Friday, February 14, 2020

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် တရုတ်မှာ သေဆုံးမှု ပိုမိုမြင့်တက်လာ ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးအပြင်ဘက်သေဆုံးသည့်စာရင်းတွင် ဂျပန်နိုင်ငံလည်း ပါဝင်လာ

Image may contain: one or more people, people standing and outdoor

ကိုရိုနာဗိုင်းရပ်စ် အဓိက ကူးစက်ပျံ့ပွားနေတဲ့ တရုတ်နိုင်ငံ အလယ်ပိုင်းဒေသပြည်နယ်တွေမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုဟာ ပိုမိုမြင့်တက်လာနေ ခဲ့ပြီး ကူးစက်မှုကလည်းမြင့်တက်နေကာ ဖေဖော်ဝါရီလ ၁၃ ရက်တစ်ရက်တည်းတင် လူ ၁၀၀၀ ကျော်မှာ ရောဂါကူးစက်ခံထားရတာကို ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံမှာလည်း ဒီဗိုင်းရပ်စ်ကြောင့် မနေ့က တစ်ဦးသေဆုံးခဲ့ပြီး တရုတ်ပြည်မကြီးအပြင်ဘက်မှာ ဒီရောဂါကြောင့် သေဆုံးမှုဟာ တတိယမြောက်နိုင်ငံဖြစ်လာခဲ့ပါတယ်။
အခုတရုတ်မှာ ကြုံနေရတဲ့ ကူးစက်မြန်ဗိုင်းရပ်စ်ပိုးဟာ တရုတ်ကွန်မြူနစ်ပါတီအတွက် အကြီးမားဆုံးထိုးနှက်မှုဖြစ်နေသလို စီးပွားရေးကို အဆိုးရွားဆုံး ထိခိုက်ခံစားနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
ယခင်နှစ်တွေကဆိုရင် ဗယ်လင်တိုင်းဒေးနေ့မတိုင်ခင် တရုတ်နိုင်ငံရဲ့ လမ်းမတွေ၊ စားသောက်ဆိုင်တွေ၊ ပန်းအရောင်းဆိုင်တွေမှာ ပျားပန်းခတ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ တိတ်ဆိတ်ခြောက်ကပ်နေတာကြောင့် နှစ်သစ်ကူးပွဲတော်နဲ့ အခုလို ပွဲတော်တွေကို အားပြုတဲ့စီးပွားရေးလုပ်ငန်းတွေ အခက်ခဲဆုံးကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ကာနာဂါဝါက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အသက် ၈၀ ကျော် အဖွားအိုတစ်ယောက်ဟာ မနေ့က ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီမတိုင်ခင်က တရုတ်ပြည်မကြီးအပြင်ဘက်မှာ ဒီရောဂါကြောင့်သေဆုံးမှုဟာ ဟောင်ကောင်နဲ့ ဖိလစ်ပိုင်တို့ဖြစ်တာကြောင့် ဂျပန်ဟာ တတိယမြောက် လူသေဆုံးမှုကို ခံစားခဲ့ရတဲ့နိုင်ငံဖြစ်လာပါတယ်။
လက်ရှိ တရုတ်မှာ ဒီဗိုင်းရပ်စ်ကြောင့်သေဆုံးသူဟာ မနေ့ကထိ ၁၃၆၇ ရှိနေပြီဖြစ်ပြီး ကူးစက်သူစုစုပေါင်း ၆၀၀၀၀ ကျော်သွားပြီဖြစ်တယ်လို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ အခြားယခင်က ဖြစ်ပွားခဲ့တဲ့ ဆားစ်နဲ့ မားစ် ရောဂါတွေထက်စာရင် ကူးစက်သူပိုမိုများပြားပေမယ့် သေဆုံးမှုက အဲ့ဒီရောဂါတွေလောက် မများဘူးလို့ ဆိုပါတယ်။
ရိုက်တာက ပြုစုထားတဲ့စာရင်းအရဆိုရင် ဆားစ်ရောဂါဖြစ်ပွားစဉ်က ကူးစက်သူ ၅၀ မှာ ၅ ယောက်သေဆုံးပြီး မားစ်ရောဂါကတော့ ကူးစက်သူ ၅၀ မှာ ၁၇ ယောက်ထိ သေဆုံးခဲ့ပေမယ့် လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကတော့ ကူးစက်သူ ၅၀ မှာ တစ်ယောက်သာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Image may contain: one or more people and people sitting
Image may contain: 3 people, people standing

ပန်ပန်/Myanmar Harp
ကိုးကား/ ရိုက်တာ

No comments:

Post a Comment

My Blog List