Thursday, February 13, 2020

ကျပ်သိန်း ၄၂၈၅ဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ


ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ၀၁၁၅ အချိန်တွင် ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ပြည်ပန်းကျေးရွာအနီး ကျောက်ဆည်မြို့ရှောင်လမ်းတွင် မသင်္ကာဖွယ်ရပ်တန့်ထားသည့် မော်တော်ယာဉ်အား သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ယာဉ်မောင်းအားမတွေ့ရှိဘဲ မော်တော်ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၃.၂ ကီလို၊ ဆာလာအိတ် ၂ အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ပြားတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ရှာဖွေရာ အဆိုပါမော်တော်ယာဉ်အနီး ခြုံပုတ်အတွင်းမှ ဆပ်ပြာခွက် များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၈.၈ ကီလို၊ စုစုပေါင်းဘိန်းဖြူအလေးချိန် ၂၂ ကီလို (ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၅၄၀၀ သိန်း)၊ ဆာလာ အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့် ထားသည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၃၄၉၀၀၀ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၅၄၉၀၀၀ ပြား (ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၂၇၄၅၀ သိန်း) အားတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ကျောက်ဆည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီး ရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Credit - CCDAC Myanmar
The Ladies News

ကျပ်သိန်း ၄၂၈၅ဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
--- --- ---
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ၀၁၁၅ အချိန်တွင် ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ပြည်ပန်းကျေးရွာအနီး ကျောက်ဆည်မြို့ရှောင်လမ်းတွင် မသင်္ကာဖွယ်ရပ်တန့် ထားသည့် မော်တော်ယာဉ်အား သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ယာဉ်မောင်းအားမတွေ့ရှိဘဲ မော် တော်ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၃.၂ ကီလို၊ ဆာလာအိတ် ၂ အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ပြား တို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ရှာဖွေရာ အဆိုပါမော်တော်ယာဉ်အနီး ခြုံပုတ်အတွင်းမှ ဆပ်ပြာခွက် များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၈.၈ ကီလို၊ စုစုပေါင်းဘိန်းဖြူအလေးချိန် ၂၂ ကီလို (ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၅၄၀၀ သိန်း)၊ ဆာလာ အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့် ထားသည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၃၄၉၀၀၀ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၅၄၉၀၀၀ ပြား (ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၂၇၄၅၀ သိန်း) အားတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ကျောက်ဆည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီး ရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Credit - CCDAC Myanmar
The Ladies News

No comments:

Post a Comment

My Blog List