Wednesday, March 13, 2013

ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ဖို့ စတင်ပြင်ဆင်

Photo: ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ဖို့ စတင်ပြင်ဆင် 

မတ် ၁၃ ရက်၊၂၀၁၃

ကမ္ဘာအရပ်ရပ်မှာရှိနေကြတဲ့ ကတ်သလစ် ဘာသာဝင်တွေဟာ ဗာတီကန်က ပုပ်ရဟန်းမင်းကြီး အသစ် ရွေးချယ်ပွဲ ကို စောင့်ကြည့်နေကြပါတယ်။
 
အခု အင်္ဂါနေ့ကျရင်တော့ ကာဒီနယ် ဘုန်းတော်ကြီး ၁၁၅ ပါးဟာ ပုပ်ရဟန်းမင်းကြီးသစ်ကို စတင်ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။
 
ကာဒီနယ် ဘုန်းတော်ကြီးတွေဟာ Sistine Chapel လို့ခေါ်တဲ့ ဘုရားဝတ်ပြုဆောင်ထဲမှာ တံခါးပိတ် စုဝေးပြီးတော့ ပုပ်ရဟန်းသစ်ကို ရွေးချယ်ကြရမှာပါ။
 
ပုပ်ရဟန်းမင်းသစ် မရွေးနိုင်ခင်အထိ ဘယ်သူမှ ဒီဝတ်ပြုဆောင်ရဲ့ အပြင်ဘက်ကို ထွက်ခွင့်မရှိပါဘူး။ အချိန်ကာလ ဘယ်လောက် ကြာမယ်ဆိုတာကိုလည်း တတ်အပ် မပြောနိုင်ပါဘူး။
 
ဒီဘုရားဝတ်ပြုဆောင် အပေါ်ဘက်မှာ ဆင်ထားတဲ့ ခေါင်တိုင်ကနေ မီးခိုး အဖြူရောင် ထွက်လာပြီဆိုရင်တော့ ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်နိုင်ပြီဆိုတာ ကို စောင့်ကြည့်သူတွေ သိရှိနိုင်မှာ ဖြစ်ပါတယ်။
 
ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်နိုင်ဖို့ဆိုရင် အများစုမဲ သုံးပုံ နှစ်ပုံ ရရှိရပါမယ်။ ဆိုလိုတာက အနည်းဆုံး မဲ ၇၇ မဲ လိုပါတယ်။ ဘယ်သူဖြစ်လာနိုင်မယ်ဆိုတာကိုတော့ တွက်ဆလို့ မရသေးပါဘူး။ 

VOAကမ္ဘာအရပ်ရပ်မှာရှိနေကြတဲ့ ကတ်သလစ် ဘာသာဝင်တွေဟာ ဗာတီ ကန်က ပုပ်ရဟန်းမင်းကြီး အသစ် ရွေးချယ်ပွဲ ကို စောင့် ကြည့်နေ ကြပါတယ်။
အခု အင်္ဂါနေ့ကျရင်တော့ ကာဒီနယ် ဘုန်းတော်ကြီး ၁၁၅ ပါးဟာ ပုပ်ရဟန်းမင်းကြီးသစ်ကို စတင်ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။
ကာဒီနယ် ဘုန်းတော်ကြီးတွေဟာ Sistine Chapel လို့ခေါ်တဲ့ ဘုရား ၀တ်ပြုဆောင်ထဲမှာ တံခါးပိတ် စုဝေးပြီးတော့ ပုပ်ရဟန်း သစ် ကို ရွေး ချယ်ကြရမှာပါ။

မြန်မာ့ ပြောင်းလဲမှု စံပြုသင့်ကြောင်း ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ပြော

Photo: မြန်မာ့ ပြောင်းလဲမှု စံပြုသင့်ကြောင်း ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ပြော

မတ် ၁၃ ရက်၊၂၀၁၃

ကမ္ဘောဒီးယား အဝေးရောက် အတိုက်အခံ ခေါင်းဆောင်က မြန်မာ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် ကမ္ဘောဒီးယား နိုင်ငံအတွက် နမူနာကောင်း ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ရန်ကုန်တွင် ကျင်းပသည့် အမျိုးသားဒီမိုရေစီ အဖွဲ့ချုပ် (NLD) ပါတီညီလာခံ တက်ရောက်ခဲ့ပြီးနောက် ပြောကြားလိုက်သည်။

Cambodian National Rescue Party ၏ အဝေးရောက် အတိုက်အခံ ခေါင်းဆောင် မစ္စတာ ဆမ်ရိမ်ဆီသည် ၎င်း၏ မြန်မာပြည် ၃ ရက်ကြာ ခရီးစဉ်အတွင်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။

“ကျနော်တို့ဟာ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ဘယ်လိုလုပ်တယ်ဆိုတာ စံနမူနာပြု လေ့လာပါတယ်” ဟု ၎င်းက ဧရာဝတီရုံးသို့ လာရောက်လည်ပတ်စဉ် ပြုလုပ်ခဲ့သော အမေးအဖြေတွင် ပြောခဲ့သည်။

ပြင်သစ်နိုင်ငံတွင် လတ်တလော နေထိုင်ခိုလှုံနေရသော ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်၏ သီးခြား ဖိတ်ကြားချက်အရ လာရောက်ခဲ့ခြင်း ဖြစ်ပြီး (NLD) ပါတီညီလာခံနှင့် ပတ်သက်၍ “ဆုံးဖြတ်ချက် ခိုင်မာမှု၊ ရင့်ကျက်မှုနဲ့ သည်းခံမှုမှာ တကယ့်ကို ဥပမာ နမူနာကောင်းပါ။ ဒီ ညီလာခံ မတိုင်ခင် လွန်ခဲ့ ၂၅ နှစ်တုန်းက သူတို့ဟာ တိုက်ပွဲဝင်ခဲ့ကြရတယ်” ဟု ဆိုသည်။

NLD ပါတီတွင်း ပဋိပက္ခများနှင့် ပတ်သက်ပြီး မစ္စတာ ဆမ်ရိမ်ဆီက နိုင်ငံရေးအာဏာဆီ ဦးတည်သော ပါတီတိုင်း ယင်းကဲ့သို့ တွေ့ကြုံရတတ်ကြောင်း၊ ၎င်းတို့ ပါတီသည်လည်း အလားတူ ပြဿနာရပ်များ ကြုံတွေ့ရကြောင်း ပြောသည်။

ပြီးခဲ့သော ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မပါဝင်နိုင်စေရန် အာဏာရပါတီ၏ မတရား နိုင်ငံရေး စွပ်စွဲမှုများကြောင့် တိမ်းရှောင်ရန် မစ္စတာ ဆမ်ရိမ်ဆီသည် ယခုအခါ နိုင်ငံရပ်ခြားတွင် ခိုလှုံနေထိုင်နေရသော်လည်း ၎င်း၏ ပါတီသည် ဇူလိုင်လတွင် ကျင်းပနိုင်မည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေသည်။

လက်ရှိ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်သည် ဆယ်စုနှစ် ၃ ခုကြာ အုပ်ချုပ်နေမှုကို နောက်ထပ် ၅ နှစ် ဆက်လက် အုပ်ချုပ်နိုင်ရန် ကြိုးစားနေမှုအပေါ် “ကမ္ဘောဒီးယားက တပါတီ စနစ် မဟုတ်တော့ဘူး၊ သို့ပေမယ့် တဦးတည်း ချုပ်ကိုင်ထားတဲ့ စနစ်ပါ။ မြန်မာပြည်မှာ အပြောင်းအလဲတွေ မြင်နေရပေမယ့် ကမ္ဘောဒီးယားကတော့ တဦးတည်းစနစ်နဲ့ သွားနေပါတယ်။ အဲဒီ တဦးတည်းဆိုတဲ့ လူကလည်း ဗီယက်နမ်ရဲ့ ရုပ်သေးရုပ်ပါ” ဟု မစ္စတာ ဆမ်ရိမ်ဆီက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် တဦးတည်းအပေါ် NLD မှီခိုနေရသည်ဟု ဝေဖန်သူများက ပြောဆိုနေသလို Cambodian National Rescue Party ပါတီ အနေဖြင့် သူ့အပေါ် မှီခိုလွန်းနေကြောင်း ပြောဆိုဝေဖန်မှုများနှင့် ယှဉ်၍ “ကျနော် ပြည်ပမှာ ၃ နှစ်ကျော် ကြာခဲ့ပါပြီ။ ပါတီကတော့ ဆက်လက် ကြီးထွားနေတယ်။ ဒါဟာ အဖွဲ့အစည်းတခုအတွက် စမ်းသပ်မှုပဲ။ ဒါဟာ တဦးတယောက်တည်း အပေါ် မှီခိုနေတာ မဟုတ်ဘူး ဆိုတာ ပြသတာပဲ။ ကျနော်က ပြယုဒ်ပါ” ဟု သူက ဆိုသည်။

အာရှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် လုပ်ရည်ကိုင်ရည်ပြည့်ဝသော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ခေါင်းဆောင်များ လိုအပ်ကြောင်းလည်း ပြောသည်။

“တူနီးရှားတို့ အီဂျစ်တို့ ကြည့်။ တော်လှန်ရေးက ဘယ်မှ မရောက်ပဲ ဖြစ်နေတယ်။ အကြောင်းက ဒီလို စွမ်းဆောင်ရည်ရှိတဲ့ ခေါင်းဆောင် မရှိလို့ပဲ” ဟု မစ္စတာ ဆမ်ရိမ်ဆီက သုံးသပ်သည်။

ယခုအချိန်အထိ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဖိအားပေးမှုများ ရှိနေသော်လည်း ကမ္ဘောဒီးယား အစိုးရအနေဖြင့် မစ္စတာ ဆမ်ရိမ်ဆီအား ပြန်လာခွင့် ပြု မပြုမှာ ကွဲကွဲပြားပြား မသိရသေးပေ။

အကယ်၍ ၎င်းအား ပြန်လာခွင့် မပြုလျှင်လည်း ပါတီအနေဖြင့် ဇူလိုင်လ ရွေးကောက်ပွဲကို သပိတ်မှောက်မည် မဟုတ်ကြောင်း၊ သို့သော် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် အစိုးရများကို ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် မည်သည့်အစိုးရကိုမျှ အသိအမှတ် မပြုရေး တိုက်တွန်းသွားမည်ဟု ဆိုသည်။

“ကျနော်တို့နိုင်ငံက ဆင်းရဲတဲ့ နိုင်ငံလေးပါ။ နိုင်ငံတကာက အကူအညီမပါဘဲ ရှေ့ဆက်ဖို့ ခက်ပါတယ်။ နိုင်ငံ ဘတ်ဂျက်ရဲ့ ၃ ပုံ ၁ ပုံ ဟာ နိုင်ငံတကာ အကူအညီကို မှီခိုနေရပါတယ်။ ကျန်တဲ့ထဲက ၃ ပုံ ၁ ပုံ ကလည်း အကြွေးတွေပါ။ တည်ငြိမ်အေးချမ်းမှုလည်း မရှိပါဘူး။ ဖွံ့ဖြိုးမှုလည်း မရှိသေးပါဘူး။ အခြေအနေက တကယ့်ကို မတည်မငြိမ်နဲ့ အန္တရာယ် အနေအထားပါ” ဟု မစ္စတာ ဆမ်ရိမ်ဆီက ပြောသည်။

သို့သော်လည်း ၎င်းအနေဖြင့် အနာဂတ်ကာလ၌ နှစ်နိုင်ငံစလုံးတွင် ပြောင်းလဲမှုများ အခိုင်အမာ ဖြစ်ပေါ် တိုးတက်လာ မည်ဖြစ်ကြောင်း ပြောသည်။
“ဒါက သဘာဝ ဒီလှိုင်းတွေပေါ့။ ရပ်တန့်ဖို့ ဘယ်သူမှ လုပ်လို့ မရဘူး” ဟု ဆိုသည်။

အကယ်၍ အိမ်ပြန်ခွင့်ရပြီဆိုသည်နှင့် ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘောဒီးယားနိုင်ငံသို့ ဖိတ်ကြားခွင့်ကို မျှော်လင့်ကြောင်း မစ္စတာ ဆမ်ရိမ်ဆီက ဧရာဝတီသို့ ပြောဆိုသွားခဲ့သည်။

ဧရာဝတီကမ္ဘောဒီးယား အဝေးရောက် အတိုက်အခံ ခေါင်းဆောင် က မြန် မာ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုများသည် ကမ္ဘောဒီးယား နိုင်ငံအတွက် နမူနာကောင်း ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ရန်ကုန်တွင် ကျင်းပသည့် အမျိုးသားဒီမိုရေစီ အဖွဲ့ချုပ် (NLD) ပါတီညီလာခံ တက်ရောက်ခဲ့ပြီးနောက် ပြောကြားလိုက်သည်။
Cambodian National Rescue Party ၏ အဝေးရောက် အတိုက်အခံ ခေါင်းဆောင် မစ္စတာ ဆမ်ရိမ်ဆီသည် ၎င်း၏ မြန်မာပြည် ၃ ရက်ကြာ ခရီးစဉ်အတွင်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။ “ကျနော်တို့ဟာ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ဘယ်လို

ဒေါ်လာခြောက်သောင်းခွဲသွင်းရမယ့် လေယာဉ်မောင်းသင်တန်း

Photo: ဒေါ်လာခြောက်သောင်းခွဲသွင်းရမယ့် လေယာဉ်မောင်းသင်တန်း 

မတ် ၁၃ ရက်၊၂၀၁၃

မြန်မာနိုင်ငံအတွင်း လေယာဉ် မောင်းသင်တန်းတက်လိုသူတွေကို လျှောက်လွှာခေါ်ယူတဲ့ကြော်ငြာ ဒီရက်ပိုင်း သတင်းစာများမှာ တွေ့ရမှာပါ။ 

ကြော်ငြာထည့်တဲ့ ရန်ကုန်က Myanmar Aviation Academy ရဲ့ သင်တန်းကျောင်းကို ဒီနေ့ နေ့ခင်းပိုင်းမှာ ဆက်သွယ် မေးမြန်းကြည့်တော့ သင်တန်းကြေးက ဒေါ်လာ ခြောက်သောင်းခွဲ လို့ ဖြေပါတယ်။
အရစ်ကျ ပေးလို့ရတယ်၊ မြန်မာငွေနဲ့လည်း ပေးလို့ရတယ်လို့ ပြောပါတယ်။

ကားမောင်းသင်တန်းမှာ ကားအဟောင်းတွေနဲ့ သင်ရတဲ့အတွက် သင်တန်းခ ဈေးသက်သာပါလိမ့်မယ်။
လေယာဉ်ပျံမောင်း သင်တန်းမှာတော့ လေယာဉ်အသစ်တွေပဲ သုံးဖွယ် ရှိပါတယ်။ 
ဒါကြောင့် ဒေါ်လာ  ခြောက်သောင်းခွဲ ယူတာ ဖြစ်ပါလိမ့်မယ်။

သင်တန်းကာလက  ၁နှစ်ခွဲကျော်ကျော်ကနေ  ၂ နှစ် နီးပါးအထိ သတ်မှတ်ထားကြောင်း ကြော်ငြာမှာ တွေ့ရပါတယ်။

လေယာဉ်မှူးတွေက လစာ ကောင်းတဲ့အတွက် ဒီလောက် သင်တန်းကြေးပမာဏကိုတော့ ရင်းနှီးမြှုပ်နှံလိုသူတွေ အနည်းနဲ့အများ ရှိမှာပါ။

ဗီယက်နမ်မှာတော့ ဒေသခံ လေယာဉ်မှူးက လခ ဒေါ်လာ နှစ်ထောင်ရတယ်၊ နိုင်ငံခြားသားလေယာဉ်မှူးဆိုရင် အဲဒီလခထက် ခြောက်ဆ ရတယ်လို့ Vietweek စာစောင်မှာ ရေးထားပါတယ်။

လေကြောင်းနဲ့ ခရီးသွားလာမှု တိုးပွားလာတဲ့အတွက် နိုင်ငံတကာမှာ လေယာဉ်မှူး အများအပြား လိုအပ်နေတယ် လို့ အဲဒီစာစောင်မှာ ရေးထားပါတယ်။

လာမယ့် နှစ် ၂၀ အတွင်း အာရှပစိဖိတ် ဒေသမှာ လေယာဉ်မှူး ငါးသောင်းကျော်၊ လေယာဉ်စက်ပြင်ကျွမ်းကျင်သူ ခြောက်သောင်းကျော် လိုအပ်လာမှာဖြစ်ကြောင်း အဲဒီစာစောင်မှာ ဆက်ရေးထားပါတယ်။

ဒီလိုအပ်ချက်ကို ဖြည့်ဆည်းမယ့်သူများထဲ မြန်မာလေယာဉ်မောင်းတွေ၊ စက်ပြင်ကျွမ်းကျင်သူတွေ ပါပါလိမ့်မယ်။

အခု လျှောက်လွှာ ခေါ်နေတဲ့ ဒီသင်တန်းက မြန်မာပြည်မှာ ပထမဆုံးပေါ်ပေါက်လာတဲ့ လေယာဉ်မောင်းသင်တန်းကျောင်း ဖြစ်ဖွယ် ရှိပါတယ်။

ခါတိုင်းတော့ မြန်မာပြည်သားတွေ လေယာဉ်မောင်းသင်လိုရင် ပြည်ပက သင်တန်းတွေအထိ သွားရပါတယ်။ 

ဧရာဝတီBlog
မြန်မာနိုင်ငံအတွင်း လေယာဉ် မောင်းသင်တန်း တက်လိုသူတွေ ကို လျှောက်လွှာခေါ်ယူတဲ့ကြော်ငြာ ဒီရက်ပိုင်း သတင်းစာများ မှာ တွေ့ ရမှာပါ။
ကြော်ငြာထည့်တဲ့ ရန်ကုန်က Myanmar Aviation Academy ရဲ့ သင်တန်းကျောင်းကို ဒီနေ့ နေ့ခင်းပိုင်းမှာ ဆက်သွယ် မေးမြန်း ကြည့်တော့ သင်တန်းကြေးက ဒေါ်လာ ခြောက်သောင်းခွဲ လို့ ဖြေပါ တယ်။အရစ်ကျ ပေးလို့ရတယ်၊ မြန်မာငွေနဲ့ လည်း ပေးလို့ရ တယ် လို့ ပြောပါတယ်။

ဘာစီလိုနား အေစီမီလန်ကို ၄ ဂိုး ပြတ်နဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ကွာတား တက်ပြီ

Photo: ဘာစီလိုနား အေစီမီလန်ကို ၄ ဂိုး ပြတ်နဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ကွာတား တက်ပြီ

ချန်ပီယံစ် လိဂ် နောက်ဆုံး ၁၆ သင်း ဒုတိယ အကျော့ ပွဲစဉ်တွေမှာ ဘာစီလိုနားက အေစီ မီလန် ကို ၄ ဂို ဂိုးမရှိနဲ့ နိုင်ပြီး နှစ်ပွဲပေါင်း ၄ ဂိုး ၂ ဂိုး ရရှိကာ ကွာတား ဖိုင်နယ်ကို တက်သွားပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ ဘာစီလိုနား က  အိမ်ကွင်း ပီပီ မီလန်ကို တချိန်လုံး ဖိကစားနိုင်ခဲ့ပြီး၊ ပထမပိုင်း မှာတင် တိုက်စစ်မှူး မက်ဆီက ၂ ဂိုး သွင်းယူပြီး ပွဲကို ဦးဆောင် နေခဲ့တာ ဖြစ်ပါတယ်။

မက်ဆီသွင်းယူ တဲ့ ၂ လုံး စလုံးဟာ ဂိုးရှေ့ ပါနယ်တီး စည်း နားလောက်က နေ လှမ်းကန် သွင်းတဲ့ ဂိုးတွေပဲ ဖြစ်ပါတယ်။

ဒုတိယပိုင်း ၅၅ မိနစ်မှာ  ဒေးဗစ် ဗီယာ က တဂိုး သွင်းယူပြီး၊ မိနစ် ကိုးဆယ်ပြည့်လို့ အချိန်ဖြည့် ကစားချိန် ၉၁ မိနစ် အရောက်မှာ  အဲဘာ က တလုံး သွင်းယူပြီး  ၄ ဂိုးနဲ့ အနိုင်ရရှိသွားတာ ဖြစ်ါပတယ။်

နောက်တပွဲ ကတေော့ ဂျာမဏီက ရှောကာနဲ့ တူရကီက ဂလက်တာ စာရေး တို့ ပွဲဖြစ်ပြီး ဂလက်တာ စာရေးက ရှောကာကို ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ပြီး နှစ်ပွဲ ပေါင်း ၄ ဂိုး ၃ ဂိုးနဲ့ ဂလက်တာ စာရေး ကွာတား တက်သွားပါတယ်။ချန်ပီယံစ် လိဂ် နောက်ဆုံး ၁၆ သင်း ဒုတိယ အကျော့ ပွဲစဉ်တွေမှာ ဘာစီလိုနားက အေစီ မီလန် ကို ၄ ဂို ဂိုးမရှိနဲ့ နိုင်ပြီး နှစ်ပွဲပေါင်း ၄ ဂိုး ၂ ဂိုး ရရှိကာ ကွာတား ဖိုင်နယ်ကို တက်သွားပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ ဘာစီလိုနား က အိမ်ကွင်း ပီပီ မီလန်ကို တချိန်လုံး ဖိကစား နိုင်ခဲ့ပြီး၊ ပထမပိုင်း မှာတင် တိုက်စစ်မှူး မက်ဆီက ၂ ဂိုး သွင်းယူပြီး ပွဲ ကို ဦးဆောင် နေခဲ့တာ ဖြစ်ပါတယ်။

Tuesday, March 12, 2013

ပြည်မြို့ NLD နှစ်ခြမ်းကွဲကာ အချင်းချင်းဆန္ဒပြမှု တရားရုံးမှ ကိုင်တွယ်မည်


ပြီးခဲ့သည့် မတ်လ ၇ ရက် ၆ နာရီခွဲအချိန်တွင် ပြည်မြို့နယ်၊ ဖက်တန်းလမ်းရှိ၊ ဆံတော်ရပ် ကွက်ရှိ၊ ရပ်/ကျေး NLD ပါတီ ရုံးရှေ့မှစတင်ပြီး ဗိုလ်ချုပ်လမ်း၊ အမှတ် (၂၅၂)၊ ရွာဘဲရပ်ကွက်ရှိNLDပါတီရုံးရှေ့သို့NLDပါတီ မှ ဦးကျော် သန်းဦးဆောင်၍ကား(၃)စီးဖြင့် သွားရောက်ဆန္ဒ ပြခဲ့ကြောင်း သိရသည်။

လက်ပံတောင်း တောင် ကြေးနီ စီမံ ကိန်းနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးရေး အစီရင် ခံစာ အပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ ဖွဲ့စည်း

Photo: လက်ပံတောင်း တောင် ကြေးနီ စီမံ ကိန်းနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးရေး အစီရင် ခံစာ အပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ ဖွဲ့စည်း 
Tuesday, March 12, 2013             

             ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
                          နိုင်ငံတော် သမ္မတရုံး
                          အမိန့် ကြော်ငြာစာ
                         အမှတ်၊ ၂၈/ ၂ဝ၁၃
            ၁၃၇၄ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၁၄ ရက်
                   (၂ဝ၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်)

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ အပေါ် အေ ကာ င် အ ထည်  ဖ်ာဆောင် ရွက်မည့် ကော်မတီ ဖွဲ့စည်းခြင်းစစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် စပ်လျဉ်း၍ ''စုံစမ်း စစ်ဆေးရေး ကော်မရှင်''၏ အစီရင်ခံစာ အပေါ် အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် ''လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးအစီရင် ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့်ကော်မတီ'' ကို အောက်ပါအတိုင်း ဖွဲ့စည်းတာဝန် ပေးအပ်လိုက်ပါသည်-      

(၁) ဦးလှထွန်း ပြည်ထောင်စု ဝန်ကြီး ဥက္ကဋ္ဌသမ္မတရုံး ဝန်ကြီးဌာန (၆)

(၂) ဦးသာအေး ဝန်ကြီးချုပ် ဒုတိယ ဥက္ကဋ္ဌ စစ်ကိုင်းတိုင်း ဒေသကြီး အ စိုး ရ အဖွဲ့

(၃) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး စစ်ရေးချုပ် ဒုတိယဥက္ကဋ္ဌ စစ်ရေးချုပ်ရုံး

(၄) ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ပြည်ထောင်စု ဝန်ကြီး အဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန   

(၅) ဦးဝင်းထွန်း ပြည်ထောင်စု ဝန်ကြီး အဖွဲ့ဝင် ပတ်ဝန်းကျင် ထိန်း သိမ်းရေး နှင့် သစ်တော ရေးရာ ဝန်ကြီးဌာန

(၆) ဒေါက်တာ မြင့်အောင် ပြည်ထောင်စု ဝန်ကြီး အဖွဲ့ဝင် သ တ္တု တွင်း ဝန်ကြီးဌာန

(၇) ဦးစိုးဝင်း ဒုတိယ ဝန်ကြီး အဖွဲ့ဝင် သာသနာရေး ဝန်ကြီးဌာန 

(၈) ဦးအုန်းသန်း ဒုတိယဝန်ကြီး အဖွဲ့ဝင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန

(၉) ဦးမျိုးအောင် ဒုတိယ ဝန်ကြီး အဖွဲ့ဝင် စက်မှု ဝန်ကြီးဌာန

(၁ဝ) ဦးဝင်းထိန် ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင် သတ္တုတွင်း ဦးစီးဌာန

(၁၁) ဒေါက်တာ အောင်ထွန်းသက်   အဖွဲ့ဝင် အဖွဲ့ဝင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်

(၁၂) ဦးမောင်မောင်တင့် စီမံကိန်း ဒါရိုက်တာ အဖွဲ့ဝင် မြန်မာ စီးပွားရေး ဦးပိုင်လီမိတက် 

(၁၃) Mr.Geng Yi MD အဖွဲ့ဝင် မြန်မာ ဝမ်ပေါင် ကုမ္ပဏီ  

(၁၄) ဦးသန့်ရှင်း ဒုတိယ ဝန်ကြီး အတွင်းရေးမှူး သမ္မတရုံး ဝန်ကြီးဌာန (၁)

(၁၅) ဦးတင်မြင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် တွဲဖက်အတွင်းရေးမှူး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန

(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

မြ၀တီပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
အမိန့် ကြော်ငြာစာ
အမှတ်၊ ၂၈/ ၂ဝ၁၃
၁၃၇၄ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၁၄ ရက်
(၂ဝ၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်)
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ အပေါ် အေ ကာ င် အထည်ဖ်ာဆောင် ရွက်မည့် ကော်မတီ ဖွဲ့စည်းခြင်းစစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ဆား လင်း ကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် စပ်လျဉ်း၍ ''စုံစမ်း စစ်ဆေးေ ရး ကော် မ ရှင်''၏ အစီရင်ခံစာ အပေါ်အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် ''လက်ပံတောင်းေ တာင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးအစီရင် ခံစာအပေါ် အကောင် အထည်ဖော် ဆောင် ရွက် မည့်ကော်မတီ'' ကို အောက်ပါအတိုင်း ဖွဲ့စည်းတာဝန် ပေးအပ်လိုက်ပါသည်-

ခရီးသည်တင်ယာဉ်များ စည်းကမ်းလိုက်နာမှု အားကောင်းစေရေးတွင် ယာဉ်လုပ်သားများအား ချီးမြှင့်ငွေ ပုံစံအား ပြောင်းလဲရန်လည်း ပါဝင်

Photo: ခရီးသည်တင်ယာဉ်များ စည်းကမ်းလိုက်နာမှု အားကောင်းစေရေးတွင် ယာဉ်လုပ်သားများအား ချီးမြှင့်ငွေ ပုံစံအား ပြောင်းလဲရန်လည်း ပါဝင် 
Tuesday, March 12, 2013

ရန်ကုန် ၊ ၁၂-၃-၂၀၁၃

ရန်ကုန်မြို့တော် အတွင်း နေ့စဉ် ကြုံတွေ့ နေရသည့် ယာဉ်ကြော ကြပ်တောင့် ပိတ်ဆို့မှုများ ဖြစ်ပေါ် နေခြင်းတွင် ယာဉ်ကြီး ယာဉ်ငယ် များ၏ စည်းကမ်းလိုက်နာမှုမရှိခြင်းသည်အဓိကအချက်ဖြင့်  တွေ့မြင် နိုင်မည် ဖြစ်ပြီး ခရီးသည်တင် ယာဉ်များ စည်းကမ်း လိုက်နာမှု အားကောင်း လာစေရေး အတွက်ယာဉ်လုပ်သားများအားချီးမြှင့်သည့် ငွေကြေးပုံစံအား ပြောင်းလဲရန်လည်း ပါဝင်ရာ ယင်းအချက်အား မထသ (ဗဟို)က ဆောင်ရွက် နေမှုသည် လက်ရှိ အခြေအနေတွင် လိုအပ်ချက် တစ်ရပ်ပင် ဖြစ်ကြောင်း ရန်ကုန် မြို့ခံများက ဆိုသည်။

ခရီးသည်တင် လိုင်းများ အနေဖြင့် နေ့စဉ် ၀င်ငွေအပေါ် မူတည်ကာ နေ့စဉ် ခွဲဝေယူ ကြခြင်း ဖြစ်သည့်အတွက် ခရီးသည် ပိုမို ရရှိရေး အတွက် အလုအယက် အပြိုင်အဆိုင် မောင်းနှင်ခြင်းများ ဖြစ်ပေါ် လာသည့် အတွက် အဆိုပါ နေ့စဉ် ချီးမြှင့်မှု စနစ်ကို လ၀က်တစ်ကြိမ် သို့မဟုတ် တစ်လတစ်ကြိမ် စနစ်သို့ ပြောင်းလဲ ကျင့်သုံး သင့်ကြောင်း ရန်ကုန်မြို့ခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးဝင်းအေးဖေ က ပြောသည်။

ယာဉ်လိုင်း တစ်လိုင်း အတွက် သတ်မှတ် လမ်းကြောင်း အတိုင်း ပြေးဆွဲရာတွင် ရရှိလာမည့် စံချိန်ဝင်ငွေကို စမ်းသပ် လေ့လာ ထားပြီး ဖြစ်ရာ စံချိန်အပေါ် မူတည်၍ ယာဉ်လုပ်သား များအား ကန်ထရိုက် စနစ်ဖြင့် မောင်းနှင် စေခြင်းမှာ အန္တရာယ် များပြား လှသည့်အတွက် မကျင့်သုံး သင့်ကြောင်း ၊ ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ် မြောက်ပိုင်းနေ အငြိမ်းစား ၀န်ထမ်း တစ်ဦးဖြစ်သူ ဦးကျော်မင်းက ဆိုသည်။ " ကန်ထရိုက် ပေးထားတဲ့ ဘီအမ်တွေအန္တရာယ်ဘယ်လောက်များတယ်ဆိုတာမြို့သစ်မှာ နေတဲ့သူတွေ သိပြီးသားပါ ၊ စံချိန်ထက် ပိုမှရမှာ ဆိုတော့ ခရီးသည် တင်တာကို အလုအယက် ရှာတဲ့အခါ ဆွဲတင် - တွန်းချ ဆိုတဲ့ စကားလုံးဟာ ရန်ကုန် လိုင်းကား လောကမှာ ရေပန်းစားတဲ့ စကားလုံး ပါပဲ ၊ ဒါတွေအတွက် ကြပ်မတ် သင့်ပါပြီ ... " ဟု ၄င်းက ပြောသည်။

" ဒီလို လစာနဲ့ သွားတဲ့စနစ်ကို ကျင့်သုံးမယ် ဆိုရင်လည်း တစ်ပြေးညီ ကျင့်သုံး သင့်ပါတယ် ၊ မဟုတ်ရင် ဘာမှ ထူးမှာ မဟုတ်ပါဘူး ၊ အသစ်ဝင် လာတဲ့ ပုဂ္ဂလိက လိုင်းတွေလည်း အစကတော့ လစာနဲ့ သွားတာမို့ ခရီးသည် အပေါ် ၀န်ဆောင်မှုပိုင်း ကောင်းတယ်လို့ ချီးကျူးမယ်လို့ ကြံကာ ရှိသေးတယ် ၊ သူတို့လည်း အခြား ယာဉ်လိုင်း တွေလိုပဲ ငွေရှာ ကြရတဲ့အခါ ကျတော့ ဆွဲတင် - တွန်းချ - တံခါးပိတ်မောင်း " တဲ့ အထဲ ပါသွားတာပဲ ၊ အခု ယာဉ်ကြပ်ပြီးလား ဆိုရင် ခရီးသည်တင် ယာဉ်ကြီးတွေက ညာအစွန်လိုင်း ကနေ ဘယ်အစွန် ကိုကူးတယ် ၊ ဘယ်အစွန် လိုင်းကနေ ညာအစွန်ကို ကူးနေကြ တုန်းပဲ ... " ဟု ရန်ကုန် မြို့လယ် ပန်းပဲတန်း မြို့နယ်နေ ကိုသူရဦး က သူ့အတွေ့အကြုံ ကို ပြောသည်။

လက်ရှိတွင် ရန်ကုန် မြို့တော်ရှိ ခရီးသည်တင် ယာဉ်လိုင်း အများစုအား မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ
( ရန်ကုန် ) နှင့် (ဗဟို) ၏ စီမံခန့်ခွဲမှု အောက်တွင် ရှိနေပြီး ယာဉ်လိုင်းများ၏ နေ့စဉ် ၀င်ငွေအပေါ် အချိုးကျ ခွဲဝေမှု ပုံစံမှာ ယာဉ်ပိုင်ရှင် က ၇၀ ရာခိုင်နှုန်း ၊ ယာဉ်လုပ်သား များက ၃၀ ရာခိုင်နှုန်း ကို နေ့စဉ် ခွဲဝေ ကြခြင်း ဖြစ်သည်။

ွှThe Myawady Dailyရန်ကုန်မြို့တော် အတွင်း နေ့စဉ် ကြုံတွေ့ နေရသည့် ယာဉ်ကြော ကြပ်တောင့် ပိတ်ဆို့မှုများ ဖြစ်ပေါ် နေခြင်းတွင် ယာဉ်ကြီး ယာဉ်ငယ် များ၏ စည်းကမ်းလိုက်နာမှုမရှိခြင်းသည်အဓိက အချက်ဖြင့် တွေ့ မြင် နိုင်မည် ဖြစ်ပြီး ခရီးသည်တင် ယာဉ်များ စည်းကမ်း လိုက်နာမှု အားကောင်း လာစေရေး အတွက်ယာဉ်လုပ်သားများအား ချီးမြှင့် သည့် ငွေကြေးပုံစံအား ပြောင်းလဲရန်လည်း ပါဝင်ရာ ယင်းအချက်အား မထသ (ဗဟို)က ဆောင်ရွက် နေမှုသည် လက်ရှိ အခြေအနေတွင် လိုအပ်ချက် တစ်ရပ်ပင် ဖြစ်ကြောင်း ရန်ကုန် မြို့ခံများက ဆိုသည်။

ကင်တားနား အကြံပေးချက် မြန်မာ လက်မခံ

Photo: ကင်တားနား အကြံပေးချက် မြန်မာ လက်မခံ 
Tuesday, March 12,2013

တနင်္လာနေ့ မတ်လ ၁၁ ရက်နေ့က လူ့ အခွင့် အရေးကောင် စီ မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္ဂ လူ့အခွင့်အရေး စုံ စမ်း စစ်ဆေးေ ရး မှူး သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ စိုးရိမ်စရာ အနေအထားမှာ ဆက်ပြီး ရှိနေသေး တယ် ဆို တာ ကိုထောက်ပြပြော ဆို ခဲ့တဲ့ အပေါ် မှာမြန် မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က လက်မခံ ကြောင်း ချေပပြောဆိုခဲ့ပါတယ်။
 
အနောက်နိုင်ငံ အများစုကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ ခုထက် ပိုပြီး ပိုကောင်းမွန်အောင် ဆောင်ရွက်ဖို့ လိုအပ်နေတယ်ဆိုတာကို အသိအမှတ်ပြုခဲ့သလို ဒီအပေါ် မှာ မြန်မာအစိုးရကိုလည်း သတိပေး တိုက်တွန်းမှုတွေ လုပ်ခဲ့ပါတယ်။
 
မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ကတော့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက် အများစုတွေဟာ လက်ရှိ အခြေအနေနဲ့ ကိုက်ညီမှု မရှိတဲ့အတွက် လက်မခံနိုင်ကြောင်း တနင်္လာနေ့ က လူ့အခွင့်အရေးကောင်စီမှာ အခုလို တုံ့ပြန် ချေပသွားပါတယ်။
 
“အထူးကိုယ်စားလှယ်ရဲ့ အကြံပြုချက် အများစုဟာ လက်ရှိ အခြေအနေမှာ ကိုက်ညီမှု မရှိတော့ တဲ့အကြောင်းနဲ့ သူတင်ပြတဲ့ အချက်တွေ ထဲ မှာမြန် မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တစိတ် တပိုင်း အဖြစ်ဆောင် ရွက်ခဲ့ပြီးတဲ့ အကြောင်းအရာတွေ ပါဝင်နေပါတယ်။ တချို့ကတော့ ခုချိန် မှာ ဆောင်ရွက်နေဆဲ ကိစ္စတွေဖြစ်သလို ဆက်ပြီးတော့ ဆောင်ရွက်သွားမှာ လည်းဖြစ်ကြောင်းနဲ့အစီရင်ခံစာထဲက တချို့ အချက်အလ က်တွေ ဟာမြန် မာနိုင်ငံရဲ့ အချုပ်အချာ အာဏာကို ထိပါးတဲ့ ရည်ရွယ်ချက် ရှိရှိနဲ့ ကြိုတင် စီမံရေးသားမှုတွေ ဖြစ်တဲ့ အကြောင်း” မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စား လှယ် က ပြောသွားတာပါ။
 
မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ဆက်လက် အကောင်အထည်ဖော် ဆောင် ရွက်နေသလို လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ တိုးတက်မှုတွေ အများကြီး ရှိတယ်လို့ဆိုပြီး လူ့အခွင့် အရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပြန်လည် သုံးသပ်မှုတွေ လုပ်သင့်တဲ့ အကြောင်း မြန်မာကိုယ်စားလှယ်က ပြောသွားပါတယ်။
 
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ကတော့ မြန်မာ အစိုးရ ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို အသိအမှတ်ပြုတဲ့ တချိန်တည်း မှာ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံပြီး ဒီပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်တွေကို ရှေ့ဆက် အကောင်းအထည် ဖော်သွားဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
 
“မြန်မာနိုင်ငံမှာ လက်တလော ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲမှုတွေကို ကျနော်တို့ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုင်တွယ် ဖြေရှင်းရမယ့် စိန်ခေါ် မှုတွေ အများကြီး ရှိနေသေးတယ်ဆိုတာ ကိုလည်း အာဆီယံ က နားလည်လက်ခံထား ပါတယ်။ ဒါကြောင့် မြန်မာ အစိုးရအနေနဲ့ ဒီပြုပြင် ပြောင်းလဲမှုလုပ်ငန်းတွေမှာ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံပြီး နိုင်ငံတကာရဲ့ အကူအညီနဲ့ ဆက်လက် အကောင်အထည်ဖော်သွားဖို့ အာဆီယံ က တိုက်တွန်းပါတယ်။”
 
အာဆီယံအနေနဲ့ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ အနီးကပ် စောင့်ကြည့်နေတဲ့အကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက် လို့ မြန်မာအစိုးရအနေနဲ့ ခုထက် ပိုပြီး ကိုင်တွယ်ဆောင်ရွက်မှုတွေ လုပ်သွားဖို့လည်း အာဆီယံနိုင်ငံရဲ့ ကိုယ်စား ထိုင်းနိုင်ငံ ကိုယ်စား လှယ်က တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။
 
ဥရောပသမဂ္ဂရဲ့ ကိုယ်စားလှယ်ကတော့ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် မစ္စတာ ကင်တားနား သူ့အစီရင်ခံစာထဲ မှာ ထောက်ပြထားတဲ့အ တိုင်း မြန်မာအစိုးရအနေနဲ့ အကျဉ်းထောင်တွေ ထဲမှာ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေး ဖို့ တောင်းဆို သွားပါတယ်။
 
“ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ထပ်ပြီး လွှတ်ပေးခဲ့တဲ့အပေါ်မှာ ဥရောပသမဂ္ဂအနေနဲ့ ကြိုဆိုတဲ့ တချိန်တည်းမှာပဲ ဒီလိုလွှတ်ပေးမှုတွေဟာ ချွင်းချက် မရှိရ ဘူးဆိုတာကို ကျမတို့ အလေးအနက် ပြောကြားခဲ့ပါတယ်။ ဆက်လက် အကျဉ်းကျခံနေရ ဆဲဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ သူတို့ဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြီး သူတို့ကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်နိုင်ဖို့အတွက် ကော်မတီ ဖွဲ့ ဆောင်ရွက်ဖို့ မကြာသေးခင်က သမ္မတရုံးက ဦးဆောင် ကြိုးပမ်းနေတဲ့အပေါ်မှာလည်း ဥရောပသမဂ္ဂက ကြိုဆိုပါတယ်။ အခုလို ဆောင်ရွက်မှုတွေက ပိုပြီးတော့ ပွင့်လင်းမြင်သာမှုတွေနဲ့ အမျိုးသား ပြန် လည်သင့်မြတ်ရေးအတွက် အထောက်အကူ ဖြစ်လာဖို့ မျှော်လင့်ပါတယ်။”
 
မြန်မာနိုင်ငံထဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ဖွင့်ဖို့ကိစ္စ မြန်မာအစိုးရ အနေနဲ့ အမြန်ဆုံး ဆောင် ရွက်ဖို့လည်း ဥရောပသမဂ္ဂ က တိုက်တွန်း သွားပါတယ်။
 
အလားတူ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးဖွင့်ဖို့ကိစ္စကို အမေရိကန်ပြည်
ထောင် စု ကလည်း တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ရည်ရွယ်ပြီး တိုင်းရင်းသားအဖွဲ့တွေ နဲ့ နိုင်ငံရေးအ ရ ဆွေးနွေးမှုတွေ အခုထက် ပို ခိုင်မာအောင် ဆောင်ရွက်ဖို့ နဲ့ မြန်မာနိုင်ငံ တွင်း တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့ အထူးကိုယ်စား
လှယ်ရဲ့ အကြံပေးချက်တွေကို အမေရိကန် ကိုယ်စားလှယ်က ထောက်ခံ တင်ပြသွားခဲ့ပါတယ်။
 
“၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အပါအ၀င် မြန်မာနိုင်ငံရဲ့ ဥပဒေအားလုံး ကို နိုင်ငံတကာ လူ့အခွင့်အရေး စံညွှန်းတွေနဲ့အညီ ပြီးပြည့်စုံတဲ့ ဥပဒေတွေဖြစ်အာင် ပြုပြင် ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတဲ့ အထူးကိုယ်စား လှယ် ရဲ့ အကြံပေး တင်ပြမှုကို ကျမတို့ အခိုင်အမာ ထောက် ခံပါတယ်။ အသစ်ပြဌာန်းမယ့် ဥပဒေတွေအတွက် civil society  လူထုအခြေပြု လူမှုအဖွဲ့အစည်း တွေ အပါအ၀င် သက်ဆိုင်ရာ လူမှုအဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေနဲ့အတူ လက်တွေ့ကျတဲ့ နှီးနှောတိုင်ပင်မှုတွေ ရယူနိုင်ဖို့အတွက် လူထုကြား အချက်အလက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေ တာ အသိပေးတာတွေ ရှိရပါမယ်။”
 
ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ကြသူတွေအပေါ် အာဏာပိုင်တွေဘက်က အင်အားသုံး အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်က အထူးစိုးရိမ်တဲ့အကြောင်းနဲ့ လက်ရှိအခြေအနေထက် ပိုပြီးတော့ လွတ်လပ်တဲ့ ထုတ်ဖော် ပြောဆိုခွင့်တွေနဲ့ စုဝေးခွင့်တွေ ခွင့်ပြုဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။
 
မနေ့က လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံလည်း တုံ့ပြန်ပြောသွားပါ တယ်။ မြန်မာအစိုးရအနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုတွေကို တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့အကြောင်းနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီး လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်အောင် ဆောင် ရွက်နိုင်ခဲ့တဲ့အကြောင်းနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေမှာလည်း တိုးတက်မှုတွေ ရှိတဲ့အကြောင်း တရုတ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က စကားပြန်ကနေတ ဆင့် ပြောသွားခဲ့ပါတယ်။
 
“မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ တရုတ်နိုင်ငံကလည်း ကူညီဆောင်ရွက်ပေးနေ တဲ့အကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်တဲ့    အဖွဲ့အစည်းတွေကြား ငြိမ်းချမ်းရေးဆွေးနွေး  မှုတွေ မကြာခင်ကပဲ တရုတ်နိုင်ငံမှာ လက်ခံ ကျင်းပပေးနေတဲ့အကြောင်းနဲ့ အခြေအနေတွေ ပိုပြီးတော့ ကောင်းမွန်လာေ နတယ်။”လို့တရုတ်နိုင်ငံကိုယ်စားလှယ်ကစကားပြန်ကနေဆင့် ပြောသွားခဲ့တာပါ။
 
နိုင်ငံတကာအနေနဲ့လည်း မြန်မာ့အရေးကို အကောင်းဘက်ကကြည့်ပြီး အပြုသဘောဆောင်တဲ့ အကူအညီတွေ ပေးသွားဖို့ လိုအပ်တဲ့အကြောင်းလည်း သူက ပြောသွားခဲ့ပါတယ်။ 

VOA

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်ဝေတနင်္လာနေ့ မတ်လ ၁၁ ရက်နေ့က လူ့ အခွင့် အရေးကောင် စီ မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္ဂ လူ့အခွင့်အရေး စုံ စမ်း စစ်ဆေးေ ရး မှူး သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ စိုးရိမ်စရာ အနေ အထားမှာ ဆက်ပြီး ရှိနေသေး တယ် ဆို တာ ကိုထောက်ပြပြော ဆို ခဲ့တဲ့ အပေါ် မှာမြန် မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က လက်မ ခံ ကြောင်း ချေပပြောဆိုခဲ့ပါတယ်။

ခိုင်မာတဲ့ အပစ်ရပ်အတွက် အစိုးရနဲ့ KIA ဆက်ဆွေးနွေးသွားမည်

Photo: ခိုင်မာတဲ့ အပစ်ရပ်အတွက် အစိုးရနဲ့ KIA ဆက်ဆွေးနွေးသွားမည် 
Tuesday, March 12, 2013 

မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO တို့အကြား တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒီလအတွင်း ပြုလုပ်တဲ့ ဒုတိယအကျော့ တွေ့ဆုံဆွေးနွေးပွဲ မနေ့က ပြီးဆုံးသွားပေမဲ့ ငြိမ်းချမ်းရေးအတွက် အပြီးသတ် လက်မှတ်ရေး ထိုးနိုင်တဲ့အဆင့်ထိတော့ သဘောတူညီချက် မရခဲ့ကြပါဘူး။

စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးရတဲ့အထိ ဆက်လက် တွေ့ဆုံ ဆွေးနွေးဖို့နဲ့ ပဋိပက္ခဖြစ်နေ တဲ့ နေ ရာတွေကို နှစ်ဘက် စောင့်ကြည့်ရေး အတွက်တော့ သဘောတူညီခဲ့ကြပါ တယ်။ ဒီဆွေးနွေးပွဲ အသေးစိတ်ကိုတော့ ကိုယ်တိုင် သွားရောက် သတင်းယူ ခဲ့တဲ့ ဗွီအိုအေ၀ိုင်းတော်သူ ဒေါ်ခင်စိုးဝင်း က ဆွေးနွေးပွဲ ကျင်းပ ရာ ရွှေလီ မြို့ကနေ သတင်းပေးပို့ထားပါတယ်။
 
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိုယ်စားလှယ်နဲ့ KIO ကချင်လွတ်မြောက်ရေး အဖွဲ့ ကိုယ်စားလှယ်တွေကြားမှာ ဒီကနေ့ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲ စတင်ကျင်းပပါတယ်။ စတင် ကျင်းပတဲ့ အချိန် ကတော့ မနက် ၉ နာရီလောက်ကဖြစ်ပြီးတော့ အခု လက်မှတ် တကယ်ရေး ထိုးနိုင်ခဲ့တဲ့ အချိန်ကတော့ ည ၁၂ နာရီ မိနစ် ၄၀ ဖြစ်ပါတယ်။
 
သဘောတူညီခဲ့တဲ့ အချက်ကတော့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ကို ဆောင်ရွက်နိုင်သည်အထိ ဆက်လက်ပြီးတော့ အကောင်အ ထည်ဖော် သွားဖို့ သဘောတူညီမှု ရရှိခဲ့ကြပါတယ်ရှင်။
 
သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့မှာ လိုက်ပါလာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ်နဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
 
“အဓိက ဒီနေ့ရဲ့ ရလဒ်ကတော့ အပစ်အခတ်ရပ်စဲရေး၊ ခိုင်မာတဲ့ အပစ်အ ခတ် ရပ်စဲရေး ဆက်လက် ဆောင်ရွက်မယ်ဆိုတာကို နှစ်ဦးနှစ်ဘက် သဘော တူညီချက် ရတာဟာ ဒီကနေ့ ဆွေးနွေးပွဲရဲ့ အဓိက ရလဒ်ပါပဲ။ ဒါပေမဲ့ လတ် တလောကတော့ ကျနော်တို့က နှစ်ဘက် အပစ်အခတ် ရပ်စဲရေး ဦး တည်ပြီးတော့ မှ ဆောင်ရွက်တာဖြစ်တော့ ဘယ်နေရာတွေမှာ အရေးကြီး တဲ့ ရှေ့တန်းနေရာတွေကို ဦးစားပေးပြီးတော့ ဒီကနေ့ ဆောင်ရွက်မှာပါ။ ဒီထက်တဆင့် တဖြေးဖြေးနဲ့ တက်လာတဲ့အခါကျရင်တော့ နောက်ပိုင်း ကျရင်တော့ ဆက်ဆံရေးရုံးလိုဟာမျိုးတို့ ဒါတွေကတော့ နောက်ပိုင်းမှာ ဆက်လက်ဖြစ်လာမယ့် ဟာတွေပါ။”
 
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ကိုယ်စားလှယ် ဗိုလ်ချုပ်ဂွန်မော် ကတော့ နိုင်ငံရေး ဆွေးနွေး ပွဲတွေ လုပ်နိုင်တဲ့အထိ ကြိုးစားသွားမယ်လို့ အခုလို မှတ်ချက်ပေးပါတယ်။
 
“အရေးကြီးတဲ့အချက်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာတဲ့အထိ လုပ်သွားမယ်။ ပြီးတော့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရတဲ့အထိ ဆက်လက် ဆောင်ရွက်သွားမယ် ဆိုတဲ့ အချက်က အရေးကြီးပါ တယ်။ ဒီနှစ်ချက်ပါပဲ အရေးကြီးတာက”
 
မတ်လ ၁၁ ရက်နေ့ တနင်္လာနေ့မှာ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတဲ့ ဆွေးနွေးပွဲ မှာ နှစ်ဘက် အချိန်ယူပြီး အသေးစိတ် ညှိနှိုင်းခဲ့ရ တာတွေ ရှိပါတယ်။ အောက်ခြေတပ်ဖွဲ့တွေအထိ ညွှန်ကြားချက်တွေ ရောက် ရှိနိုင်ဖို့ ဆောင်ရွက်ရေးနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မြေပြင်တွေ မှာ ကွင်းဆင်းလေ့လာ စောင့်ကြည့်နိုင်ရေးအတွက် နှစ်ဘက် အနီးကပ် ဆောင် ရွက်နိုင်ဖို့ ညှိနှိုင်းစောင့်ကြပ်ရေးရုံးတွေ ထားရှိနိုင်ဖို့ကိုလည်း သဘောတူ ခဲ့ကြပါတယ်။
 
ဒီနေ့ ဆွေးနွေးပွဲမှာတော့ နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့တွေ ရင်းရင်းနှီးနှီး နဲ့ ဆွေးနွေးသွား တာ တွေ့ရပါတယ်။ နောက်တ ကြိမ် ဆွေးနွေးမယ့် အစည်းအဝေးကိုတော့ ဧပြီလ ၁၀ ရက်နေ့ မတိုင်ခင်မှာ ဆွေးနွေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်ရှင်။

ဒေါ်ခင်စိုးဝင်း
VOA

အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ မတ်လ ၁၁ ရက်နေ့က တွေ့ဆုံစဉ်မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO တို့အကြား တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒီလအတွင်း ပြုလုပ်တဲ့ ဒုတိယအကျော့ တွေ့ဆုံဆွေးနွေးပွဲ မနေ့က ပြီးဆုံးသွားပေမဲ့ ငြိမ်းချမ်းရေးအတွက် အပြီးသတ် လက်မှတ်ရေး ထိုးနိုင်တဲ့အဆင့်ထိတော့ သဘောတူညီချက် မရခဲ့ကြပါဘူး။
စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးရတဲ့အထိ ဆက်လက် တွေ့ဆုံ ဆွေးနွေးဖို့နဲ့

အာကာသ အပျက်အစီး များနှင့် ဂြိုဟ်တုများ တိုက်မိမှု အန္တရာယ် ပိုမို ကြီးထွားလာ

တရုတ်နိုင်ငံ၏ ဂြိုဟ်တု တိုက်ဖျက်ရေး စမ်းသပ်မှု တစ်ခုမှ ထွက်ပေါ်ခဲ့သော အာကာသ အပျက် အစီး များ Space Junk သည် ယခုနှစ် အစောပိုင်းက ရုရှား နိုင်ငံ၏ ဂြိုဟ်တု တစ်လုံးကို တိုက်မိ ခဲ့ပြီးေ နာက် အနိမ့်ပျံ ကမ္ဘာပတ် လမ်းကြောင်း တွင် (LEO) ဂြိုဟ်တုများနှင့် အာကာသ အပျက်အစီးများ တိုက်မိမည့် ဘေးအန္တရာယ်မှာ ပိုမိုကြီး ထွားနိုင် သည့် အလား အလာ ရှိကြောင်း ကျွမ်းကျင်သူ

ကမ္ဘာ့အကြီးဆုံး ရေကူးကန်

Photo: ကမ္ဘာ့အကြီးဆုံး ရေကူးကန်
Monday, March 11, 2013

ချီလီ သမ္မတနိုင်ငံ၊ Algarrobo မြို့ မှာ တည်ရှိနေတဲ့ ရေကူးကန်တစ်ခု ဖြစ် ပါတယ်။ ပစိဖိတ် သမုဒ္ဒရာကို မျက်နှာမူထားပါတယ်။

ရေကူးကန်ဟာ တစ်ထောင်မီတာ အရှည်ရှိပြီး ဧကပေါင်း ၂၀ အကျယ် ရှိပါတယ်။ ရေဂါလံပေါင်း ၆၆ သန်းထည့်ထားရပါတယ်။ ပစိဖတ် သမုဒ္ဒရာက ပင်လယ်ရေကိုပဲ ရေသန့်စနစ်နဲ့ စစ်ထည့်ထားခြင်း ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလက တည်ဆောက်ပြီးစီးပါတယ်။ စုစုပေါင်း ကုန်ကျစရိတ် က အမေရိကန်ဒေါ်လာ ၂ ဘီလျံ ရှိပြီး ရေသန့်စင်စနစ် စက် တစ်ခုတည်းနဲ့တင် ၃.၅ သန်း ကုန်ကျပါတယ်။ နှစ်စဉ် ပြင်ဆင်စရိတ်က အမေရိကန်ဒေါ်လာ ၄ သန်း ရှိပါတယ်။

အနက်ဆုံး ရေအမြင့် ၁၁၅ ပေ ရှိပြီး San Alfonso del Mar အမည်ရ ယင်း ရေကူးကန်ဟာ ကမ္ဘာ့အကြီးဆုံး ရေကူးကန်အဖြစ် စံချိန်တင်ခဲ့ ပါတယ်။
---
Ref: wiki
ရိုးရာလေး ဗဟုသုတ
--
YoYarLayချီလီ သမ္မတနိုင်ငံ၊ Algarrobo မြို့ မှာ တည်ရှိနေ တဲ့ ရေကူး ကန် တစ် ခု ဖြစ် ပါတယ်။ ပစိဖိတ် သမုဒ္ဒရာကို မျက်နှာမူထားပါတယ်။
ရေကူးကန်ဟာ တစ်ထောင်မီတာ အရှည်ရှိပြီး ဧကပေါင်း ၂၀ အကျယ် ရှိပါတယ်။ ရေဂါလံပေါင်း ၆၆ သန်းထည့်ထားရပါတယ်။ ပစိဖတ် သမုဒ္ဒရာက ပင်လယ်ရေကိုပဲ ရေသန့်စနစ်နဲ့ စစ်ထည့် ထားခြင်း ဖြစ် ပါတယ်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလက တည်ဆောက်ပြီးစီးပါတယ်။ စုစုပေါင်း ကုန်ကျစရိတ် က အမေရိကန်ဒေါ်လာ ၂ ဘီလျံ ရှိပြီး ရေသန့် စင်စနစ် စက် တစ်ခုတည်းနဲ့တင် ၃.၅ သန်း ကုန်ကျပါ တယ်။ နှစ်

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီး ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်

Photo: ပြည်ထောင်စု  အဆင့်  ငြိမ်းချမ်းရေး  ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့၏  ငြိမ်းချမ်းရေး  ဆွေးနွေးပွဲ
အပြီး  ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်
Tuesday, March 12,2013

ပည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတ် ၁၁ ရက်နေ့ က တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြုလုပ်ခဲ့ပြီး တရုတ် စံတော်ချိန် မတ်လ ၁၁ ရက်နေ့ ည ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ပြီးဆုံးခဲ့ပါသည်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတ်လ ၁၁ရက်နေ့  နံနက်ပိုင်းတွင်  စတင်ပြုလုပ်ခဲ့ပြီး  နေ့လည် ထမင်းစားပြီးချိန်မှ  စတင်ပြီး  ဆွေးနွေးပွဲကို  ခေတ္တ  ရပ်နားခဲ့ကာ  ည ၉ နာရီအချိန်တွင်  ဆက်လက်  ကျင်းပခဲ့ပြီး ည ၁၂ နာရီ ၄၅ မိနစ် အချိန်တွင် ပြီးဆုံးခဲ့ခြင်း ဖြစ်ပါသည်။ (သတင်းအပြည့်အစုံကို ဆက်လက် ဖော်ပြပါမည်)

ဆွေးနွေးမှုအပြီးထုတ်ပြန်ခဲ့သောပူးတွဲ  ကြေညာချက်မှာ အောက်ပါအတိုင်း  ဖြစ်ပါသည်။

(၁) ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး  ဦးအောင်မင်း  ဦးဆောင်၍ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး  အပါအ၀င်  ကိုယ်စားလှယ်အဖွဲ့နှင့် KIO အမြဲတန်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ် အဖွဲ့တို့သည် ၂၀၁၃ ခုနှစ် မတ်လ (၁၁၊ ၁၂) ရက်နေ့များတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ရွှေလီမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

(၂) တွေ့ဆုံ ဆွေးနွေးပွဲသို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်  ကောင်စီ (UNFC) မှ  ကိုယ်စားလှယ် (၄) ဦး ၊ SSPP မှ ကိုယ်စားလှယ်(၂) ဦး၊  RCSS မှ ကိုယ်စားလှယ် (၂) ဦး ၊  NDAA မှ ကိုယ်စားလှယ် (၂) ဦး၊  ငြိမ်းချမ်းရေး ဆွေးနွေးရေး  အကျိုးတော်ဆောင်အဖွဲ့ (PCG)မှ ကိုယ်စားလှယ် (၄) ဦးနှင့် လေ့လာသူများအဖြစ် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံမှူးကြီး Mr.Wang Zongying နှင့် (၂) ဦးတို့ တက်ရောက်ခဲ့ပါသည်။

(၃) နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့သည်ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး
 အောက်ဖော်ပြပါ အချက်များကို သဘောတူညီ ကြပါသည်။

-(က) စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲများကို စတင်နိုင်ရေးအတွက် အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခိုင်မာသော အပစ်အခတ် ရပ်ဆိုင်းရေး ရရှိသည်အထိ ဆောင်ရွက်ရန် သဘော တူညီသည်။

-(ခ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ တွေ့ဆုံပွဲမှ ရလဒ်အဖြစ် တိုက်ပွဲများကို လျော့ချနိုင်ခဲ့သည် ဖြစ်ရာဆက်လက်၍လည်း ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက် တပ်ဖွဲ့များ ဆိုင်ရာ ကိစ္စများကို ဆက်လက်၍ ညှိနှိုင်း ဆောင်ရွက်သွားမည်။ လိုအပ်သည့် ညွှန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေ တပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြား သွားရန် သဘောတူသည်။

-(ဂ)ပဋိပက္ခ ဖြစ်ပွားသော ရှေ့တန်းစစ်မြေပြင်များကိုကွင်းဆင်း လေ့လာ
 စောင့်ကြည့်နိုင်ရေးအတွက်နှင့် နှစ်ဖက်ပိုမိုနီးကပ်စွာညှိနှိုင်း ဆောင်ရွက် နိုင်
ရန်အတွက် ညှိနှိုင်း စောင့်ကြပ်ရေး ရုံးများကို နှစ်ဖက်ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွားရန် သဘောတူသည်။

-(ဃ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ အစည်းအဝေးတွင် သဘောတူညီ ခဲ့ကြသည်များနှင့် ၂၀၁၃ ခုနှစ် မတ်လ (၁၁၊ ၁၂) ရက်နေ့ အစည်းအဝေးတွင် သဘော တူညီခဲ့ကြသည်များကို ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သဘောတူသည်။

-(င) နောက်တစ်ကြိမ် ဆွေးနွေးမှုကို ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ မတိုင်မီ ကျင်းပသွားရန် သဘောတူသည်။

၎။ စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှုများ တစ်နိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက် သွားကြမည် ဖြစ်ပါသည်။

Eleven Media Group

KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့်
ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) ခေါင်းဆောင် ဦးယွပ်ဇော်ခေါင် တို့ကို ဆွေးနွေးပွဲ အပြီးတွင် တွေ့ရစဉ်ပည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ ၏ ငြိမ်းချ မ်းေ ရး ဆွေးနွေးပွဲကို မတ် ၁၁ ရက်နေ့ က တရုတ်နို င်ငံ ရွှေလြီ မို့၌ ပြု လုပ်ခဲ့ပြီး တရုတ် စံတော်ချိန် မတ်လ ၁၁ ရက်နေ့ ည ၁၂ နာရီ ၄၅ မိနစ် အချိန်တွင် ပြီးဆုံးခဲ့ပါသည်။
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ ၏ ငြိမ်းချမ်းေ ရး ဆွေးနွေးပွဲကို မတ်လ ၁၁ရက်နေ့ နံနက်ပိုင်းတွင် စတင်ပြု လုပ်

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်နေသည်ဆိုသောသတင်းများကိုတပ်မတော်ဘက်မှ ငြင်းဆို

Photo: ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်နေသည်ဆိုသောသတင်းများကိုတပ်မတော်ဘက်မှ ငြင်းဆို
Tuesday, March 12, 2013

ဖေဖော်ဝါရီလ နောက်ဆုံးပတ်နှင့် မတ်လ လဆန်းပိုင်းများမှ စတင်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း တပ်မတော်မှ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်နေသည် ဆိုသော သတင်းများကို ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ငြင်းဆို လိုက်ပါသည်။

မတ်လ၁၁ရက်နေ့တရုတ်နိုင်ငံ၊ ရွှေလီမြို့၌သတင်းထောက်များနှင့် တွေ့ဆုံစဉ်ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ထိုကဲ့သို့ ငြင်းဆိုလိုက်ခြင်း ဖြစ်ပါသည်။

"အဲတာကတော့ မဟုတ်ပါဘူး။ မဟုတ်ပါဘူး ဆိုတာ အားလုံးလည်း သိတာပဲ။ ဒီဘက်က ကိုယ်တို့ကတော့ တပ်တွေက ကိုယ့် အလုပ်ကို ပုံမှန် လုပ်နေတာပေါ့။ 

အထူးသဖြင့်ကတော့တပ်တွေ ပြန်နားတာတို့။ နောက်တစ်ခုက အသစ် တက်တာတို့။ ဒါလေးတွေက ရှိတာပေါ့။ အဲဒီ အပေါ်မှာတော့ တစ်ချို့က Fcaebook တွေပေါ်မှာလည်း ပြောတာလေးတွေ ရှိတာပေါ့။ ဒါပါပဲ။ ထူးပြီးတော့ အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့တော့ မရှိပါဘူး။ တပ်မတော် ဆိုတာကတော့ ပြောတဲ့အတိုင်းပဲလုပ်ရတာပဲ”ဟုဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

ထို့အတူကချင်ပြည်နယ်အတွင်းစစ်ရေးတာဝန်များကိုရယူထားသည့်
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ကလည်း ကချင်ပြည်နယ်အတွင်း စစ်အင်အား တိုးချဲ့မှုများ မရှိကြောင်း ပြောပါသည်။

"အင်အားတိုးတဲ့ဟာတော့ မရှိပါဘူး။ ဒါလည်း ဘယ်အခြေမအမြစ်က လာတယ်လို့တော့ မသိဘူးပေါ့။ ကျွန်တော်တို့ အပိုင်းကတော့ အင်အားတိုးမြှင့်တဲ့ဟာ မရှိဘူး။ လောလောဆယ် တပ်လှုပ်ရှားမှုတွေ ရှိတယ်။ တပ် လှုပ်ရှား မှုတွေကလည်း ကျွန်တော်တို့  ပွင့်လင်းရာသီ ဖြစ်တဲ့ အတွက်ကြောင့် မလို့ ရိက္ခာ ပို့ရတာတွေ ရှိတယ်။ တပ်တွေ အချိန်း အပြောင်း ကိစ္စလေးတွေ  ရှိတယ်။ တပ်တွေ  အလှည့်ကျ အနားပေးတာလေးတွေ ရှိတယ်။ဒါတွေအတက်အဆင်းတွေရှိတဲ့အခါကျတော့  ဝေဖန်ချက်ပေါ့ဗျာ။ ဝေဖန် ချက်ပဲ ဖြစ် ပါလိမ့်မယ်။ တိတိကျကျ မပြောနိုင်တဲ့ဆီက လာတာပဲ ဖြစ်ပါလိမ့်မယ်"ဟု ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က Eleven Media Group သို့ ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပန်ဝါနှင့် ချီဗွေဒေသ များတွင် လေကြောင်း အသုံးပြုခဲ့ခြင်းနှင့် ပတ်သက်၍လည်း ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ရှင်းလင်းခဲ့ပါသည်။

“အဓိက ကတော့ ချီဗွေ၊ ပန်ဝါဘက်မှာ သုံးတယ်ဆိုတာက ကိုယ်တို့က စာမေးပွဲ မေးခွန်းတွေအတွက် အောက်က သွားလို့ မရတဲ့ အခါကျတော့ ရဟတ်ယာဉ်နဲ့ ပို့ပေးရတာ ရှိတယ်။ အဲဒီအပေါ်မှာ ပန်ဝါသွားတယ်။ ချီဗွေသွားတယ်။ ဒီဟာလေးတွေမှာတော့ တပ်အင်အားတွေ ဖြည့်ဖို့အတွက် သွားတယ်ဆိုပြီး စွပ်စွဲတာပေါ့။ အမှန်ကတော့ စာမေးပွဲ မေးခွန်းတွေ ပို့တာပါ”ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါသည်။

KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကမူ တပ်လှုပ်ရှားမှုများအတွက် အတိအကျ ပြောရန် ခက်ခဲကြောင်းနှင့် ရိက္ခာဖြည့်တင်းရန် လှုပ်ရှားခြင်း တစ်ခုတည်းကို ကြည့်၍ ကောက်ချက်ချရန် ခက်ခဲကြောင်း ပြောပါသည်။

"တပ်တွေရဲ့ လှုပ်ရှားမှုကတော့ အတိအကျ ပြောဖို့ ခက်တယ်။ ဥပမာ တပ်တွေ သွားနေတယ်။ တပ်တွေ လှုပ်ရှားနေတယ်။ တစ်ချို့ကတော့ အင်အား ဖြည့်တာ ဖြစ်ကောင်း ဖြစ်မယ်။ တစ်ချို့ကတော့ အလဲအလှယ် လုပ်တာလည်း ဖြစ်မယ်။ နောက် ရိက္ခာပို့တာတို့ ဘာတို့ ဖြစ်နိုင်တယ်။ ဒီဟာလေး တစ်ခုကိုပဲ သွားပြီး ပြောရင် ခက်တယ်။ ဒါကြောင့်မလို့ တပ်လှုပ်ရှားတဲ့ အပေါ်မှာတော့ ကောက်ချက်ချဖို့အတွက် ကျွန်တော်တို့က မှတ်ချက် ပေးဖို့ ခက်ပါတယ်"ဟု ဗိုလ်ချုပ် ဂွမ်မော်က ပြောပါသည်။

ကချင်ပြည်နယ်အတွင်း စစ်ရေး အရှိန်မြင့်တက်ခဲ့ပြီးနောက် ပြန်လည် စတင်ခဲ့သော ဖေဖော်ဝါရီလ၄ရက်နေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ  နောက်ပိုင်း 
နှစ်ဖက်တပ်များ အပြန်အလှန်ပစ်ခတ်မှုမရှိသလောက် လျော့ပါးသွားခဲ့ကြောင်း သိရပါသည်။

Eleven Media Group

ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ဖေဖော်ဝါရီလ နောက်ဆုံးပတ်နှင့် မတ်လ လဆန်းပိုင်းများမှ စတင်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း တပ်မတော်မှ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်နေသည် ဆိုသော သတင်းများ ကို ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ငြင်းဆို လိုက်ပါသည်။
မတ်လ၁၁ရက်နေ့တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ သတင်းထောက် များနှ င့် တွေ့ဆုံစဉ်ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ထိုကဲ့ သို့ ငြင်းဆို လိုက်ြ ခ င်း  ဖြစ်ပါသည်။
"အဲတာကတော့ မဟုတ်ပါဘူး။ မဟုတ်ပါဘူး ဆိုတာ အားလုံးလည်း သိတာပဲ။ ဒီဘက်က ကိုယ်တို့ကတော့ တပ်တွေက ကိုယ့် အလုပ်ကို ပုံမှန် လုပ်နေတာပေါ့။

Monday, March 11, 2013

မြန်မာ့ ရေငန်ပုစွန်များကို အမေရိကန် စတင်ဝယ်ယူပြီ

Photo: မြန်မာ့ ရေငန်ပုစွန်များကို အမေရိကန် စတင်ဝယ်ယူပြီ

မတ်လ ၁၁ ရက် ၂၀၁၃ 

 အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ပြီးသည့် နောက်ပိုင်း အမေရိကန်နိုင်ငံက
မြန်မာ့ ရေထွက်ကုန်များထဲမှ ရေငန်ပုစွန်များကို စတင်ဝယ်ယူပြီဖြစ်သည်။

“မြန်မာ့ ရေငန်ပုစွန်ကို အမေရိကန်ကုမ္ပဏီတွေအနေနဲ့ စတင်ဝယ်ယူနေပါပြီ။ ဒါကြောင့် အိုရှင်းဟားဗက် မြန်မာ ကုမ္ပဏီနဲ့ ရွှေယမုံ ကုမ္ပဏီတို့ကနေ တင်ပို့နေပါပြီ” ဟု ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးထွန်းအေး က ပြောသည်။

ရွှေယမုံကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ရှင်းပြရာတွင် “ကုမ္ပဏီအနေနဲ့ ရေငန်ပုစွန် တန် ၃၀၀ ဆက်တိုက်ပို့ဖို့ ရှိပါတယ်။ မတ်လ ၃ ရက်က ရေငန်ပုစွန် ၂၅ တန် တင်ပို့ပြီးပါပြီ။ ဂျပန်နိုင်ငံ အခြေစိုက် ဟီဂါရှီမာရူး အင်တာနေရှင်နယ် ကုမ္ပဏီကနေ ချိတ်ပြီး တင်ပို့တာပါ” ဟု ရွှေယမုံကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ဆိုသည်။

ဂျပန်ကုမ္ပဏီ ဟီဂါရှီမာရူးသို့ တင်ပို့ကာ ထိုမှတဆင့် ထိုင်းနိုင်ငံတွင် တန်ဖိုးမြှင့်ကုန် ထုတ်လုပ်ပြီး အမေရိကန်သို့ တင်ပို့မည် ဖြစ်သည်။

ရေငန်ပုစွန်များကို ဂျပန်၊ တရုတ်၊ ဟောင်ကောင် စသည့် နိုင်ငံများကလည်း ဝယ်ယူနေကြသည်။

မြန်မာနိုင်ငံတွင် ရေငန်ပုစွန်ကို ပင်လယ်ပြင်မှသာ ဖမ်းဆီးရောင်းချခဲ့ပြီး ၁၉၉၈ ခုနှစ်ရောက်မှ ရေငန်ပုစွန်
မွေးမြူခြင်းကို စတင်လုပ်ကိုင်ခဲ့သည်။

“ရေငန်ပုစွန် ၁ တန် ပေါက်ဈေးက အကောင်သေးရင် အမေရိကန်ဒေါ်လာ ၁၀,၀၀၀-၁၅,၀၀၀ လောက် ရနေတယ်။ အကောင်ကြီးရင် ၁ တန်ကို အမေရိကန်ဒေါ်လာ ၃၀,၀၀၀ လောက် ရနေပါတယ်” ဟု ပုစွန်လုပ်ငန်းရှင်များအသင်း -ဥက္ကဋ္ဌ ဦးနှင်းဦး က ပြောသည်။

ရွှေယမုံကုမ္ပဏီမှာ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်တွင် ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံ နှစ်ရုံ၊ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင် စက်ရုံ တရုံနှင့် ပုသိမ်မြို့တွင် ရေခဲစက်ရုံ တရုံဖြင့် ရေထွက်ကုန်များကို ထုတ်လုပ်လျက်ရှိသည်။

ထိုကုမ္ပဏီက ရေထွက်ကုန်များကို ပြည်ပသို့ တင်ပို့ရာတွင် ဂျပန်ဈေးကွက်သို့ အဓိက တင်ပို့နေပြီး ၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်ဖိုး တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်း ၃၀ ဖိုးခန့် တင်ပို့ ရောင်းချနိုင်မည်ဟု ဆိုသည်။ 

Mizzimaအမေရိကန်အစိုးရကစီးပွားရေးပိတ်ဆို့မှုများကိုဖြေလျှော့ပြီးသည့်ေ နာက် ပိုင်း အမေရိကန်နိုင်ငံကမြန်မာ့ ရေထွက် ကုန်များ ထဲမှ ရေ ငန် ပုစွန်များကို စတင်ဝယ်ယူပြီဖြစ်သည်။
“မြန်မာ့ ရေငန်ပုစွန်ကို အမေရိကန်ကုမ္ပဏီတွေအနေနဲ့ စတင်ဝယ် ယူနေပါပြီ။ ဒါကြောင့် အိုရှင်းဟားဗက် မြန်မာ ကုမ္ပဏီနဲ့ ရွှေယမုံ ကုမ္ပဏီတို့ကနေ တင်ပို့နေပါပြီ” ဟု ရေထွက်ပစ္စည်း ထုတ်လုပ် သူ များနှင့် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးထွန်းအေး

ဒီဇယ် တစ်ဂါလန်ဖြင့် ၃၁၃ မိုင် မောင်းနှင်နိုင်သည့် ကမ္ဘာ့ဆီစား အသက် သာဆုံး ကား

တစ်နေ့တခြား လောင်စာဆီ ဈေးနှုန်း မြင့်တက်လာပြီး လောင် စာဆီ ရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်ရန် အတွက် ကမ္ဘာ့ဆီစား အသက် သာဆုံး ကားကို ဗောက်စ်ဝက်ဂွန်ကား ကုမ္ပဏီက ထုတ်လုပ် လိုက် ပြီ ဖြစ်သည်။ အဆိုပါ ကုမ္ပဏီ မှထုတ်လုပ် လိုက်သော ကားသည် ဒီဇယ်ဆီ တစ်ဂါလန်လျှင် ၃၁၃ မိုင်မောင်းနှင် နိုင်သည်။
VWXL 1 ဟု အမည် ပေးထားသော ကားတွင် တပ်ဆင် ထားေ သာ ေ သးငယ်သည့် ၈ဝဝ စီစီ ဒီဇယ် အင်ဂျင် တစ်လုံး၊ သီးခြား လျှပ်စစ် မော်တာတစ်လုံးနှင့် ဘက်ထရီ တို့၏

ရန်ကုန်မန္တလေးကားလမ်းမှာ ကင်မရာတပ်တော့မယ်

ရန်ကုန် မန္တလေး အမြန်လမ်းမမှာ သတ်မှန်နှုန်းထက် ပိုမောင်း တာတွေ ကို အရှိန်ထိန်းတိုင်းကိရိယာသုံးပြီး စစ်ဆေးမယ် တဲ့။ ဒီကနေ့ သတင်း စာများမှာ ရေးထားတာပါ။
သတ်မှန်အမြန်နှုန်းထက် ပိုမောင်းတဲ့ ကားတွေကို ကင်မရာက အလို အလျောက် ဓာတ်ပုံရိုက်တာမျိုး ဖြစ်ပါလိမ့်မယ်။
ဓာတ်ပုံမှာ ပါမယ့် ကားနံပါတ်ကို စစ်ဆေးပြီး မိုင်ပိုမောင်းလို့ဒဏ်ရိုက်တယ်ဆိုတဲ့ အကြောင်းကြားစာကို စာတိုက်ကနေတဆင့် အိမ်ကို ပို့ဖွယ်

အစိမ်းရောင် အသီးအရွက်များကို စားသုံးခြင်းဖြင့် အမျိုးသမီး ရောဂါ လက္ခဏာများအား ၄ဝ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်

အစိမ်းရောင်ရှိ အသီးအရွက်များအား စားသုံးခြင်းသည် အမျိုးသမီး များ ၌ ဓမ္မတာ မလာမီ ခံစားရသည့် ဝေဒနာများအား ၄ဝ ရာခိုင်နှုန်း အ ထိ လျှော့ချ ပေးနိုင်ကြောင်း သုတေသီများ၏ အဆိုအရ သိရသည်။ အပင်များတွင် တွေ့ရှိရသည့် non-heme အမည်ရှိ သံဓာတ်အား
သိပ္ပံပညာရှင် များမှ သေချာစွာ လေ့လာ ဆန်းစစ် ခဲ့ကြသည်။ သိပ္ပံ ပညာရှင်များသည် ၎င်းသတ္တုဓာတ် ပြည့်ဝစွာ ပါဝင်သည့် အစား အသောက် များကို စားသုံးသည့် အမျိုးသမီးများအား ၁ဝ နှစ် ကြာ လေ့လာခဲ့ရာ ၎င်း အမျိုးသမီး များတွင်

NLD ညီလာခံ လာတက်တဲ့ ဆမ်မရိန်းစီးနဲ့ ဒေါ်အောင်ဆန်းစုကြည်

Photo: NLD ညီလာခံ လာတက်တဲ့ ဆမ်မရိန်းစီးနဲ့ ဒေါ်အောင်ဆန်းစုကြည် 
Monday, March 11, 2013

အခုဖော်ပြပါ ဓာတ်ပုံကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင်တဦးဖြစ် တဲ့ မစ္စတာ ဆမ်မရိန်စီးတို့ ၁၉၉၆ ခုနှစ်က ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းက နေအိမ်မှာ အမှတ်တရ ရိုက်ကူးထားတဲ့ ဓာတ်ပုံပါ။ 

ကမ္ဘောဒီယားနိုင်ငံ အမျိုးသားလွတ်မြောက်ရေးပါတီ ခေါင်းဆောင် ဆပ်မရိန်းစီး( Sam Rainsy) ဟာ လက် ရှိ ၀န်ကြီးချုပ် မစ္စတာ ဟွန်ဆန်ရဲ့ အဓိကပြိုင်ဘက်အတိုက်အခံ ပါတီခေါင်းဆောင်ဖြစ်ပြီး ရာဇ၀တ်ကြောင်း နဲ့ စွပ်စွဲခံရလို့ ဖမ်းဝရမ်း ထုတ်ခံခဲ့ရပါတယ်။ 

ဒါကြောင့် ဆမ်မရိန်းစီးဟာ ကမ္ဘောဒီယာနိုင်ငံက ထွက်ပြေးပြီး ပြင်သစ်နိုင်ငံ
ကို တိမ်းရှောင်နေသူပါ။ ဒါဟာ နိုင်ငံရေးအရ စွပ်စွဲ ခံရ တာလို့ သုံးသပ်
ကြပါတယ်။ 

ဆမ်မရိန်းစီးဟာ ရန်ကုန်မြို့ မှာ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ လွန်ခဲ့တဲ့ စနေနေ့ က ရန်ကုန်မြို့မှာ တွေ့ဆုံပြီး ဒီမိုကရေစီ လှုပ်ရှားမှုတွေ အကြောင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး NLD ပါတီ ရဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ဒုတိယနေ့ကိုလည်း တက်ရောက် ခဲ့ပါသေးတယ်။

ဓာတ်ပုံ- ဆမ်းမရိန်းစီး
ဧရာဝတီအခုဖော်ပြပါ ဓာတ်ပုံကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင်တဦးဖြစ် တဲ့ မစ္စတာ ဆမ်မရိန်စီးတို့ ၁၉၉၆ ခုနှစ်က ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းက နေအိမ်မှာ အမှတ်တရ ရိုက်ကူးထားတဲ့ ဓာတ်ပုံပါ။ ကမ္ဘောဒီယားနိုင်ငံ အမျိုးသား လွတ်မြော က်ရေးပါတီ ခေါင်းဆောင် ဆပ်မရိန်းစီး( Sam Rainsy) ဟာ လက် ရှိ ၀န်ကြီးချုပ် မစ္စတာ ဟွန်ဆန်ရဲ့ အဓိကပြိုင်ဘက်အတိုက်အခံ ပါတီခေါ င်းဆောင်ဖြစ်ပြီး ရာဇ၀တ်ကြောင်း နဲ့ စွပ်စွဲခံရလို့ ဖမ်းဝရမ်း ထုတ်ခံခဲ့ ရပါတယ်။

ပုသိမ်ကြီး မြို့နယ်အတွင်း လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသည့် သတင်းနှင့် ပတ်သက်ပြီး ရှင်းလင်း

Photo: ပုသိမ်ကြီး မြို့နယ်အတွင်း လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသည့် သတင်းနှင့် ပတ်သက်ပြီး ရှင်းလင်း
Monday, March 11, 2013

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မတ်လ ၉ ရက်နေ့က လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှု ဖြစ်စဉ်တွင် အမျိုးသမီးတစ်ဦး
သေဆုံးခဲ့သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် အဆိုပါ အမျိုးသမီးသည် အလှူရက် မတိုင်မီကတည်းက သေဆုံးခဲ့သူ ဖြစ်သည်ဟု အလှူပွဲကို ဦးဆောင်စီစဉ်ခဲ့သူ သံဃာတော်များက မတ်လ ၁၀ ရက်နေ့က ရှင်းလင်း မိန့်ကြားပါသည်။

“အစာအဆိပ်သင့်တာ ဟုတ်မဟုတ် ဓာတ်ခွဲခန်းကိုပို့ပြီး စစ်ဆေး ထားတယ်။ သေဆုံးတဲ့ အမျိုးသမီးက အလှူရက် မတိုင်ခင် ကတည်းကပါ။ အလှူနဲ့ မဆိုင်ဘူး။ ဒီရွာပတ်ဝန်းကျင်မှာ ၀မ်းပျက်ဝမ်းလျှော ဖြစ်နေတာ အလှူမတိုင်ခင် ကတည်းက၊ အခုအချိန်က ရာသီဥတု အကူးအပြောင်း လည်းဖြစ်၊ အလှူပေးတဲ့နေ့က နေပူထဲ အလှူလှည့်ပြီး အပြန်မှာ အအေးတိုက်လိုက် သေးတယ်။ အလှူအိမ်က ထမင်းနဲ့ဟင်းကို
ကျောင်းတိုက် မှာရှိတဲ့ သံဃာအပါး ၃၅၀ ကျော်ကို အရုဏ်ဆွမ်း၊ နေ့ဆွမ်း
ကပ်တာ ဘာမှမဖြစ်ပါဘူး” ဟု အဆိုပါ အလှူကို စီစဉ်ဆောင်ရွက်သူ သံဃာတစ်ပါးက ပုဏ္ဏားကုန်း ကျေးရွာရှိ အလှူအိမ်တွင် ရှင်းလင်း
ပြောကြားပါသည်။

“ဒီဖြစ်စဉ်ကြောင့် ဆေးထိုးရတဲ့ သူတော့ မရှိပါဘူး။ သူတို့ဖြစ်တဲ့ အခြေအနေက အစာအဆိပ်သင့်တဲ့အခါ ကြုံတွေ့ရတဲ့ လက္ခဏာတွေပါ။ အစားအသောက်က မသန့်ရှင်းတာလား၊ ကိုင်တွယ်သူတွေက မသန့်ရှင်းတာလား ဆိုတာကိုတော့ ဓာတ်ခွဲပြီး အဖြေထွက်မှ အတိအကျ ပြောနိုင်ပါမှာ” ဟု ပုသိမ်ကြီးမြို့နယ် ဆရာဝန်မှ ပြောကြား
ထားသည်။

Eleven Media Groupမန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မတ်လ ၉ ရက်နေ့က လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှု ဖြစ်စဉ်တွင် အမျိုးသမီးတစ်ဦး
သေဆုံးခဲ့သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် အဆိုပါ အမျိုးသမီးသည် အလှူရက် မတိုင်မီကတည်း က သေဆုံးခဲ့ သူ ဖြစ် သည်ဟု အလှူပွဲကို ဦးဆောင်စီစဉ်ခဲ့သူ သံဃာတော်များက မတ်လ ၁၀ ရက်နေ့က ရှင်းလင်း မိန့်ကြားပါသည်။
“အစာအဆိပ်သင့်တာ ဟုတ်မဟုတ် ဓာတ်ခွဲခန်းကိုပို့ပြီး စစ်ဆေး ထားတယ်။ သေဆုံးတဲ့ အမျိုးသမီးက အလှူရက် မတိုင်ခင် ကတည်း

ပစ်ကပ်ထရပ်ကားများအခွန်သက်သာစွာတင်သွင်းနိုင်ပြီ

Photo: ပစ်ကပ်ထရပ်ကားများအခွန်သက်သာစွာတင်သွင်းနိုင်ပြီ
Monday, March 11, 2013

ပစ်ကပ်ထရပ်ကားများတင်သွင်းရာတွင် လူစီးယာဉ်အုပ်စုမှ လုပ်ငန်း
သုံးယာဉ်အုပ်စုသို့ ပြောင်းလဲတင်သွင်းခွင့်ပြုလိုက်သဖြင့် ပစ်ကပ် ထရပ်ကားများကို သက်သာသောအခွန်နှုန်းထားဖြင့် တင်သွင်းနိုင်ပြီ
ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မြန်မာ့အလင်းသို့ပြောကြားသည်။

"ပစ်ကပ်ထရပ်ကား (Pick-up truck) ကားများကို ယခင်က လူစီး
ယာဉ်အုပ်စုထဲမှာပါတဲ့အတွက် အခွန်ကို ၈၀ ရာခိုင်နှုန်းသတ်မှတ်ကောက်ခံ
ပါတယ်။ ဒါပေမယ့် အချို့ ပစ်ကပ်တွေက အိမ်သုံးဈေးနှုန်းမြင့် ကားတွေမ
ဟုတ်ဘဲ လုပ်ငန်းသုံး ယာဉ်တွေဖြစ်နေတဲ့အတွက် ကညနနဲ့ ညှိနှိုင်းပြီး လုပ်
ငန်းသုံးယာဉ်အုပ်စုထဲကို ထည့်ပေးလိုက်ပါတယ်။ ဒီလိုအုပ်စုပြောင်းထည့်ပေး လိုက်တဲ့ အတွက်ကြောင့် ပစ်ကပ်ထရပ်ကားတွေ တင်သွင်းရာမှာလည်းလုပ်
ငန်းဆိုင်ရာ ယာဉ်တွေ တင်သွင်းတဲ့ အခွန်နှုန်းထားအတိုင်း ငါးရာခိုင်နှုန်း သာ ကောက်ခံမှာ ဖြစ်ပါတယ် " ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မင်းနိုင်က
ပြောကြားသည်။

မတ် ၁ရက်မှစပြီး ပစ်ကပ်ထရပ်ကားများကို တင်သွင်းရာတွင် စီးပွား
ရေးလုပ်ငန်းသုံးယာဉ်များ တင်သွင်းသည့် အခွန်နှုန်းထားအတိုင်း ငါးရာခိုင်နှုန်း သာ ကောက်ခံပေးလျက်ရှိကြောင်း ၄င်းက ဆက်လက်
ပြောကြားသည်။

ပစ်ကပ်ထရပ်ကားများ အခွန်နှုန်းထားများ သက်သာစွာ တင်သွင်းနိုင်
မည်ဖြစ်သော်လည်း တံခါးပေါက်နှစ်ပေါက်ပါ ပစ်ကပ်ကားများ သာ ငါးရာခိုင်နှုန်း ဖြင့်တင်သွင်းခွင့် ပြုလိမ့်မည်ဖြစ်ကြောင်း ၊ တံခါးပေါက်လေး
ပေါက် ပါ ကားများမပါဝင်ကြောင်းသိရသည်။

လက်ရှိ ဂျပန်ထုတ်ပစ်ကပ်ထရပ်ကားအသစ်စက်စက်တစ်စီးလျှင်
ဈေးကွက်တွင် အမေရီကန်ဒေါ်လာ ၁၅၀၀၀ မှ ၁၇၀၀၀ ကြားဈေးရှိကြောင်း
ကားတင်သွင်းရောင်းချသူ တစ်ဦးက ပြောကြားသည်။

ထိုသို့ ပစ်ကပ်ထရပ်ကားများအခွန်နှုန်းသက်သာစွာ တင်သွင်းလာနိုင်
သဖြင့် ပစ်ကပ်ထရပ်ကားများဈေးနှုန်းကျဆင်း လာနိုင်ကြောင်း စီးပွားရေး
ကျွမ်းကျင်သူများက ခန့်မှန်းပြောကြားလျက်ရှိသည်။

တက္ကစီယာဉ်များ၊ ဘတ်စ်ကားများ၊ ကုန်ပစ္စည်းတင်ထရပ်ကားများကို
စီးပွားရေးလုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ပြီး အခွန်ငါးရာခိုင်နှုန်းဖြင့် 
တင်သွင်းခွင့်ပြုထားသည်။ သို့ရာတွင် အိမ်စီးမော်ဒယ်မြင့် ကားများကို တင်သွင်းရာတွင် အခွန် ၈၀ ရာခိုင်နှုန်း ၀န်းကျင်ကောက်ခံကြောင်းသိရသည်။

သတင်း-မောင်နွေသစ်
မြန်မာ့အလင်းသတင်းစာ (မတ်လ-၁၀,၂၀၁၃)
Credit: မြန်မာ့အလင်းသတင်းစာ

TechSpace Journalပစ်ကပ်ထရပ်ကားများတင်သွင်းရာတွင် လူစီးယာဉ်အုပ်စုမှ လုပ်ငန်း
သုံးယာဉ် အုပ်စုသို့ ပြောင်းလဲတင်သွင်းခွင့်ပြုလိုက်သဖြင့် ပစ်ကပ် ထရပ်ကားများကို သက်သာသောအခွန်နှုန်းထားဖြင့် တင်သွင်းနိုင်ပြီ
ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက မြန်မာ့အလင်းသို့ပြောကြားသည်။
"ပစ်ကပ်ထရပ်ကား (Pick-up truck) ကားများကို ယခင်က လူစီး ယာဉ်အုပ်စု ထဲမှာပါတဲ့အတွက် အခွန်ကို ၈၀ ရာခိုင်နှုန်း သတ်မှတ်ေ ကာက်ခံပါတယ်။ ဒါပေမယ့် အချို့ ပစ်ကပ်တွေက အိမ်သုံးဈေးနှုန်းမြင့်

တရုတ်က အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမည့် အစီအစဉ် ထုတ်ပြန်၊ နာမည်ပျက်နေသော ရထားပို့ဆောင်ရေး ၀န်ကြီးဌာနကို ဖျက်သိမ်း

Photo: တရုတ်က အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမည့် အစီအစဉ် ထုတ်ပြန်၊ နာမည်ပျက်နေသော ရထားပို့ဆောင်ရေး ၀န်ကြီးဌာနကို ဖျက်သိမ်း
Monday, March 11, 2013

တရုတ်သည် အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး အစီအစဉ်ကို မတ် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အကျင့်ပျက် ခြစားမှု အရှုပ်တော်ပုံများဖြင့် နာမည်ပျက်နေသော ရထားပို့ဆောင်ရေး ၀န်ကြီးဌာနကို ဖျက်သိမ်း ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ ဆင်ဟွာက ထုတ်ပြန်ခဲ့သည်။

ယင်းမှာ ခေါင်းဆောင်သစ်များ၏ အစိုးရ၀န်ကြီးဌာနများ၏ လုပ်ဆောင်မှုများ ထိရောက်မှုရှိစေရေးနှင့် အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်ရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။

ယခုကဲ့သို့ အပြောင်းအလဲပြုလုပ်မှုမှာ ၁၉၉၈ ခုနှစ်တွင် ၀န်ကြီးချုပ်
Zhu Rongji က နိုင်ငံတော်ကောင်စီကို ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံး အပြောင်းအလဲပြုလုပ်မှုဖြစ်ကြောင်း သိရသည်။ အငြင်းပွားဖွယ် တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို ကိုင်တွယ်နေသော Family Planning Commission ကို ကျန်းမာရေး ၀န်ကြီးဌာနနှင့် ပူးတွဲဆောင်ရွက်စေမည် ဖြစ်သည်ဟု လွှတ်တော်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ရထားပို့ဆောင်ရေး စီမံကိန်းများနှင့် ပတ်သက်လာပါက ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်မှတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရထားပို့ဆောင်ရေး ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို မမျှော်မှန်းနိုင်သော အတိုင်းအတာအထိ ခွင့်ပြုပေးသွားမည်ဟု
အစိုးရက ကတိပေးခဲ့သည်။

တရုတ်တွင် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် Family Planning Commission တို့မှာ အထူးသဖြင့်နာမည်အပျက်ဆုံး ဖြစ်နေပြီး
ပြုပြင်ပြောင်းလဲ မှုများ အလျင်အမြန်ပြုလုပ်ရန် လူထုက လိုလားနေသည်။

တရုတ်သည် ပင်လယ်ပိုင်နက် အငြင်းပွားမှုပြဿနာများနှင့် ပတ်သက်ပြီး အိမ်နီးချင်း ဂျပန်အပါအ၀င် အရှေ့တောင်အာရှရှိ အမေရိကန် မဟာမိတ်နိုင်ငံအချို့တို့နှင့် အငြင်းပွားမှုများ မြင့်တက်နေခဲ့ရာ ကမ်းရိုးတန်း အစောင့်တပ်ဖွဲ့များ၊ အကောက်ခွန်ရဲများ၊ ငါးဖမ်းလုပ်ငန်း စောင့်ကြည့်ရေး အဖွဲ့များအား ထိန်းချုပ်ညွှန်ကြားနိုင်သည့် အခွင့်အာဏာကို National Oceanic Adminstration ထံ ပေးအပ်ခဲ့သည်။

မီဒီယာကဏ္ဍ စောင့်ကြည့်မှု၌ General Administration of Press and Publication နှင့် State Administration of Radio, Film and Television အဖွဲ့နှစ်ခုတို့ကိုလည်း ပူးပေါင်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးချုပ် မာကိုင်က ပြောကြားခဲ့သည်။

ဓာတ်ပုံ - တရုတ်ပြည်သူ့ကွန်ဂရက် ဖွင့်ပွဲတွင် ၀န်ကြီးချုပ်ဝမ်ကျားပေါင်က
နောက်ဆုံးအစီရင်ခံစာကို မတ် ၅ ရက်က ဖတ်ကြားစဉ် (AFP)

Ref:BBC;Reuters
Eleven Media Groupတရုတ်သည် အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး အစီအစဉ်ကို မတ် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အကျင့်ပျက် ခြစားမှု အရှုပ်တော် ပုံ များဖြင့် နာမည်ပျက်နေသော ရထားပို့ဆောင်ရေး ၀န်ကြီးဌာနကို ဖျက် သိမ်း ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ ဆင်ဟွာက ထုတ်ပြန်ခဲ့သည်။
ယင်းမှာ ခေါင်းဆောင်သစ်များ၏ အစိုးရ၀န်ကြီးဌာနများ၏ လုပ်ဆောင် မှုများ ထိရောက်မှုရှိစေရေးနှင့် အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်ရေး အတွက် ရည်ရွယ်ကြောင်း သိရသည်။

အီဂျစ်ဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွားမှုအတွက် လူ ၂၁ ဦးကို သေဒဏ် ချမှတ်မှုကြောင့် မငြိမ်သက်မှုများ ဖြစ်ပွား

Photo: အီဂျစ်ဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွားမှုအတွက် လူ ၂၁ ဦးကို သေဒဏ် 
ချမှတ်မှုကြောင့် မငြိမ်သက်မှုများ ဖြစ်ပွား
Monday, March 11, 2013

အီဂျစ်နိုင်ငံ၊ ပို့ဆက်ဒ်မြို့တွင် လူ ၇၀ ကျော် သေဆုံးစေခဲ့သော ပြိုင်ဘက် 
ဘောလုံးအသင်း နှစ်သင်းပရိသတ်များအကြား ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပို့ဆက်ဒ်တရားရုံးက ယခင်ပြစ်ဒဏ်ချမှတ်ထားသော လူ 
၂၁ ဦးကို သေဒဏ်နှင့် အခြားလူ ၂၀ ကျော်ကို တစ်သက်တစ်ကျွန်းနှင့် အခြားထောင်ဒဏ်များအား မတ် ၉ ရက်တွင် အသီးသီး အမိန့်ချမှတ်ခဲ့သည်။

ယင်းစီရင်ချက်အပေါ် မကျေနပ်ရာမှ ကိုင်ရိုတွင် မငြိမ်သက်မှုများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကာ လူ ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယင်းစီရင်ချက်များကို ယင်းမြို့နှစ်မြို့မှ ဒေသခံများက မကျေနပ်ခဲ့ကြပေ။ ကိုင်ရိုမြို့ရှိ ကြယ်ငါးပွင့်အဆင့်ရှိ Semiramis Intercontinental ဟိုတယ် အပြင်ဘက်တွင် အကြမ်းဖက်မှုများကြောင့် ဆန္ဒပြသူနှစ်ဦး သေဆုံးခဲ့ပြီး အခြားငါးဦးမှာ ဒဏ်ရာရခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အာမက်အိုစမန်က ပြောကြားခဲ့သည်။ ဆန္ဒပြသူများသည် တဟီရာရင်ပြင် အနီးရှိ အစ္စလာမ္မစ် စီးပွားရေးလုပ်ငန်းရှင်များ ပိုင်ဆိုင်သော စားသောက် ဆိုင်နှစ်ဆိုင်ကိုလည်း မီးရှို့ခဲ့ကြကြောင်း မျက်မြင်များက ဆိုသည်။

ထို့ပြင် ဆန္ဒပြသူများသည် ကိုင်ရိုနှင့် မြေထဲပင်လယ်မြို့ အလက်ဇန္ဒြားမြို့
အကြား ရထားလမ်းများကို ပိတ်ဆို့ခဲ့ခြင်းကြောင့် ရထားခရီးစဉ်များကို ဖျက်သိမ်းခဲ့ရသည်။ ကိုင်ရိုအနီးရှိ အီဂျစ်ဘောလုံးအဖွဲ့ချုပ်၏ သုံးထပ်အဆောက်အအုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးခန့်မှာ မီးခိုးမွှန်မှု ခံစားခဲ့ရကာ ရဲတပ်ဖွဲ့၏ ကလပ်မှာလည်း မီးရှို့ခံခဲ့ရကြောင်း သိရသည်။  

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလက ပို့ဆက်ဒ်မြို့တွင် အိမ်ကွင်းအသင်းဖြစ်သော al-Masry အသင်းက ဧည့်သည်အသင်းဖြစ်သော ကိုင်ရိုမှ al- Ahly အသင်းကို အနိုင်ရခဲ့ပြီးနောက် နှစ်ဖက်အသင်း ပရိသတ်များအကြား အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီး ခဲများ၊ ထိုင်ခုံများ၊ ဓားများဖြင့် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကာ လူ ၇၄ ဦးသေဆုံးခဲ့ပြီး လူ ၁၀၀၀ ခန့် ဒဏ်ရာရခဲ့သည်။ သေဆုံးဒဏ်ရာရသူ အများစုမှာ ကိုင်ရိုပရိသတ်များ
ဖြစ်ကြောင်း သိရသည်။

ယခု စီရင်ချက်ချခံရသူများတွင် ငါးဦးမှာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်နှင့် အခြား ၁၀ ဦးမှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရခြင်းဖြစ်ကြောင်း နိုင်ငံပိုင် EgyNews အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ထောင်ဒဏ် ၁၅ နှစ် ချမှတ် ခံရသူများထဲတွင် ပို့ဆက်ဒ်မြို့ လုံခြုံရေး အကြီးအကဲဟောင်း ဗိုလ်ချုပ် အက်ဆမ်ဆာမက်၊ အခြား ရဲအရာရှိတစ်ဦးဖြစ်သူ မိုဟာမက်ဆာအိတို့ ပါဝင်ခဲ့ပြီး ရဲခုနစ်ဦး အပါအ၀င် ၂၈ ဦးမှာ ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ စွဲချက်တင်ခံရသူ ၇၃ ဦးအတွက် လိုက်ပါဆောင်ရွက်သော
ရှေ့နေများက ယင်းစီရင်ချက်များအတွက် အယူခံဝင်နိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - ကိုင်ရိုရှိ တဟီရာရင်ပြင်အနီးတွင် လုံထိန်းရဲများက ဆန္ဒပြသူများကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းနေကြစဉ် (AFP)

Ref:CNN;AFP
Eleven Media Groupအီဂျစ်နိုင်ငံ၊ ပို့ဆက်ဒ်မြို့တွင် လူ ၇၀ ကျော် သေဆုံးစေခဲ့သော ပြိုင်ဘက် ဘောလုံးအသင်း နှစ်သင်းပရိသတ်များအကြား ခိုက်ရန်ဖြစ် ပွား မှုနှင့် ပတ်သက်ပြီး ပို့ဆက်ဒ်တရားရုံးက ယခင်ပြစ်ဒဏ် ချမှတ် ထားသော လူ ၂၁ ဦးကို သေဒဏ်နှင့် အခြားလူ ၂၀ ကျော်ကို တစ်သက်တစ်ကျွန်းနှင့် အခြားထောင်ဒဏ်များအား မတ် ၉ ရက်တွင် အသီးသီး အမိန့်ချမှတ်ခဲ့သည်။
ယင်းစီရင်ချက်အပေါ် မကျေနပ်ရာမှ ကိုင်ရိုတွင် မငြိမ်သက် မှုများ ဖြစ် ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကာ လူ ၁၅ ဦးထက်မနည်း ဒဏ်ရာရ

KIO နဲ့ အပစ်ရပ်နိုင်ဖို့ မြန်မာအာဏာပိုင်တွေ မျှော်လင့်

Photo: KIO နဲ့ အပစ်ရပ်နိုင်ဖို့ မြန်မာအာဏာပိုင်တွေ မျှော်လင့် 
Monday, March 11, 2013

KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရအကြား တရုတ်နိုင်ငံ
ရွှေလီမှာပြုလုပ်မယ့် ဒီကနေ့ ဆွေးနွေးပွဲဟာ ဒေသငြိမ်းချမ်းရေးအတွက်
ဖြစ်မလာရင်တောင် နှစ်ဘက် အပစ်အခတ်ရပ်စဲရေးအဆင့်အထိ ဖြစ်လာဖို့
မြန်မာအာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။ မနေ့ကတော့ KIO နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကနဦး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲကို ကိုယ်တိုင်သတင်းသွားရောက်ယူနေတဲ့ ဗွီအိုအေက ဒေါ်ခင်စိုးဝင်းကို ကိုသားညွန့်ဦးက ဆက်သွယ်
မေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်းခင်ဗျ၊ KIO နဲ့ မြန်မာအာဏာပိုင်တွေ အခု ရွှေလီမြို့မှာ
တွေ့ကြတယ်။ တွေ့ကြတဲ့ အခါမှာ မနေ့ကတော့ အလွတ်သဘော
တွေ့ဆုံတယ်လို့သိရပါတယ်ခင်ဗျ။ ဘာတွေများ ထူးထူးခြားခြား
တွေ့ရပါလဲခင်ဗျ၊ ဒီတွေ့ဆုံပွဲမှာ။

“သူတို့ ဒီလိုမျိုးတွေ့တဲ့အခါမှာ မြန်မာဘက်ကလည်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကိုတော့ ၀န်ကြီး ဦးအောင်မင်းရယ်၊
မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့က ဦးဆောင်ပါတယ်။ အဲဒီအထဲမှာ ထူးခြားတဲ့အချက်ကတော့ လက်တွေ့နယ်ပယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတဲ့ နေရာတွေမှာ ကိုယ်တိုင် တာဝန်ရှိတဲ့သူတွေ ပါလာတာ တွေ့ရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ပါလာတာတွေ့ရပါတယ်။ အရှေ့မြောက်တိုင်းက တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးသန်းအောင်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ကျော်စိုးဝင်း စတဲ့ စစ်ဘက်အကြီးအကဲတွေ ပါလာတာ တွေ့ရပါတယ်။ အဲဒီလိုပဲ KIO ကိုယ်စားလှယ်ဘက်ကလည်း ဆရာကြီး ဦးစွန်လွတ်ဂံ က ဦးဆောင်တယ်လို့ဆိုပေမဲ့ အတူတွဲပြီးပါလာတဲ့ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေကတော့ ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီး ဇော်ရော်၊ ဗိုလ်မှူးကြီး လထိုင်န၊ ဗိုလ်မှူးကြီး ခွန်နောင် ပါလာတာတွေ့ရပါတယ်။ အဲဒီတော့ ဒီတခေါက်ကတော့ ထူးခြားတယ်လို့ ပြောလို့ရတာက စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်တွေ ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်လာတာတွေ့ရပါတယ်။”
 
အခုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်တုန်းကလည်း တကြိမ်
ရွှေလီမှာ တွေ့ခဲ့ကြပြီးတော့ အခု ထပ်တွေ့ကြတယ်ဆိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်တုန်းက ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်လို့ ထူးထူးခြားခြားတွေ ဖြစ်မလာတဲ့အပေါ်မှာ အားမလိုအားမရသံတွေလည်း ကျနော်တို့ ကြားရပါတယ်ခင်ဗျ။ အခုဆွေးနွေးပွဲ ရလဒ် အလားအလာနဲ့
ပတ်သက်လို့ရော ဒေါ်ခင်စိုးဝင်း ဘယ်လိုများ သုံးသပ်မိပါလဲ။
 
“မနေ့ကတုန်းက ကျမ ၀န်ကြီး ဦးအုန်းမြင့်နဲ့ တွေ့ဆုံမေးမြန်းခွင့်ရပါတယ်။ ၀န်ကြီးဦးအုန်းမြင့်ကတော့ ဒီနေ့ဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေးလုံးဝရဖို့တော့ မပြောပေမဲ့ အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှုရလိမ့်မယ်လို့ အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှုရလိမ့်မယ်လို့ သူ မျှော်လင့်တယ်လို့ ပြောပါတယ်။ ငြိမ်းချမ်းရေး အကျိုးဆောင်
အဖွဲ့ဘက်က ပြောတာကတော့ အမေးရှိပြီး အဖြေမရှိ ဖြစ်မှာစိုးတယ်လို့ စိုးရိမ်နေတာလည်း ရှိပါတယ်။ နောက် UNFC ကပြောတာက ကျတော့လည်း KNU လို အရင်တုန်းက အထီးကျန်လို ပစ်ထားခဲ့ပြီးတော့ အခု KIO အထီးကျန်ဖြစ်တာကို သူတို့မလိုလားဘူး။ အဲဒီတော့ မြန်မာအစိုးရ
ဘက်ကနေပြီးတော့ စေတနာမှန်မှန် သဘောထားကြီးကြီးနဲ့ ဆောင်ရွက်
ပါဆိုပြီး တိုက်တွန်းချင်တယ်လို့ မနေ့ကတော့ UNFC ကိုယ်စားလှယ်တွေက
ပြောပါတယ်။”
 
UNFC ကိုယ်စားလှယ်တွေ တက်တယ်ဆိုတော့ UNFC က ဘယ် တိုင်းရင်းသား ကိုယ်စားလှယ်တွေ တက်ကြသလဲခင်ဗျ။
 
“အဲဒီ UNFC ကိုယ်စားလှယ်တွေ တက်တယ်ဆိုတဲ့အခြေအနေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တုန်းက တွေ့ခဲ့တဲ့ ပူးတွဲကြေညာချက်ထဲမှာ ပါတဲ့ အချက်တချက်ပေါ့နော်။ အဲဒါကို အကောင်အထည်ဖော်တဲ့သဘောပါ။ ပြီးခဲ့တဲ့ကြေညာချက်ထဲမှာက နှစ်ဘက် ဆက်သွယ်ရေးလမ်းကြောင်း ထားရှိဖို့ရယ်၊ နှစ်ဘက်စစ်ရေးတင်းမာမှုတွေ လျှော့ချနိုင် ဖို့ရယ်၊ နောက်တကြိမ် အစည်းအဝေး ဆွေးနွေးပွဲမှာ လေ့လာသူတွေအဖြစ်နဲ့ သက်သေအဖြစ် ပါဝင်နိုင်မယ့်သူတွေကို အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ဖို့ သူတို့ ဆွေးနွေးခဲ့ကြတယ်ပေါ့နော်။ ဒါကို သဘောတူခဲ့လို့မိုလို့ ဒီတခေါက်မှာ KIO ကနေပြီးတော့ UNFC အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုပါ ဖိတ်တာပါ။ အဲဒီမှာ UWSA ပေါ့နော်၊ ၀အဖွဲ့ကို ဖိတ်ထားပေမဲ့ ၀အဖွဲ့ကလာတာ မနေ့က မတွေ့ရပါဘူး။”
 
အဲဒါက သူတို့ဘာကြောင့်မလာနိုင်လဲလို့ သိရပါလဲ။
 
“ဒီမှာကတော့ ကောလာဟလတွေလည်း တော်တော်လေး ပျံ့နေပါတယ်။ ၀အဖွဲ့မလာရတာက မြန်မာအစိုးရက လက်မခံလို့ တရုတ်အိမ်ရှင် ဘက်ကလည်း ၀ကို မလာနဲ့တော့ဆိုပြီး ပြောတယ် ဆိုတဲ့ ကောလာဟလတွေ ရှိပါတယ်။ ကျမလည်း သေချာအောင်ဆိုပြီးတော့ အတည်ပြုချက် ရယူချင်တာနဲ့ မနေ့က UWSA က ပြောရေးဆိုခွင့်ရှိတဲ့ ဦးအောင်မြင့်ကို ကျမ တယ်လီဖုန်းဆက်ပြီး မေးလိုက်ပါတယ်။ ဦးအောင်မြင့်ကတော့ ငြင်းလည်းမငြင်းဘူး။ ဒါပေမဲ့ သူက အချက်နှစ်ချက်ကြောင့် မလာတာပါလို့ ကျမကို ရှင်းပြပါတယ်။ တချက်ကတော့ မပြေလည်မှုလေး တခု ရှိလို့ပါတဲ့။ နောက်တချက်ကတော့ စနေ၊ တနင်္ဂနွေနဲ့ ကြုံသွားတဲ့အတွက်ကြောင့်မိုလို့ သူတို့ တရားဝင်လာခွင့် စာရွက်စာတမ်းတွေလုပ်ဖို့ အခက်အခဲရှိလို့ ဖြစ်တယ်လို့ ဦးအောင်မြင့်ကတော့ ကျမကို ရှင်းပြပါတယ်။”
 
အခု ဆွေးနွေးပွဲ နောက်ပိုင်း KIO နဲ့ မြန်မာအာဏာပိုင်တွေ ဆွေးနွေးပွဲမှာ အဓိက တရုတ်နိုင်ငံဘက်က တရုတ်အာဏာပိုင်တွေက ကမကထလုပ်ပေးတယ်လို့ ကြားရပါတယ်။ အခု ဆွေးနွေးပွဲမှာရော တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိပါလဲ။
 
“တရုတ်ဘက်ကနေပြီးတော့ ဟိုတလောကပဲ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဆိုပြီးတော့ မစ္စတာ ဝေါင်း ဆိုတဲ့ ၀ါရင့်သံတမန်တယောက်ကို ခန့်လိုက်ပါတယ်။ အဲဒီ မစ္စတာ ဝေါင်း က ဒီနေ့ကျင်းပမယ့်ဆွေးနွေးပွဲကို သူကိုယ်တိုင်လာပြီးတော့ တက်မှာပါ။ မစ္စတာ ဝေါင်းက အရင်တုန်းက တရုတ်နိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း လည်း ဖြစ်ပါ တယ်။ နောက်ပြီးတော့ အာဆီယံအရေးနဲ့ ပတ်သက်ပြီးတော့လည်း တော်တော်လေးကို အတွေ့အကြုံရင့်ကျက်တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ သူ့ကို ရွေးပြီးတော့ မြန်မာ့ရေးမှာ ကြားဝင် ဖြန်ဖြေပေးတဲ့သဘောလို့လည်း သိရပါတယ်။”
 
KIO နဲ့ မြန်မာအစိုးရအကြား ဆွေးနွေးပွဲပြုလုပ်တဲ ရွှေလီကို သတင်းသွားရောက် ယူနေတဲ့ ဒေါ်ခင်စိုးဝင်းကို ကိုသားညွန့်ဦး ဒီမနက်ပဲ ဆက်သွယ်မေးမြန်းထားတာပါ။ အခု ဒီကနေ့ မနက်ပိုင်းမှာတော့ KIO နဲ့ မြန်မာအစိုးရအကြား တရားဝင်ဆွေးနွေးပွဲတွေ စတင်မှာဖြစ်ပါတယ်။ 

ဓာတ်ပုံ - ကချင်ပြည်နယ် လိုင်ဇာ ကေအိုင်အေ စစ်သားတွေကို
ရှေ့တန်းစစ်စခန်းတွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၃၁၊ ၂၀၁၃)

ဗွီအိုအေKIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရအကြား တရုတ်နိုင်ငံ
ရွှေလီမှာပြုလုပ်မယ့် ဒီကနေ့ ဆွေးနွေးပွဲဟာ ဒေသငြိမ်းချမ်းရေးအတွက်
ဖြစ်မလာရင်တောင် နှစ်ဘက် အပစ်အခတ် ရပ်စဲရေး အဆင့် အထိ ဖြစ် လာဖို့မြန်မာအာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။ မနေ့ကတော့ KIO နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကနဦး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သိရပါ တယ်။

Sunday, March 10, 2013

ပါတီဝင်ဟောင်းတစ်ချို့ကို အဖွဲ့ဝင်အဖြစ် လက်မခံကြောင်း NLD ညီလာခံမှ ဆုံးဖြတ်

Photo: ပါတီဝင်ဟောင်းတစ်ချို့ကို အဖွဲ့ဝင်အဖြစ် လက်မခံကြောင်း 
NLD ညီလာခံမှ ဆုံးဖြတ်
Saturday, March 9, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နှုတ်ထွက်သွားတဲ့ ပါတီဝင်ဟောင်း တစ်ချို့ကိုလက်မခံနိုင်ကြောင်း ဆုံးဖြတ်ချက်ချခဲ့တယ်လို့ 
မတ်လ ၉ ရက်နေ့ ဒီကနေ့ ညနေမှာ ကျင်းပတဲ့ အန်အယ်လ်ဒီပါတီ 
ညီလာခံ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက
ပြောလိုက်ပါတယ်။

အန်အယ်လ်ဒီပါတီဝင်ဟောင်းတွေဖြစ်တဲ့ ဒေါက်တာသန်းဝင်း၊ ဦးကြည်မြင့်၊ ဦးတင်အောင်အောင်၊ ဦးမြင့်သွင်တို့ကို ပါတီဝင်အဖြစ် ပြန်လည်
လက်မခံနိုင်ကြောင်း ညီလာခံတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ဆုံးဖြတ်ခဲ့တယ်လို့ ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

နိုင်ငံလုံးဆိုင်ရာ ဗဟိုညီလာခံတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေရဲ့ အဆုံးအဖြတ်ကို ရယူရာမှာ ပါတီဝင်အဖြစ် ပြန်လည်ဝင်ရောက်ခွင့်ပြုဖို့ ရှိ၊ မရှိ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ ၃၁၉ ဦး၊ ကန့်ကွက်သူ ၄၆၂ ဦးရှိတာကြောင့် လက်မခံကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခဲ့တာကြောင့် ပါတီဝင်ဟောင်းတွေဖြစ်တဲ့ ဦးကြည်မြင့်၊
ဒေါက်တာသန်းဝင်း၊ ဦးတင်အောင်အောင်၊ ဦးမြင့်သွင်တို့ဟာ ပါတီကနေနှုတ်ထွက်သွားခဲ့ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ဝင်ရောက်ခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ခဲ့ရာမှာ လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ
ဖြစ်တဲ့ မြောက်ဥက္ကလာပမြို့နယ်က ဒေါက်တာသန်းဝင်း၊ လသာမြို့နယ်က ဦးကြည်မြင့်၊ မန္တလေးတိုင်းဒေသကြီးက ဦးတင်အောင်အောင်နဲ့ ဦးမြင့်သွင်တို့ဟာ ပါတီဝင်အဖြစ် ဝင်ရောက်လိုကြောင်း လျှောက်လွှာ တင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

RFAအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နှုတ်ထွက်သွားတဲ့ ပါတီဝင်ဟောင်း တစ်ချို့ကိုလက်မခံနိုင်ကြောင်း ဆုံးဖြတ်ချက်ချခဲ့တယ်လို့မတ်လ ၉ ရက်နေ့ ဒီကနေ့ ညနေမှာ ကျင်းပတဲ့ အန်အယ်လ်ဒီပါတီညီလာခံ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကပြောလိုက် ပါတယ်။
အန်အယ်လ်ဒီပါတီဝင်ဟောင်းတွေဖြစ်တဲ့ ဒေါက်တာသန်းဝင်း၊ ဦးကြည်မြင့်၊ ဦးတင်အောင်အောင်၊ ဦးမြင့်သွင်တို့ကို ပါတီဝင် အဖြစ် ပြန်လည်လက်မခံနိုင်ကြောင်း ညီလာခံတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ဆုံးဖြတ်ခဲ့တယ်လို့ ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

သွားနဲ့ခံတွင်းသန့်ရှင်းဖို့ ဘာကြောင့်အရေးကြီးသလဲ

Photo: သွားနဲ့ခံတွင်းသန့်ရှင်းဖို့ ဘာကြောင့်အရေးကြီးသလဲ 
Sunday, March 10, 2013 

မတ်လ ၂၀ ရက်နေ့မှာ ကျင်းပမယ့် ကမ္ဘာ့ သွားနဲ့ခံတွင်း ကျန်းမာရေးနေ့ကို
မြန်မာနိုင်ငံမှာလည်း ပြုလုပ်ဖို့ ပြင်ဆင်နေကြပါပြီ။

အများပြည်သူတွေ သွား/ခံတွင်းဆိုင်ရာ ကျန်းမာရေး အကြောင်း ပိုမို သိရှိလာဖို့ သွားဘက်ဆိုင်ရာ ဆရာဝန်ကြီးများနဲ့ အမေးအဖြေတွေကို မီဒီယာတချို့မှာ မကြာခင် တွေ့ရတော့မှာပါ။

ဆရာဝန်ကြီးများကို မေးမြန်းထားသူတွေကတော့  Miss Myanmar 2012 နန်းခင်ဇေယျာ၊ ကိုးရီးယားက ပေးတဲ့ Asia New Star Model Award ရခဲ့တဲ့ ထွန်းကိုကို ဖြစ်ပါတယ်။ 

နန်းခင်ဇေယျာ

“ညီမတို့လို အခုခေတ်လူငယ်တွေ အများစုကလည်း သွားနဲ့ခံတွင်း ကျန်းမာရေးကို ဂရုမစိုက်ကြတာကို တွေ့ရတယ်။  အရင်တုန်းက
သွားပိုးစားတာကို သွားပိုးစားတယ်လို့ပဲ သတ်မှတ်ထားတယ်။
တကယ်က သွားပိုးစားတာလည်း ရောဂါတစ်ခုပဲပေါ့နော်။  
ဒီသွားပိုးစားတာကို အစကတည်းက ဂရုမစိုက်ရင်
ရေစီးကမ်းပြိုဖြစ်လာနိုင်တယ် ဆိုတာကိုလည်း အခု သိရတယ်။

တစ်ယောက်နဲ့တစ်ယောက် Communication ပြုလုပ်တဲ့အခါမှာ 
သွားဟာ အဓိက အရေးပါတယ်။ သွားတွေကျဲနေမယ်၊ သွားပိုးတွေ 
စားနေမယ်ဆိုရင် လူကိုရုပ်ဆိုးစေတယ်ပေါ့နော်။  

သွားတိုက်တံကလည်း တဖြောင့်တည်း ဖြစ်ရမယ်။
ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ပါးစပ်ချင်းနမ်းတာကနေလည်း 
သွားပိုး ကူးတာကိုလည်း သိရတယ်။  အဲဒီအချက်ကို မြန်မာပြည်သူ
တွေကို သိစေချင်တယ်။  လူတိုင်းလူတိုင်း တစ်ရက် နှစ်ကြိမ် သွားတိုက်သင့်တယ်လို့ပြောချင်တယ်”

 ထွန်းကိုကို

“ခံတွင်းကင်ဆာက ကျွန်တော်တို့မြန်မာပြည်မှာအဖြစ်များလာတယ် ၊ ကွမ်းစား ဆေးလိပ်သောက်ရင် ပိုပြီး ဖြစ်နိုင်ချေ များပါတယ်။
 ကျွန်တော်နဲ့ နန်းခင်ဇေယျနဲ့က သွားဘက်ဆိုင်ရာ ဆရာဝန်ကြီးတွေကို အင်တာဗျူးလုပ် ထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ထုတ်လွှင့်တဲ့
အချိန်မှာ ပြည်သူတွေလည်း ပိုပြီး သိရှိလာမှာပါ”


ဒေါက်တာဘမြင့်

ပါမောက္ခဒေါက်တာဘမြင့်က သွားဘက်ဆိုင်ရာဆရာဝန်အသင်း ဗဟိုအလုပ်မှုဆောင်အဖွဲ့ နယက ဖြစ်ပါတယ်။ သူက ခံတွင်း 
ကင်ဆာနဲ့ ပတ်သက်ပြီး လူတွေ သိပ်မသိကြသေးဘူး၊  ကွမ်းစားတဲ့သူ အများစုမှာ အဖြစ်များတယ်၊ သူတို့တွေက လုံးဝ မသိတာတော့ မဟုတ်ဘူး၊ သူတို့ ပိုပြီး သိလာအောင် ပညာပေးဖို့လိုပါတယ်လို့ ပြောပါတယ်။ 


မြန်မာနိုင်ငံရဲ့ အမျိုးသား ကျန်းမာရေး အစီစဉ်တွေထဲမှာ ကွမ်းစား တာကြောင့်ဖြစ်တဲ့ ခံတွင်းကင်ဆာလို ရောဂါမျိုးအတွက် ပိုမိုထိရောက်တဲ့ ပညာပေးအစီစဉ်တွေ လိုအပ်နေသေးတာကတော့ အသေအချာပဲ
ဖြစ်ပါတယ်။ 

ရွက်စိမ်း 
ဧရာဝတီ မတ်လ၂၀ရက်နေ့မှာကျင်းပမယ့်ကမ္ဘာ့သွားနဲ့ခံတွင်းကျန်းမာရေးနေ့ကို   မြန်မာနိုင်ငံမှာလည်း ပြုလုပ်ဖို့ ပြင်ဆင်နေကြပါပြီ။
အများပြည်သူတွေ သွား/ခံတွင်းဆိုင်ရာ ကျန်းမာရေး အကြောင်း ပိုမို သိရှိလာဖို့ သွားဘက်ဆိုင်ရာ ဆရာဝန်ကြီးများနဲ့ အမေးအဖြေတွေကို မီဒီယာတချို့မှာ မကြာခင် တွေ့ရတော့မှာပါ။
ဆရာဝန်ကြီးများကို မေးမြန်းထားသူတွေကတော့ Miss Myanmar 2012 နန်းခင်ဇေယျာ၊ ကိုးရီးယားက ပေးတဲ့ Asia New Star Model Award ရခဲ့တဲ့ ထွန်းကိုကို ဖြစ်ပါတယ်။

My Blog List