Tuesday, December 24, 2019

နိုင်ငံလူဦးရေ သန်း ၆ဝ ဖြစ်ဖို့ ဆယ်စုနှစ်တစ်ခုကြာဦးမည်

Image may contain: 1 person, standing and indoor
၂၀၅၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံလူဦးရေ ၆၅ သန်းအထိ ရှိလာနိုင်ပြီး ၂၀၃၀ မှာ သန်း ၆၀ ခန့်ရှိမယ်လို့ ခန့်မှန်းထားကြောင်း ပြည်သူ့အင်အားဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။

ဒါ့အပြင် ၂၀၁၉ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမူတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေပြီး ပြည်နယ်နဲ့တိုင်း ရှစ်ခုမှာ ကောက်ယူပြီးပြီလို့ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။
မကြာခင် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ထပ်မံ ကောက်ယူဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
အဲဒီလို ကောက်ယူရာမှာ သွားလာကောက်ယူဖို့ ခက်ခဲတဲ့ နေရာတွေကို ချန်လှပ်ထားခဲ့မှာဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိတဲ့ ဒေသတွေကိုလည်း ညှိုနှိုင်းပြီး ကောက်ယူသွားမယ်လို့ ပြောပါတယ်။
နေပြည်တော်မှာ ဒီနေ့ ကျင်းပခဲ့တဲ့ ၁၉၈၃ ခုနှစ်ကနေ ၂၀၁၄ အတွင်း လူဦးရေခန့်မှန်းခြင်း အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ ညွှန်ကြားရေးမှူးက ပြောခဲ့တာပါ။
လူဦးရေ ခန့်မှန်းချက်ဟာ ၁၀ နှစ်တာ ကာလအတွင်းမှာ အနီးစပ်ဆုံး မှန်ကန်နိုင်ပေမယ့် ၁၀ နှစ် ကျော်သွားရင်တော့ ကွဲလွဲချက်တွေ ရှိနိုင်တယ်လို့ အခမ်းအနားကို တက်ရောက်တဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကလည်း ပြောပါတယ်။
၁၉၈၃ ခုနှစ်က ကောက်ယူခဲ့တဲ့ လူဦးရေ သန်းခေါင်စာရင်းအရ ၂၀၁၄ မှာ လူဦးရေ သန်း ၆၀ ခန့် ရှိမယ်လို့ ခန့်မှန်းတွက်ချက်ခဲ့ပေမယ့် တကယ်တမ်း ကောက်ယူတဲ့အခါ ၅၄ သန်းခန့်သာ ရှိတယ်လို့ ဝန်ကြီးက ပြောပါတယ်။
၁၉၈၃ နောက်ပိုင်း နှစ် ၃၀ ကျော် လူဦးရေစာရင်းကို ခန့်မှန်းတွက်ချက်ခဲ့ရတဲ့အတွက် ၂၀၁၄ ခုနှစ်က ထုတ်ပြန်တဲ့ လူဦးရေ သန်းခေါင်စာရင်းမှာ ခန့်မှန်းထားတဲ့ လူဦးရေနဲ့ များစွာကွာခြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ကွာခြားချက်တွေဟာ နှစ်အလိုက်လူဦးရေကို အခြေခံပြီး တွက်ချက်ရတဲ့ အညွှန်းကိန်းတွေကို အကျိုးသက်ရောက်မှု ရှိနိုင်တာကြောင့် ၁၉၈၃ ကနေ ၂၀၁၄ အထိ နောက်ကြောင်းပြန် လူဦးရေ ခန့်မှန်းချက် အစီရင်ခံစာ ထုတ်ပြန်ဖို့ လိုအပ်လာတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကမ္ဘာ့ဘဏ်နဲ့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့က နောက်ကြောင်းပြန် လူဦးရေ ခန့်မှန်းချက် အစီရင်ခံစာ ထုတ်ပြန်ဖို့ အကူအညီပေးခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေကို ဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ပုံမှန် တွက်ချက် ဖော်ပြထားပြီး လက်ရှိလူဦးရေဟာ ၅၄ သန်းခွဲ ဖြစ်ကြောင်း တွေ့ရပါတယ်။
Image may contain: 1 person
Image may contain: 1 person
Image may contain: 17 people, people smiling
- Unicode
~~~~~~~~~~~~~~~

နိုင်ငံလူဦးရေ သန်း ၆ဝ ဖြစ်ဖို့ ဆယ်စုနှစ်တစ်ခုကြာဦးမည်
~~~~~
■ ၂၀၅၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံလူဦးရေ ၆၅ သန်းအထိ ရှိလာနိုင်ပြီး ၂၀၃၀ မှာ သန်း ၆၀ ခန့်ရှိမယ်လို့ ခန့်မှန်းထားကြောင်း ပြည်သူ့အင်အားဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။

ဒါ့အပြင် ၂၀၁၉ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမူတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေပြီး ပြည်နယ်နဲ့တိုင်း ရှစ်ခုမှာ ကောက်ယူပြီးပြီလို့ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။
မကြာခင် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ထပ်မံ ကောက်ယူဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
အဲဒီလို ကောက်ယူရာမှာ သွားလာကောက်ယူဖို့ ခက်ခဲတဲ့ နေရာတွေကို ချန်လှပ်ထားခဲ့မှာဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိတဲ့ ဒေသတွေကိုလည်း ညှိုနှိုင်းပြီး ကောက်ယူသွားမယ်လို့ ပြောပါတယ်။
နေပြည်တော်မှာ ဒီနေ့ ကျင်းပခဲ့တဲ့ ၁၉၈၃ ခုနှစ်ကနေ ၂၀၁၄ အတွင်း လူဦးရေခန့်မှန်းခြင်း အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ ညွှန်ကြားရေးမှူးက ပြောခဲ့တာပါ။
လူဦးရေ ခန့်မှန်းချက်ဟာ ၁၀ နှစ်တာ ကာလအတွင်းမှာ အနီးစပ်ဆုံး မှန်ကန်နိုင်ပေမယ့် ၁၀ နှစ် ကျော်သွားရင်တော့ ကွဲလွဲချက်တွေ ရှိနိုင်တယ်လို့ အခမ်းအနားကို တက်ရောက်တဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကလည်း ပြောပါတယ်။
၁၉၈၃ ခုနှစ်က ကောက်ယူခဲ့တဲ့ လူဦးရေ သန်းခေါင်စာရင်းအရ ၂၀၁၄ မှာ လူဦးရေ သန်း ၆၀ ခန့် ရှိမယ်လို့ ခန့်မှန်းတွက်ချက်ခဲ့ပေမယ့် တကယ်တမ်း ကောက်ယူတဲ့အခါ ၅၄ သန်းခန့်သာ ရှိတယ်လို့ ဝန်ကြီးက ပြောပါတယ်။
၁၉၈၃ နောက်ပိုင်း နှစ် ၃၀ ကျော် လူဦးရေစာရင်းကို ခန့်မှန်းတွက်ချက်ခဲ့ရတဲ့အတွက် ၂၀၁၄ ခုနှစ်က ထုတ်ပြန်တဲ့ လူဦးရေ သန်းခေါင်စာရင်းမှာ ခန့်မှန်းထားတဲ့ လူဦးရေနဲ့ များစွာကွာခြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ကွာခြားချက်တွေဟာ နှစ်အလိုက်လူဦးရေကို အခြေခံပြီး တွက်ချက်ရတဲ့ အညွှန်းကိန်းတွေကို အကျိုးသက်ရောက်မှု ရှိနိုင်တာကြောင့် ၁၉၈၃ ကနေ ၂၀၁၄ အထိ နောက်ကြောင်းပြန် လူဦးရေ ခန့်မှန်းချက် အစီရင်ခံစာ ထုတ်ပြန်ဖို့ လိုအပ်လာတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကမ္ဘာ့ဘဏ်နဲ့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့က နောက်ကြောင်းပြန် လူဦးရေ ခန့်မှန်းချက် အစီရင်ခံစာ ထုတ်ပြန်ဖို့ အကူအညီပေးခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေကို ဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ပုံမှန် တွက်ချက် ဖော်ပြထားပြီး လက်ရှိလူဦးရေဟာ ၅၄ သန်းခွဲ ဖြစ်ကြောင်း တွေ့ရပါတယ်။
- Zawgyi
~~~~~~~~~~~~~~~

Photo: Thiha Tun / RFA

No comments:

Post a Comment

My Blog List