေးတွေကို အဓိက တာဝန်ယူထားပြီးတော့ ဆူပူမှုတွေ ထပ်မဖြစ်အောင် လုံခြုံရေးကို ထိန်းသိမ်းနေရတယ်လို့လည်း ဥက္ကံဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း မိတ္ထီလာမြို့မှာ ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့အထိ ဆူပူမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမှာလည်း ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီတုန်းက ဆူပူအကြမ်းဖက် လုပ်ရပ်အချို့ကို စတင် ဖန်တီးခဲ့သူတွေနဲ့ ကိုယ်တိုင် ကျူးလွန်ခဲ့သူတွေကို အာဏာပိုင်တွေက အရေးယူမှုတွေ
 ဆောင်ရွက်နေသ လို၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း လူမျိုးရေး၊ ဘာသာရေးကို အခြေခံတဲ့ ပြဿနာတွေ ထပ်မဖြစ်ဖို့နဲ့ လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြုပြီး ဆူပူအောင် လှုံ့ဆော်သူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူမယ်ဆိုပြီးတော့လည်း တရားဝင် ပြောထား
တာလည်း ဖြစ်ပါတယ်။

VOAရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့မှာ မနေ့က ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ဒီနေ့အစောပိုင်းက အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ အစ္စလာမ်ဘာသာဝင် တစ်ဦး သေဆုံး
ခဲ့ရပြီးတော့ ကျန်နှစ်ဦးဟာလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် ကုသမှု ခံယူနေကြရတယ်လို့ ဥက္ကံဒေသခံ ရဲစခန်း က ပြော ပါတယ်။ မနေ့က ဖြစ်ခဲ့တဲ့ ဥက္ကံမြို့က အကြမ်းဖက်မှုကြောင့် အိမ်ခြေ ရာဂဏန်းနီးပါး ပျက်စီး ခဲ့ရပြီး ဒေသ

ရုရှားနိုင်ငံ၏ ပထမဆုံး Project 11356 အပေါ့စား စစ်ရေယာဉ်အား လာမည့်နှစ်တွင် ရုရှား ရေတပ်သို့ ပေးအပ် သွားမည်

Photo: ရုရှားနိုင်ငံ၏ ပထမဆုံး Project 11356 အပေါ့စား စစ်ရေယာဉ်အား လာမည့်နှစ်တွင် ရုရှား ရေတပ်သို့ ပေးအပ် သွားမည်

ရုရှားနိုင်ငံ၏ ပထမဆုံး Project 11356 အပေါ့စား စစ်ရေယာဉ်အား ရေတပ် ဗိုလ်ချုပ်ကြီး ဂရီဂိုရိုဗစ်ခ်ျဟု အမည် ပေးထားပြီး ၄င်းအား ၂ဝ၁၄ ခုနှစ်တွင် ပင်လယ်နက် စစ်သင်္ဘော အုပ်စုနှင့် ဆက်သွယ် သွားမည်
ဖြစ်ကြောင်း ဒုတိယ ရေတပ် ဗိုလ်ချုပ်ကြီး အလက်ဇန္ဒား ဖီဒို တန်ကော့ဗ်က ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ အပေါ့စား စစ်ရေယာဉ်အား ကယ်လီနင်း ဂရတ်မြို့ အခြေစိုက် ယန်တာ သင်္ဘောကျင်းမှ ထုတ်လုပ်မည် ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနနှင့် သဘော တူညီချက်အရ ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း ထိုစစ်ရေယာဉ် ခြောက်စင်းအား ရုရှား ရေတပ်သို့ ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို Project 11356 အပေါ့စား စစ်ရေယာဉ်သည် တန်ချိန် ၃၈၅ဝ တန်ရှိပြီး မျက်နှာပြင်မှ တိုက်ခိုက်ခြင်းနှင့် ရေငုပ် သင်္ဘော၏ တိုက်ခိုက်ခြင်းတို့မှ ကာကွယ်နိုင်ရန် အတွက် ဒီဇိုင်း ထုတ်လုပ် ထားပြီး လေကြောင်းရန် ကာကွယ်ရေး စနစ် တပ်ဆင်ထားကြောင်း သိရသည်။ အဆိုပါ 

Read More >> http://bit.ly/YnNBbvရုရှားနိုင်ငံ၏ ပထမဆုံး Project 11356 အပေါ့စား စစ်ရေယာဉ် အား ရေတပ် ဗိုလ်ချုပ်ကြီး ဂရီဂိုရိုဗစ်ခ်ျဟု အမည် ပေးထားပြီး ၄င်းအား ၂ဝ၁၄ ခုနှစ်တွင် ပင်လယ်နက် စစ်သင်္ဘော အုပ်စုနှင့် ဆက်သွယ် သွားမည်ဖြစ်ကြောင်း ဒုတိယ ရေတပ် ဗိုလ်ချုပ်ကြီး အလက်ဇန္ဒား ဖီဒို တန်ကော့ဗ်က ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ အပေါ့စား စစ်ရေယာဉ်အား ကယ်လီနင်း ဂရတ်မြို့ အခြေစိုက် ယန်တာ

နျူကလီးယား အစီအစဉ် စွန့်လွှတ်ရန် မြောက်ကိုရီးယား ငြင်းဆို ရုရှားနှင့် ဂျပန်တို့က ပြစ်တင်ဝေဖန်

Photo: နျူကလီးယား အစီအစဉ် စွန့်လွှတ်ရန် မြောက်ကိုရီးယား ငြင်းဆို ရုရှားနှင့် ဂျပန်တို့က ပြစ်တင်ဝေဖန်

မြောက်ကိုရီးယား နိုင်ငံသည် ၄င်းတို့၏ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ရန် ငြင်းဆန်ခဲ့သည့် အတွက် ၄င်းနိုင်ငံအား ရုရှားနှင့် ဂျပန် နှစ်နိုင်ငံတို့က ဧပြီ ၂၉ ရက်တွင် ပြစ်တင်ဝေဖန် ခဲ့ကြောင်း အဆိုပါ နှစ်နိုင်ငံက ပူးတွဲ ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထား သည်။
နျူကလီးယား လက်နက်များ နှင့် တိုက်ချင်းပစ် ဒုံးကျည် ထုတ်လုပ်မည့် အစီအစဉ်များကို ရပ်တန့်ရန် မြောက်ကိုရီးယား နိုင်ငံ၏ ငြင်းဆိုမှုများသည် နိုင်ငံတကာ အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကို ဆန့်ကျင်နေခြင်း ဖြစ်ကြောင်း ၄င်းအစီရင် ခံစာတွင် ဆက်လက် ဖော်ပြ ထားသည်။

ထို့ပြင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ်ထားသော ဆုံးဖြတ်ချက်နှင့် ၂ဝဝ၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သော

Read More >> http://bit.ly/ZWVTW8မြောက်ကိုရီးယား နိုင်ငံသည် ၄င်းတို့၏ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ရန် ငြင်းဆန်ခဲ့သည့် အတွက် ၄င်းနိုင်ငံအား ရုရှားနှင့် ဂျပန် နှစ်နိုင်ငံတို့က ဧပြီ ၂၉ ရက်တွင် ပြစ်တင်ဝေဖန် ခဲ့ကြောင်း အဆို ပါ နှစ်နိုင်ငံက ပူးတွဲ ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင် တွင် ဖော်ပြထား သည်။

Friday, April 26, 2013

အင်းလေး လယ်သိမ်းအမှုအတွက် လမ်းလျှောက်လာသူတွေကို အာဏာပိုင်တွေ တားမြစ်

Photo: အင်းလေး လယ်သိမ်းအမှုအတွက် လမ်းလျှောက်လာသူတွေကို အာဏာပိုင်တွေ တားမြစ်
Friday, April 26, 2013

တရားစွဲဆိုခံထားရတဲ့ အင်းလေးဟိုတယ်ဇုံ မြေသိမ်းခံတောင်သူ ၇ ဦးအမှုကို ကလောမြို့နယ် တရားရုံးမှာ ဒီကနေ့စစ်ဆေး မှာဖြစ်တဲ့အတွက် ညောင်ရွှေဒေသခံ ၈၀ ကျော်ဟာ မိုင် ၄၀ နီးပါး ကွာဝေးတဲ့ခရီးကို လမ်းလျှောက်ချီတက်ပြီး အားပေးဖို့အသွားမှာ အာဏာပိုင်တွေရဲ့ တားမြစ်ခဲ့ရတယ်လို့ သိရပါတယ်။

အာဏာပိုင်တွေဖက်က မနက်ဖြန်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးနဲ့ တွေ့ဆုံပေးမယ်လို့ ကတိပေးခဲ့တာကြောင့် လမ်းတ၀က်မှာ ပြန်လှည့်ခဲ့တယ်လို့ ဒီကနေ့အခြေအနေကို အခုလိုပြောပြပါတယ်။

"သူတို့ကတော့ ပြေလည်အောင်ဆောင်ရွက်ပေးမယ်လို့ ပြောတာပေါ့နော်၊ ဒါပေမယ့် ပြေလည်အောင်ဆောင်ရွက်ပေးမယ်ဆိုတာက လွန်ခဲ့တဲ့ ၁၁ လပိုင်းလောက်ကလည်း ဖြစ်ခဲ့တဲ့ကိစ္စပဲလေ၊ အခုက ၄ လပိုင်းတောင် ရောက်လာပြီ၊ ဘာမှပြေလည်မှုမရှိဘူးလေ၊ ပြေလည်မှုမရှိတဲ့အတွက် ကျနော်တို့ကလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အဖြစ်တွေ ကြုံတွေ့နေရတာပေါ့၊ ဒါပေမယ့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြေလည်အောင် ညှိနှိုင်းပေးဖို့ မနက်ဖြန် ၉ နာရီကို တောင်ကြီးမြို့ကို ရောက်အောင်လာခဲ့ပါတဲ့၊ သူတို့ကဒါမျိုး ခေါ်ထားတာပေါ့နော်၊ ပြီးတော့ ဟိုတယ်ဇုံကို ဆုံးဖြတ်နိုင်ခွင့်ရှိတဲ့လူနဲ့ တွေ့ခွင့်ပေးမယ်တဲ့၊ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ကျနော်တို့မသိသေးဘူး၊ အဲဒါကျနော်တို့ကလည်း ပြေလည်မှုတကယ်ရှိမယ်ဆို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ မနက်ဖြန်သွားတွေ့မယ်၊ အဲဒါတကယ်လို့ ပြေလည်မှုမရှိဘူးဆိုလို့ရှိရင်တော့ ကျနော်တို့က ဒီလိုပဲဆက်လက်ပြီးတော့ လမ်းလျှောက်သွားမှာပဲ"

မနက် ၉ နာရီကတည်းက လမ်းလျှောက်လာတဲ့ အဲ့ဒီအဖွဲ့ကို အင်ကြင်းကုန်းနဲ့ ကန်ပဲ့ကျေးရွာနားမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးက ရှေ့ဆက်မသွားဖို့ တားဆီးခဲ့ပေမယ့် ဒေသခံတွေက မူလခရီးစဉ်အတိုင်းပဲ ဆက်လက်ချီတတ်ခဲ့ကြပါတယ်။ ပေါရိသ ဆံရှင်မွေတော်ဘုရားအရောက်မှာ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းဦးဆောင်တဲ့ အာဏာပိုင်အဖွဲ့တွေက ရှေ့ဆက်မသွားဖို့ ထပ်မံလာရောက်ညှိနှိုင်းခဲ့တဲ့အတွက် ဒေသခံတွေနဲ့ ပြေလည်မှုရရှိသွားခဲ့ကြပြီး ရဲတပ်ဖွဲ့က ကား ၅ စီးနဲ့ ဒေသခံတွေကို ညောင်ရွှေမြို့ကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် မနက်ဖြန်မှာလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ တောင်သူကိုယ်စားလှယ် ၁၀ ဦးတို့ တွေ့ဆုံညှိနှိုင်းကြမယ်လို့သိရပါတယ်။

ဒေသခံတွေ အခုလိုလမ်းလျှောက်တာဟာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေနဲ့ မညီညွတ်တဲ့အတွက် ရှေ့ဆက်သွားမယ်ဆိုရင် တရားဥပဒေအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပြီး တောင်သူတွေအနေနဲ့ ကလောရုံးချိန်းသွားမယ်ဆိုရင်လဲ ပုဂ္ဂိုလ်ရေးအရ ကားစီစဉ်ပေးမှာဖြစ်တယ်လို့ ရဲမှူးကြီး ဝင်းထွန်းက RFA ကို တုံပြန့်ပြောကြားခဲ့ပါတယ်။

RFA Burmeseတရားစွဲဆိုခံထားရတဲ့ အင်းလေးဟိုတယ်ဇုံ မြေသိမ်းခံတောင်သူ ၇ ဦးအမှုကို ကလောမြို့နယ် တရားရုံးမှာ ဒီကနေ့စစ်ဆေး မှာဖြစ်တဲ့ အတွက် ညောင်ရွှေဒေသခံ ၈၀ ကျော်ဟာ မိုင် ၄၀ နီးပါး ကွာဝေး တဲ့ခရီးကို လမ်းလျှောက်ချီတက်ပြီး အားပေးဖို့အသွားမှာ အာဏာ ပိုင်တွေရဲ့ တားမြစ်ခဲ့ရတယ်လို့ သိရပါတယ်။
အာဏာပိုင်တွေဖက်က မနက်ဖြန်မှာ ဒီကိစ္စနဲ့ ပတ်သက် ပြီး ပြည်နယ်

ရှေ့နေများနဲ့ အစိုးရရဲ့ တရားရုံးဟိုတယ်အမှု

Photo: ရှေ့နေများနဲ့ အစိုးရရဲ့ တရားရုံးဟိုတယ်အမှု
FRIDAY, APRIL 26, 2013

ရှေးဟောင်းတရားရုံးကြီးတခု ဟိုတယ်အဖြစ် ဘ၀ပြောင်းရမည့် အစီအစဉ်ကြောင့်  ရှေ့နေများကွန်ရက်က ဗဟိုအစိုးရကို တရားစွဲမည်ဟု ပြောလိုက်သည်။

ကြယ်ငါးပွင့်ဟိုတယ်အဖြစ် ပြောင်းလဲမည့်အရာမှာ ကမ်းနားလမ်းနှင့် ဘဏ်လမ်းထောင့်ရှိ စုပေါင်းတရားရုံးအဆောက်အအုံဖြစ်ကြောင်း ရှေ့နေ ဦးကိုနီက ပြောကြားသည်။ 

ထိုအဆောက်အအုံမှာ ကိုလိုနီခေတ်ကတည်းက တရားရုံးအဖြစ် အစဉ်အဆက်အသုံးပြုခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးလူမျိုးစုလွှတ်တော် ပြုလုပ်ကျင်းပခဲ့သောနေရာလည်းဖြစ်ကြောင်း၊
  သမိုင်းတန်ဖိုးရှိ၍ ဟိုတယ်အဖြစ် အသွင်မပြောင်းစေလိုကြောင်း ရှေ့နေဦးကိုနီက ဆက်လက် ပြောကြားသည်။

ဆန္ဒပြတာ အကြောင်းမထူး၊  တရားစွဲမှ ထူးမယ် 
ထိုအဆောက်အအုံကို ၂၀၁၂ မေ ၈ ရက်တွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က  မြန်မာနိုင်ငံသားပိုင် Flying Tiger Engineering,  စင်္ကာပူမှ Dimond Asia စသည့် ကုမဏီ ၂ ခုကို ဒေါ်လာ ၁၄.၄သန်းဖြင့် ဖက်စပ် လုပ်ကိုင်ခွင့်ပေးခဲ့သည်။  

ဟိုတယ်အသွင်ပြောင်းမှုနှင့် ပတ်သက်ပြီး ၂၀၁၂ အောက်တိုဘာတွင် ဆန္ဒပြကန့်ကွက်ခဲ့သော်လည်း  ထူးခြားမှု ရှိမလာသဖြင့် ယခုတရားစွဲဆိုရန်ပြင်ဆင် ရခြင်းဖြစ်ကြောင်း ဦးကိုနီ၏ပြောကြားချက်အရသိရသည်။

ထိုအကြောင်းကို တရားရုံးများရောင်းချမှု ရှေ့နေများဆန္ဒပြမည် ဟူသော ခေါင်းစဉ်ဖြင့် ဧရာဝတီ http://burma.irrawaddy.org/archives/22098 တွင် သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

“၂၀၁၀ အောက်တိုဘာမှာ အဲဒီရုံးမှာရှိတဲ့ တရားရုံးတွေကို ချောင်ကြိုချောင်ကြား ရွှေ့ပစ်ပြီး ဒီ လွတ်နေတဲ့ရုံးကို ဟိုတယ် လုပ်တာပါ။  
ဒီရုံးက သွားရေးလာရေးအဆင်ပြေတော့ ၀န်ထမ်းတွေအတွက် ပိုကောင်းတယ်။ ကျွန်တော်ကတော့ ဒီရုံးကို တရားရုံးပဲဖြစ်စေချင်တယ်” ဟု ဦးကိုနီက ဆိုသည်။

ဘယ်တော့ တရားစွဲမလဲ
တရားမကျင့်ထုံးဥပဒေပုဒ်မ ၈၀ အရ တရားစွဲဆိုခြင်းမပြုမီ ၂လ ကြိုတင်၍ နို့တစ်စာပို့ပေးရခြင်းဖြစ်ကြောင်း၊ လာမည့်  ဇွန်လလယ်တွင် ၂လပြည့်မည်ကြောင်း သိရသည်။ 

ရန်ကုန်မြို့ရှိ သမိုင်းဝင်အဆောက်အအုံတချို့ကို ပုဂ္ဂလိကကို အောက်ပါအတိုင်း လုပ်ကိုင်ခွင့် ပေးထားသည်။ 
ဝန်ကြီးများရုံး - အနော်မာအနုပညာအဖွဲ့ - ပြတိုက်
တရားရုံးချုပ် - ထွန်းဖောင်ဒေးရှင်းဘဏ် လီမိတက် - ပြတိုက် နှင့် စာကြည့်တိုက်
တိုင်းစုပေါင်းရုံး - ဟိုတယ်
 မီးရထားရုံးချုပ် - Dosim Engineering & Construction Co.Ltd -  ဟိုတယ်

ဗဟိုအစိုးရရဲ့ အဖြေ

ရှေးဟောင်းအဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းပါက ဒေါ်လာ ဘီလျံချီ ကုန်ကျမည်ဖြစ်၍ အရှည်ထိန်းသိမ်းနိုင်ရန် ပုဂ္ဂလိကသို့ လွှဲပြောင်းရခြင်းဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၇ ရက်နေ့  ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကန်ပက်လက်မဲဆန္ဒနယ်မှ သူရဦးအောင်ကို အရေးကြီးအဆိုအနေဖြင့်တင်သွင်းသော တရားရုံးချုပ်နှင့် စုပေါင်းတရားရုံးကို ပုဂ္ဂလိကသို့လွှဲအပ်ခြင်း  ဖျက်သိမ်းပြီး ရှေးဟောင်းအမွေအနှစ်ပစ္စည်းအဖြစ် ထိန်းသိမ်းပေးရန် တိုက်တွန်းကြောင်းအဆိုကို ထိုသို့ တုံ့ပြန် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပညာရှင်ရှုဒေါင့်

ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနပညာဌာနမှ ကထိကဦးပြည့်ဖြိုးကျော်က “ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံ ဆိုပြီး ဘာမှအသုံးမကျဘဲ ပိတ်ထားတာတော့ မဖြစ်သင့်ဘူး။ 
သူ့ဗိသုကာတန်ဖိုး၊ သမိုင်းတန်ဖိုးတွေအရ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာမျိုးဖြစ်သင့်တယ်” ဟု ဆိုသည်။

၂၀၀၉ ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေးဥပဒေအရ အနှစ် ၁ဝဝ ကျော်သက်တမ်းရှိပါက ရှေးဟောင်းအမွေအနှစ်ပစ္စည်းဖြစ်ပြီး ထိုမျှသော သက်တမ်း မရှိသေးပါကလည်း အနုပညာလက်ရာမြောက်မှု၊ သမိုင်းဝင် အဖြစ်အပျက်များကို အခြေခံ၍ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ချစ်ဆု ~

ဧရာဝတီ Blogရှေးဟောင်းတရားရုံးကြီးတခု ဟိုတယ်အဖြစ် ဘ၀ပြောင်းရမည့် အစီ အစဉ်ကြောင့် ရှေ့နေများကွန်ရက်က ဗဟိုအစိုးရကို တရားစွဲမည် ဟု ပြောလိုက်သည်။ ကြယ်ငါးပွင့်ဟိုတယ် အဖြစ် ပြောင်းလဲ မည့်အရာ မှာ ကမ်းနားလမ်းနှင့် ဘဏ်လမ်းထောင့်ရှိ စုပေါင်းတရားရုံးအဆောက်

မြန်မာနိုင်ငံက မူဆလင်များအရေး အာဆီယံဆွေးနွေးဖို့ရှိ

Photo: မြန်မာနိုင်ငံက မူဆလင်များအရေး အာဆီယံဆွေးနွေးဖို့ရှိ

အေပြီ ၂၆ ရက် ၂၀၁၃

ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံက မူဆလင် အဓိကရုဏ်းအရေးကိုလည်း ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

အာဆီယံထိပ်သီး ညီလာခံကို သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်နေတာဖြစ်ပါတယ်။ မနေ့က အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုဟာ ဘရူးနိုင်းကို အစည်းအဝေးမသွားခင် နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ အရင်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးအကြမ်းဖက်မှုတွေ တားဆီးနိုင်အောင် မြန်မာအစိုးရအနေနဲ့ ဘာသာမတူ လူ့အဖွဲ့အစည်းတွေအကြား သင့်မြတ်ရေးဆောင်ရွက်ပေးဖို့ ထုတ်ဖေါ်ပြောဆိုထားပါတယ်။

ဒီနေ့ ဘရူနိုင်းထိပ်သီးညီလာခံမှာ သမ္မတဦးသိန်းစိန်ဟာ ထိပ်သီးအစည်းအဝေးပြင်ပမှာ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှီနာဝတ် ဦးဆောင်တဲ့ ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုမှာ တနင်္သာရီတိုင်း ထားဝယ်ဒေသမှာ ထိုင်းအစိုးရက အကောင်အထည်ဖေါ်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စကို အဓိကထားဆွေးနွေးတာလို့ဆိုပါတယ်။

RFAဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံမှာ မြန်မာနိုင်ငံက မူဆလင် အဓိကရုဏ်းအရေးကို လည်း ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။ အာဆီယံထိပ်သီး ညီလာ ခံကို သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ တက်ရောက်နေတာဖြစ်ပါတယ်။ မနေ့က အင်ဒိုနီး ရှားသမ္မတ ယူဒိုယိုနိုဟာ ဘရူးနိုင်းကို အစည်းအဝေး မသွား ခင် နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ အရင်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

My Blog List