Friday, April 24, 2020

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမိုးသီးဇွန် COVID 19 ကူးစက်ခံရဟု သတင်းများထွက်ပေါ်

Image may contain: 1 person, closeup
ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သည့် ဦးမိုးသီးဇွန် COVID 19 ရောဂါပိုး ကူးစက်ခံနေရကြောင်း လူမှုကွန်ရက် မီဒီယာများတွင် သတင်းများ ထွက်ပေါ်နေလျက်ရှိသည်။

ဦးမိုးသီးဇွန်သည် ၁၉၈၈ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် (ဗကသ)တွင် အထွေထွေ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သလို
လူ့ဘောင်သစ် ပါတီ၏ ပထမဆုံး ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တွင် မြန်မာနိုင်ငံ တောင်ပိုင်း ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၌ ဇနီးဖြစ်သူ၊ သားနှစ်ယောက်တို့နှင့် နေထိုင်လျက်ရှိနေကြောင်း သိရသည်။
ယင်းကဲ့သို့ နေထိုင်လျက်ရှိနေစဉ် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ ကျန်းမာရေး ချို့တဲ့လာခဲ့ပြီးနောက် ဆေးစစ်မှုခံယူစဉ် COVID 19 ရောဂါပိုး ကူးစက်မှုခံခဲ့ရကြောင်း သူနှင့်နီးစပ်သည့် လုပ်ဖော်ကိုင်ဖက်များ၏ ပြောကြားချက်အရ သိရသည်။
ဦးမိုးသီးဇွန် ကူးစက်ခံရမှုအကြောင်းသည် ဧပြီလ ၂၃ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံအတွင်းရှိ လူမှုကွန်ရက် မီဒီယာများတွင် စတင်ပျံ့နှံ့ ခဲ့ပြီး ၎င်းအား နေကောင်းကျန်းမာရှိစေရန် သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့် သူ့ချစ်ခင်လေးစားသည့် လူငယ်များက ဆုမွန်ကောင်း ပို့သပေးမှုများ ရှိနေသည်။
ကိုဖူးသစ်

No comments:

Post a Comment

My Blog List