ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကိုထိန်းချုပ်နိုင ်ဖို့ မြို့တော်မနီလာရဲ့ lockdown ကာလကို မေလ(၁၅)ရက်အထိ သမ္မတဒူတာတေးက သက်တမ်းတိုးချမှတ်လိုက်တယ်လ ို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိ သူက အခုလ(၂၄)ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
မနီလာမြို့တော်ဟာ အနည်းဆုံးလူဦးရေ (၁၃)သန်းလောက်ရှိပြီး လူဦးရေထူထပ်တဲ့မြို့လည်းဖြစ ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖ ြစ်ပွားမှု အများဆုံးနေရာဟာလည်း မြို့တော်မနီလာက ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ(၁၂)ရက်နေ့ကစပြီး လူအဝင်အထွက်ထိန်းချုပ်တာတွေ ၊ ခရီးသွားလာမှုကန့်သတ်တာတွေ၊ စီးပွားရေးလုပ်ငန်းတွေပိတ်ပ စ်စေတာတွေနဲ့ လူစုလူဝေးတွေမလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။ ဒီလိုပြုလုပ်ခဲ့တာဟာ ပြည်တွင်းမှာ တစ်ဦးကတစ်ဦးကိုကူးစက်နေတယ်ဆ ိုတာကို သိရှိခဲ့ရပြီး ငါးရက်အကြာမှာဖြစ်ပါတယ်။အဲဒ ီနောက်မှာတော့ မတ်လ(၁၆)ရက်နေ့မှာ ပိတ်ပင်မှုတွေကို တိုးချဲ့ခဲ့ပြီး၊ ပြည်တော်ပြန်ဖိလစ်ပိုင်နိုင ်ငံသားတွေမှအပ နိုင်ငံတွင်းဝင်ရောက်မှုအား လုံးကို ပိတ်ပင်ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခ ံရသူဟာ (၆၉၈၁)ဦးရှိပြီး၊ သေဆုံးသူဟာ (၄၆၂)ဦးရှိသွားပြီလို့ အခုလ(၂၄)ရက် worldometers စာမျက်နှာမှာဖော်ပြထားပါတယ် ။
PHOTO: EPA-EFE
No comments:
Post a Comment