
တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ပြည်ထဲရေးဝန်ကြီးအသစ်အဖြစ်ခန့်အပ်မည့်အပေါ်ကန့်ကွက်မှုမရှိဘဲ ပြည်ထောင်စုလွှတ်တော်က ယနေ့တွင် သဘောတးပေးလိုက်ကြောင်းသိရသည်။
အရည်အချင်းနှင့်ကိုက်ညီမှုမရှိဟု ဆိုပြီးကန့်ကွက်မည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ မရှိသည့်အတွက် သဘောတူထောက်ခံပေးလိုက်ခြင်းဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာသည်။
အသက် ၆၀ပြည့်ရန် လပိုင်းလောက်သာလိုတော့သည့်တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ယနေ့ညပိုင်းမှစကာ ပြည်ထဲရေးဝန်ကြီးအသစ်စတင်တာဝန်ထမ်းဆောင်တော့မည်ဟုသိရသည်။
ကိုမင်း/Myanmar Harp
No comments:
Post a Comment