Monday, April 20, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်းမှာ ကူးစက်သူပေါင်း (၂)သန်း(၄)သိန်းကျော်၊ သေဆုံးသူ (၁)သိန်း(၆)သောင်းခွဲရှိလာ

Image may contain: one or more people

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူ (၁)သိန်း(၆)သောင်းခွဲရှိလာပြီး။ ကူးစက်သူ (၂)သိန်း(၄) သိန်းကျော်ရှိလာပြီ လို့ ဒီမနက် worldometer ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တစ်ရက်အတွင်း ကူးစက်သူ (၂)သောင်း(၅)ထောင်ရှိခဲ့ပြီး၊ သေဆုံးသူဟာ (၁၅၀၀) ကျော်ရှိပါတယ်။ ဒါကြောင့် ကူးစက်သူစုစုပေါင်းဟာ (၇)သိန်း (၆)သောင်းကျော်ရှိတဲ့အတွက် သေဆုံးမှု နဲ့ကူးစက်မှု အများဆုံးမှာ ထိပ်ဆုံးက ရှိနေဆဲ ဖြစ်ပါတယ်။
ဥရောပရဲ့ ကူးစက်မှုအများဆုံး စပိန်နိုင်ငံမှာ တစ်ရက်အတွင်း ကူးစက်သူ (၄၂၀၀) ကျော် တိုးခဲ့တာကြောင့် စုစု ပေါင်း ကူးစက် သူ (၂)သိန်းနီးပါး ရှိလာပါပြီ။ တစ်ရက်အတွင်း သေဆုံးသူ (၄၀၀)ကျော်ရှိခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ နှစ်သောင်း ကျော်ရှိခဲ့ပါတယ်။
ဥရောပရဲ့ သေဆုံးသူအများဆုံး အီတလီနိုင်ငံမှာတော့ တစ်ရက်အတွင်း သေဆုံးသူ (၄၃၀) ယောက် ရှိခဲ့ပြီး၊ စုစု ပေါင်းသေဆုံးသူ (၂)သောင်း(၃)ထောင်(၆)ရာကျော်ရှိပါတယ်။ တစ်ရက်အတွင်း ကူးစက်သူ (၃၀၀၀) ကျော်ရှိ ခဲ့တာကြောင့် စုစုပေါင်းကူးစက်သူ (၁)သိန်း(၇)သောင်း (၈)ထောင်ကျော် ရှိနေပါတယ်။
အီတလီပြီးရင် အဆင့်(၄)ရောက်နေတဲ့ ပြင်သစ်နိုင်ငံက တစ်ရက်အတွင်း သေဆုံးသူ(၄၀၀)နီးပါးရှိခဲ့ပြီး၊ စုစုပေါင်း သေဆုံးသူ(၁)သောင်း(၉)ထောင်ကျော်ရှိပါတယ်။ ကူးစက်တဲ့လူနာအသစ်က(၁၁၀၀)ကျော်ရှိခဲ့လို့ စုစုပေါင်း ကူးစက်သူဟာ(၁)သိန်း(၅)သောင်းကျော်ရှိခဲ့ပါတယ်။
ဂျာမဏီနိုင်ငံကတော့ တစ်ရက်အတွင်း သေဆုံးသူ(၁၀၀)ကျော်ရှိခဲ့ပြီး၊ ဗြိတိန်ကတော့ တရက်အတွင်း သေဆုံး သူ(၆၀၀)နီးပါးရှိပါတယ်။
ဗိုင်းရပ်စ်စတင်ကူးစက်ခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ မနေ့ကလိုပဲ တစ်ရက်အတွင်း ကူးစက်သူ (၁၆) ယောက် ရှိခဲ့ပြီး သေဆုံးသူ မရှိဘူးလို့ သိရပါတယ်။
Source: Worldometer

No comments:

Post a Comment

My Blog List