Tuesday, December 24, 2019

ဘင်္ဂါလီ ဒုက္ခသည်တွေကို လက်ခံဖို့ အဆင့်သင့်ရှိကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးပြော

Image may contain: 1 person
ဘင်္ဂါလီ ဒုက္ခသည်တွေကို လက်ခံဖို့ အဆင်သင့် ပြင်ဆင်ထားကြောင်း ဖိလစ်ပိုင်သမ္မတဒူတာတေးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကိုတာဘာတိုမြို့ရှိ ဘန်ဆာမိုရို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရအထူးဒေသမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း ဖိလစ်ပိုင် သမ္မတက အခုလိုပြောဆိုလိုက်တာပါ။
"ဘင်္ဂါလီဒုက္ခသည်တွေကို လက်ခံဖို့ စီစဉ်ဆောင်ရွက်ထားတယ်။ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ဒုက္ခသည်တွေဟာ ဖိလစ်ပိုင်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ဖို့ ဆန္ဒရှိမယ်ဆိုရင် ဖိလစ်ပိုင်နိုင်ငံက ကြိုဆိုသွားမှာပါ"လို့ ပြောပါတယ်။
ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ပြီးခဲတဲ့နှစ်ကလည်း ဘင်္ဂါလီ ဒုက္ခသည်တွေကို လက်ခံဖို့ ပြောခဲ့သလို ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ဗီယက်နမ်နိုင်ငံက ဒုက္ခသည်တွေကိုလည်း လက်ခံခဲ့ဖူးကြောင်း ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီစစ်သွေးကြွအုပ်စုတွေရဲ့တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းခဲ့ရာ ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်းကစပြီး ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာထွက်ပြေးသွားခဲ့တာပါ။
သတင်း - ZMO
Ref; Inquirer
ဓာတ္ပုံ - EPA
(Unicode Version)
#InternationalNews
◾ ဘင်္ဂါလီ ဒုက္ခသည်တွေကို လက်ခံဖို့ အဆင့်သင့်ရှိကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးပြော
ဘင်္ဂါလီ ဒုက္ခသည်တွေကို လက်ခံဖို့ အဆင်သင့် ပြင်ဆင်ထားကြောင်း ဖိလစ်ပိုင်သမ္မတဒူတာတေးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကိုတာဘာတိုမြို့ရှိ ဘန်ဆာမိုရို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရအထူးဒေသမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း ဖိလစ်ပိုင် သမ္မတက အခုလိုပြောဆိုလိုက်တာပါ။
"ဘင်္ဂါလီဒုက္ခသည်တွေကို လက်ခံဖို့ စီစဉ်ဆောင်ရွက်ထားတယ်။ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ဒုက္ခသည်တွေဟာ ဖိလစ်ပိုင်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ဖို့ ဆန္ဒရှိမယ်ဆိုရင် ဖိလစ်ပိုင်နိုင်ငံက ကြိုဆိုသွားမှာပါ"လို့ ပြောပါတယ်။
ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ပြီးခဲတဲ့နှစ်ကလည်း ဘင်္ဂါလီ ဒုက္ခသည်တွေကို လက်ခံဖို့ ပြောခဲ့သလို ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ဗီယက်နမ်နိုင်ငံက ဒုက္ခသည်တွေကိုလည်း လက်ခံခဲ့ဖူးကြောင်း ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီစစ်သွေးကြွအုပ်စုတွေရဲ့တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းခဲ့ရာ ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်းကစပြီး ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာထွက်ပြေးသွားခဲ့တာပါ။
သတင်း - ZMO
Ref; Inquirer
ဓာတ်ပုံ - EPA

No comments:

Post a Comment

My Blog List