Monday, December 23, 2019

စစ်မှန်တဲ့ ငြိမ်းချမ်းရေးရအောင် ကြိုးစားနေကြောင်း KNU ပြော

Image may contain: 1 person, sitting
ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေသလို ကရင်တိုင်းရင်းသားတွေ အနေနဲ့လည်း ကျရာအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ဖို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းလိုက်ပါတယ်။

လာမယ့် ဒီဇင်ဘာလ ၂၆ ရက် နေ့မှာကျရောက်မယ့် ၂၇၅၉ ခုနှစ် ကရင်နှစ်သစ်ကူးနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ KNU ဥက္ကဋ္ဌ က ထည့်သွင်း တိုက်တွန်းလိုက်တာပါ။
လက်ရှိအချိန်မှာ KNU အနေနဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့နဲ့အတူ လက်နက်ကိုင် တိုက်ပွဲဝင်တဲ့နည်းလမ်းကို ရပ်ဆိုင်းထားပြီး အပစ်ခတ်ရပ်စဲကာ အစိုးရနဲ့ ဆွေးနွေးနေပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရသေးဘူးလို့ သဝဏ်လွှာမှာထည့်သွင်း ပြောဆိုထားပါတယ်။
ကရင်တိုင်းရင်းသားတွေအနေနဲ့ အခြားတိုင်းရင်းသားတွေနည်းတူ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ အမျိုးသားရေးအရ တရားမျှတမှုတွေအပြင် လူမျိုးတစ်မျိုးရဲ့ ရပိုင်ခွင့်တွေဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူ့အခွင့်အရေးတွေကို မရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကရင်နှစ်သစ်ကူးနေ့ကို အသိအမှတ်ပြုပေးဖို့ ၁၉၃၇ ပါလီမန်မှာ တင်ပြတောင်းဆိုခဲ့ပြီး တရားဝင် အသိအမှတ် ပြုလိုက်တာကြောင့် တနိုင်ငံလုံးမှာ ဒီနှစ်အထိ ကျင်းပလာခဲ့တယ်လို့ သဝဏ်လွှာမှာ ပါရှိပါတယ်။
လက်ရှိအချိန်မှာ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွေကို ကရင်တိုင်းရင်းသားတွေရှိတဲ့ နိုင်ငံအနှံ့မှာ ကျင်းပပြုနေတဲ့အပြင် နိုင်ငံတကာမှာလည်း ကျင်းပပြုလုပ်ကြပါတယ်။
RFA

Unicode
~~~~~~~~~~~~~~~

စစ်မှန်တဲ့ ငြိမ်းချမ်းရေးရအောင် ကြိုးစားနေကြောင်း KNU ပြော
~~~~~
■ ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေသလို ကရင်တိုင်းရင်းသားတွေ အနေနဲ့လည်း ကျရာအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ဖို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းလိုက်ပါတယ်။

လာမယ့် ဒီဇင်ဘာလ ၂၆ ရက် နေ့မှာကျရောက်မယ့် ၂၇၅၉ ခုနှစ် ကရင်နှစ်သစ်ကူးနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ KNU ဥက္ကဋ္ဌ က ထည့်သွင်း တိုက်တွန်းလိုက်တာပါ။
လက်ရှိအချိန်မှာ KNU အနေနဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့နဲ့အတူ လက်နက်ကိုင် တိုက်ပွဲဝင်တဲ့နည်းလမ်းကို ရပ်ဆိုင်းထားပြီး အပစ်ခတ်ရပ်စဲကာ အစိုးရနဲ့ ဆွေးနွေးနေပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရသေးဘူးလို့ သဝဏ်လွှာမှာထည့်သွင်း ပြောဆိုထားပါတယ်။
ကရင်တိုင်းရင်းသားတွေအနေနဲ့ အခြားတိုင်းရင်းသားတွေနည်းတူ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ အမျိုးသားရေးအရ တရားမျှတမှုတွေအပြင် လူမျိုးတစ်မျိုးရဲ့ ရပိုင်ခွင့်တွေဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူ့အခွင့်အရေးတွေကို မရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကရင်နှစ်သစ်ကူးနေ့ကို အသိအမှတ်ပြုပေးဖို့ ၁၉၃၇ ပါလီမန်မှာ တင်ပြတောင်းဆိုခဲ့ပြီး တရားဝင် အသိအမှတ် ပြုလိုက်တာကြောင့် တနိုင်ငံလုံးမှာ ဒီနှစ်အထိ ကျင်းပလာခဲ့တယ်လို့ သဝဏ်လွှာမှာ ပါရှိပါတယ်။
လက်ရှိအချိန်မှာ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွေကို ကရင်တိုင်းရင်းသားတွေရှိတဲ့ နိုင်ငံအနှံ့မှာ ကျင်းပပြုနေတဲ့အပြင် နိုင်ငံတကာမှာလည်း ကျင်းပပြုလုပ်ကြပါတယ်။
- Zawgyi
~~~~~~~~~~~~~~~

Photo: Karen National Union Headquarters

No comments:

Post a Comment

My Blog List