Tuesday, December 24, 2019

တာဝန်ယူ၊ တာဝန်ခံရုံမျှဖြင့် မလုံလောက်ဘဲ တာဝန်ကျေရန် လိုအပ်ကြောင်း သူရဦးရွှေမန်းပြောကြား

Image may contain: 1 person, text

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆောင်ရွက်ရာတွင် တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်သည်ဆိုရုံမျှဖြင့် မလုံလောက်ဘဲ တာဝန် ကျေပွန်ရန် လိုအပ်ကြောင်း ဖောင်းပြင်မြို့နယ်ရှိ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီဝင်များနှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

"မိမိတာဝန်ထမ်းဆောင်သည့် သမိုင်းမှတ်တမ်းကို လေ့လာကြည့်နိုင် ပါကြောင်း၊
ပေးအပ်သည့် တာဝန်ကို တာဝန်ယူ၊ တာဝန်ခံရုံမျှသါမကဘဲ တာဝန်ကျေပွန်အောင် ဆောင်ရွက်ခဲ့သည်သာ ဖြစ်ပါကြောင်း၊
တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ် နိုင်ငံလုံခြုံရေး၊့ ကာကွယ်ရေးနှင့် နိုင်ငံတည်ဆောက်ရေးတာဝန်တို့ကို ကျေပွန်အောင် ထမ်းဆောင် ခဲ့ပါကြောင်း၊
လွတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခံရသည့် အခါတွင်လည်း ယခင်က လွတ်တော်အတွေ့အကြုံ လုံးဝမရှိသည့် အခြေအနေမှ လွှတ်တော်ကြီးအား နိုင်ငံတကာက ချီးကျူးအသိအမှတ်ပြုခံရသည် အထိ အသက်ဝင်အောင် ပြည်သူကိုကိုယ်စားပြုပြီး ပြည်သူကိုမျက်နှာမူ ကာ ပေးအပ်လာသည့် တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊
အထူးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်လာသည့် အခါတွင်လည်း တစ်ဦး၊ တစ်ဖွဲ့၏ အကျိုးထက် နိုင်ငံတော်နှင့် ပြည်သူအကျိုးစီးပွား ကိုသာ တည့်တည့်ကြည့်၍ တာဝန်ကျေပွန်အောင် ဆောင်ရွက်ခဲ့ ပါကြောင်း၊
တာဝန်ယူ၊ တာဝန်ခံသည်ဟု အချို့ကပြောနေကြသော်လည်း အကယ်၍ တာဝန်မကျေပါက နစ်နာဆုံးရှုံးသည့်အခါ ယင်းတို့မဟုတ်ဘဲ ပြည်သူ များနှင့် နိုင်ငံတော်ပဲ ဆုံးရှံးနစ်နာ ရပါကြောင်း၊
ထို့ကြောင့်တာဝန်ယူ၊ တာဝန်ခံပါသည်ဆိုရုံမျှနှင့် မရပါကြောင်း၊ တာဝန်ကျေ ပွန်ရန် အရေးကြီးပါကြောင်း သူရဦးရွှေမန်းက ဖောင်းပြင်မြို့နယ်ရှိ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း UBP ပါတီက ဖော်ပြထားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ခေါင်းဆောင် သူရဦးရွှေမန်း သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ပါတီယာယီစည်းရုံးရေးတာဝန်ခံများ အား တွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပါတီဌာနချုပ်မှ ဦးတင်ထွန်းအောင်၊ ပါတီဗဟိုအမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မြမြဖြိုး၊ စစ်ကိုင်းဒေသကြီး ပါတီယာယီစည်းရုံးရေးတာဝန်ခံ ဦးစောလှထွန်း၊ ဖောင်းပြင်မြို့နယ် ပါတီယာယီစည်းရုံးရေးတာဝန်ခံနှင့် မြို့နယ်ပါတီ ယာယီစည်ရုံးရေး ကော်မတီဝင်များ တက်ရောက်ကြသည်။
The Ladies News
တာဝန်ယူ၊ တာဝန်ခံရုံမျှဖြင့် မလုံ​လောက်ဘဲ တာဝန်ကျေရန် လိုအပ်ကြောင်း သူရဦးရွှေမန်းပြောကြား
--- --- ---

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆောင်ရွက်ရာတွင် တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်သည်ဆိုရုံမျှဖြင့် မလုံ​လောက်ဘဲ တာဝန်ကျေပွန်ရန် လိုအပ်ကြောင်း ဖောင်းပြင်မြို့နယ်ရှိ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီဝင်များနှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
"မိမိတာဝန်ထမ်းဆောင်သည့် သမိုင်းမှတ်တမ်းကို လေ့လာကြည့်နိုင် ပါကြောင်း၊
ပေးအပ်သည့် တာဝန်ကို တာဝန်ယူ၊ တာဝန်ခံရုံမျှသါမကဘဲ တာဝန်ကျေပွန်အောင် ဆောင်ရွက်ခဲ့သည်သာ ဖြစ်ပါကြောင်း၊
တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ် နိုင်ငံလုံခြုံရေး၊့ ကာကွယ်ရေးနှင့် နိုင်ငံတည်ဆောက်ရေးတာဝန်တို့ကို ကျေပွန်အောင် ထမ်းဆောင် ခဲ့ပါကြောင်း၊
လွတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခံရသည့် အခါတွင်လည်း ယခင်က လွတ်တော်အတွေ့အကြုံ လုံးဝမရှိသည့် အခြေအနေမှ လွှတ်တော်ကြီးအား နိုင်ငံတကာက ချီးကျူးအသိအမှတ်ပြုခံရသည် အထိ အသက်ဝင်အောင် ပြည်သူကိုကိုယ်စားပြုပြီး ပြည်သူကိုမျက်နှာမူ ကာ ​ပေးအပ်လာသည့် တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊
အထူးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်လာသည့် အခါတွင်လည်း တစ်ဦး၊ တစ်ဖွဲ့၏ အကျိုးထက် နိုင်ငံတော်နှင့် ပြည်သူအကျိုးစီးပွား ကိုသာ တည့်တည့်ကြည့်၍ တာဝန်ကျေပွန်အောင် ဆောင်ရွက်ခဲ့ ပါကြောင်း၊
တာဝန်ယူ၊ တာဝန်ခံသည်ဟု အချို့ကပြောနေကြသော်လည်း အကယ်၍ တာဝန်မကျေပါက နစ်နာဆုံးရှုံးသည့်အခါ ယင်းတို့မဟုတ်ဘဲ ပြည်သူ များနှင့် နိုင်ငံတော်ပဲ ဆုံးရှံးနစ်နာ ရပါကြောင်း၊
ထို့ကြောင့်တာဝန်ယူ၊ တာဝန်ခံပါသည််ဆိုရုံမျှနှင့် မရပါကြောင်း၊ တာဝန်ကျေ ပွန်ရန် အရေးကြီးပါကြောင်း သူရဦးရွှေမန်းက ဖောင်းပြင်မြို့နယ်ရှိ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း UBP ပါတီက ဖော်ပြထားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ခေါင်းဆောင် သူရဦးရွှေမန်း သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ပါတီယာယီစည်းရုံးရေးတာဝန်ခံများ အား တွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပါတီဌာနချုပ်မှ ဦးတင်ထွန်းအောင်၊ ပါတီဗဟိုအမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မြမြဖြိုး၊ စစ်ကိုင်းဒေသကြီး ပါတီယာယီစည်းရုံးရေးတာဝန်ခံ ဦးစောလှထွန်း၊ ဖောင်းပြင်မြို့နယ်် ပါတီယာယီစည်းရုံးရေးတာဝန်ခံနှင့် မြို့နယ်ပါတီ ယာယီစည်ရုံးရေး ကော်မတီဝင်များ တက်ရောက်ကြသည်။
The Ladies News

No comments:

Post a Comment

My Blog List