Friday, April 24, 2020

WHO ဝန်ထမ်းကို ပစ်သတ်မှု နိုင်ငံတကာဥပဒေချိုးဖောက်၍ အရေးယူရန်နှင့် ကုလအတွင်းရေးမှူးချုပ်၏ အပစ်ရပ် ပန်ကြားချက် လက်နက်ကိုင်အဖွဲ့များ လိုက်နာရန် အရပ်ဘက်အဖွဲ့ပေါင်း ၂၉၀ တောင်းဆို

Image may contain: text
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် ပစ်သတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး လွတ်လပ်ပြီး တရားမျှတသော စုံစမ်းရေးအဖွဲ့ဖြင့် အမှန်တရား အမြန်ဆုံးဖော်ထုတ်ရန် အရပ်ဘက်အဖွဲ့ပေါင်း ၂၉၀ က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

ကမ္ဘာ့ကပ်ဘေးကာလကျရောက်စဉ် အရပ်သား ပြည်သူလူထု၏ ကျန်းမာရေးဝန်ဆောင်မှုကို ရှေးရှု လုပ်ဆောင်နေသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ယာဉ်ပစ်မှတ်ထား တိုက်ခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်မှုဖြစ်သောကြောင့် အမှုမှန်ပေါက်ရေး အတွက် လွတ်လပ်ပြီး တရားမျှတသော စုံစမ်းစစ်ဆေးမှုအဖွဲ့ဖြင့် အမှန်တရား အမြန်ဆုံး ဖော်ထုတ်ပေးရန် တောင်းဆိုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်၏ ကိုဗစ်ကမ္ဘာ့ကပ်ဘေးကာလအတွင်း လက်နက်ကိုင်အဖွဲ့များအားလုံး အပစ်အခတ်ရပ်စဲထားရန် ပန်ကြားချက်ကို သက်ဆိုင်ရာ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် လေးစားလိုက်နာရန် တောင်းဆိုကြောင်းလည်း ဖော်ပြထားသည်။
"အဓိကကတော့ WHO ဝန်ထမ်း ပစ်သတ်ခံရမှုက နိုင်ငံတကာ ဥပဒေချိုးဖောက်တာဖြစ်လို့ အမှုပေါ်ပေါက်ဖို့နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပန်ကြားချက်ဖြစ်တဲ့ ကပ်ဘေးကာလအတွင်းမှာ အပစ်ရပ်ထားကြဖို့ကို လိုက်နာကြဖို့ပါ ။ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ကျမတို့က ပြောစရာရှိတာ တောင်းဆိုစရာရှိတာကို တောင်းဆိုရမှာပါပဲ။ ဒါပေမယ့် လုပ်ခြင်း မလုပ်ခြင်းကတော့ သက်ဆိုင်သူတွေရဲ့ သဘောထားသာလျှင်ဖြစ်ပါတယ်" ဟု အရပ်ဘက်အဖွဲ့ ၂၉၀ ကိုယ်စားပြု ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါ်မွန်ရည်ကျော်က ပြောဆိုသည်။
Image may contain: text
Image may contain: text
Image may contain: text
Image may contain: text
Image may contain: text
Image may contain: text
Image may contain: text
Image may contain: text
No photo description available.

No comments:

Post a Comment

My Blog List