Friday, September 20, 2019

အဂတိလိုက္စားမွုျဖင့္ ဖမ္းဆီးခံထားရသည့္ အင္းစိန္ BPI ေဆးဝါးစက္႐ုံမွူးအား ဒုတိယအႀကိမ္ရမန္ယူခဲ့ၿပီး အဂတိလိုက္စားထားျခင္းမရွိဟု ၎၏ေရွ႕ေနေျပာၾကား


စက်တင်ဘာ ၁၉ ရက်က အင်းစိန် BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်အား ဒုတိယအကြိမ်  ရုံးထုတ်စဉ်
အဂတိလိုက္စားမွုျဖင့္ အမွုဖြင့္ဖမ္းဆီးခံထားရသည့္ အင္းစိန္ BPI ေဆးဝါးစက္႐ုံမွူးအား အင္းစိန္ၿမိဳ႕နယ္တရား႐ုံးတြင္ စက္တင္ဘာ ၁၉ ရက္က ဒုတိယအႀကိမ္ ႐ုံးထုတ္ရမန္ယူခဲ့ၿပီး အဂတိ လိုက္စားထားျခင္းမရွိဟု ၎၏ေရွ႕ေနက ေျပာၾကားသည္။

စက္တင္ဘာ ၁၉ ရက္ နံနက္ ၉ နာရီေက်ာ္တြင္ အင္းစိန္ BPI ေဆးဝါးစက္႐ုံမွူး ေဒါက္တာေအာင္ေဇာ္အား ဒုတိယအႀကိမ္  ႐ုံးထုတ္ရမန္ယူၿပီး ယခင္႐ုံးထုတ္ကကဲ့သို႔ BPI ေဆးဝါးစက္႐ုံမွဝန္ထမ္းမ်ား လာေရာက္ ဝန္းရံခဲ့ျခင္းမရွိေၾကာင္း သိရသည္။
႐ုံးခ်ိန္းအား လာမည့္ေအာက္တိုဘာ ၂ ရက္သို႔ ျပန္လည္ခ်ိန္းဆိုထားၿပီး ယင္းေန႔တြင္ ေဒါက္တာေအာင္ေဇာ္အား ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္႐ုံးတြင္ ႐ုံးထုတ္မည္ ျဖစ္ေၾကာင္းသိရသည္။
“ကၽြန္ေတာ္က ဖမ္းဆီးခံထားရတဲ့ ေဒါက္တာဘက္က လိုက္ပါေဆာင္ရြက္ေပးမွာပါ။ ဒီကေန႔က ကၽြန္ေတာ္တို႔ မူလသိထားတာက တိုင္းတရားလႊတ္ေတာ္မွာ အဂတိလိုက္စားမွု တိုက္ဖ်က္ေရးဥပေဒနဲ႔ တရားစြဲတင္မယ္ဆိုတာ သိထားတာ။ တစ္ဖက္က တရားစြဲတဲ့အဖြဲ႕အေနနဲ႔ အမွုတည္ေဆာက္မွုေတြ လိုအပ္ေနေသးလို႔ တရားစြဲမတင္ေသးဘဲ ခ်ဳပ္ရမန္ယူတာပါ။ ေအာက္တိုဘာ ၂ ရက္အထိ ယူတာပါ။ ဖမ္းဆီးခံထားရတဲ့ ေဒါက္တာေအာင္ေဇာ္က အဂတိလိုက္စားမွုတိုက္ဖ်က္ေရး ဥပေဒနဲ႔ အေရးမယူရပါဘူး။ ေျပာရမယ္ဆိုရင္ နိုင္ငံဝန္ထမ္းဥပေဒနဲ႔သာ အေရးယူရမွာပါ။ ကၽြန္ေတာ္ ဘာလို႔ခိုင္ခိုင္မာမာ ေျပာဆိုရလဲဆိုေတာ့ ေဒါက္တာေအာင္ေဇာ္က မရိုးမေျဖာင့္ ေဆာင္ရြက္ခဲ့တာ မရွိဘူး။ မမွန္မကန္ ျပဳလုပ္ခဲ့ျခင္းလည္း မရွိဘူး။စြဲဆိုထားတဲ့ ေငြေၾကးတံစိုးလက္ေဆာင္ရယူၿပီးေတာ့ အဂတိလိုက္စားတာလည္း မရွိဘူးဆိုတာ အခိုင္အမာေျပာလိုပါတယ္။ သူ႔ကို စြပ္စြဲထားတဲ့ ေကာ္ေစ့ ၂၆ တန္ သုံးစြဲခဲ့တာနဲ႔ ပတ္သက္လို႔ စက္႐ုံမွာ ကုန္ၾကမ္းမရွိတဲ့အတြက္ ထုတ္လုပ္မွုေတြကို အမွာစာေတြအရ  အားဂ်န႔္ေဆာင္ရြက္ရလို႔ ကုန္ၾကမ္းျပတ္လပ္ေနတာကို သူဘယ္လိုေဆာင္ရြက္ရမလဲဆိုတာကို စာအားျဖင့္လည္း အထက္႐ုံးအသီးသီးကို တင္ျပခဲ့တာ အေထာက္အထားရွိပါတယ္။ ႏွုတ္နဲ႔လည္း တင္ျပထားပါတယ္။တင္ျပေတာ့ ဦးေဆာင္ညႊန္ၾကားေရးမွူး ကိုယ္တိုင္က ထုတ္လုပ္မွုက ျပတ္လို႔မရဘူး။ အထက္အမိန႔္အရ ေဆာင္ရြက္တာျဖစ္လို႔ သူ႔တာဝန္ကို အလြဲသုံးစားလုပ္တယ္လို႔ မေပၚေပါက္ပါဘူး။တံစိုးလက္ေဆာင္ကို ေဒါက္တာေအာင္ေဇာ္ရတယ္လို႔ အေထာက္အထား မရွိသလို မေပၚေပါက္ပါဘူး” ဟု ဖမ္းဆီးခံထားရသူ ေဒါက္တာေအာင္ေဇာ္ဘက္မွ လိုက္ပါေဆာင္ရြက္ေပးမည့္ေရွ႕ေနက ေျပာၾကားသည္။
အင္းစိန္ BPI ေဆးဝါးစက္႐ုံမွူးအား အဂတိလိုက္စားမွု တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ -၅၆ ျဖင့္ အင္းစိန္ၿမိဳ႕နယ္တရား႐ုံးတြင္ စက္တင္ဘာ ၆ ရက္က တရားစြဲဆိုအေရးယူနိုင္ေရး ေဆာင္ရြက္ခဲ့ေၾကာင္း၊ ေဒါက္တာေအာင္ေဇာ္မွာ ေဆးဝါးစက္႐ုံ (အင္းစိန္) BPI ႏွင့္ ေဆးဝါးစက္႐ုံ (အင္ေရာင္း) ေက်ာက္ဆည္တို႔တြင္ ေသြးေၾကာသြင္းေဆးရည္ဘူးမ်ား ထုတ္လုပ္ရန္အတြက္ ေကာ္ေစ့မ်ားႏွင့္ စက္ပစၥည္းမ်ား ဝယ္ယူရာတြင္ ကုမၸဏီႏွင့္ ပူးေပါင္း၍ ရိုက္စားခြင္မ်ား ဖန္တီးေနသူမ်ားအား  အေရးယူေပးရန္ အဂတိလိုက္စားမွု တိုက္ဖ်က္ေရးေကာ္မရွင္သို႔ တိုင္ၾကားခဲ့ေၾကာင္း သိရသည္။
တိုင္ၾကားစာအရ ေကာ္မရွင္က စစ္ေဆးရာ ေဆးဝါးစက္႐ုံ(အင္းစိန္) စက္႐ုံမွူး ေဒါက္တာ ေအာင္ေဇာ္သည္ ေဆးဝါးထုပ္ပိုး ပစၥည္းမ်ား ထုတ္လုပ္ရန္အတြက္ ေကာ္ေစ့ ၂၆ တန္ကို လုပ္ထုံးလုပ္နည္းႏွင့္မညီဘဲ ဝယ္ယူခဲ့သျဖင့္ နိုင္ငံေတာ္၏ ေငြေၾကးႏွင့္ပစၥည္းကို ထိခိုက္နစ္နာဆုံးရွုံးေစေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္ဟု ေကာ္မရွင္က ထုတ္ျပန္ခဲ့သည္။
ျမန္မာေဆးဝါးလုပ္ငန္းမွာ စက္မွုဝန္ႀကီးဌာနလက္ေအာက္တြင္ တည္ရွိၿပီး ယင္းေဆးဝါးလုပ္ငန္းေအာက္တြင္ အင္းစိန္ေဆးဝါးစက္႐ုံႏွင့္ အင္ေရာင္းေဆးဝါးစက္႐ုံ အစရွိသည့္ စက္႐ုံမ်ားရွိသည္။
အင္းစိန္ေဆးဝါးစက္႐ုံမွာ အိမ္သုံးအဂၤလိပ္ေဆးဝါးမ်ားကို ထုတ္လုပ္ကာ ျပည္တြင္းတြင္သာမက ျပည္ပနိုင္ငံမ်ားသို႔လည္း တင္ပို႔ေရာင္းခ်လ်က္ရွိသည္။အင္းစိန္ေဆးဝါးစက္႐ုံ BPI ႏွင့္ အင္ေရာင္းရွိ ေဆးဝါးစက္႐ုံတို႔အနက္ အင္ေရာင္းစက္႐ုံရွိ ေသြးေၾကာသြင္းေဆးရည္ဘူး အေဆာက္အအုံကို ယခုႏွစ္ ဧၿပီလအတြင္းက စတင္ဖြင့္လွစ္ခဲ့ၿပီး ယင္းအေဆာက္အအုံမွ ႏွစ္စဥ္ေသြးေၾကာသြင္း ေဆးရည္ဘူး ၁၀ သန္းအထိ တိုးျမႇင့္ေဆာင္ရြက္နိုင္ရန္ လုပ္ေဆာင္ေနေၾကာင္း ျမန္မာ့ေဆးဝါးလုပ္ငန္းမွ သိရသည္။
Eleven Media Group 
အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံထားရသည့် အင်းစိန် BPI ဆေးဝါးစက်ရုံမှူးအား ဒုတိယအကြိမ်ရမန်ယူခဲ့ပြီး အဂတိလိုက်စားထားခြင်းမရှိဟု ၎င်း၏ရှေ့နေပြောကြား

အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် အင်းစိန် BPI ဆေးဝါးစက်ရုံမှူးအား အင်းစိန်မြို့နယ်တရားရုံးတွင် စက်တင်ဘာ ၁၉ ရက်က ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူခဲ့ပြီး အဂတိ လိုက်စားထားခြင်းမရှိဟု ၎င်း၏ရှေ့နေက ပြောကြားသည်။

စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီကျော်တွင် အင်းစိန် BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်အား ဒုတိယအကြိမ်  ရုံးထုတ်ရမန်ယူပြီး ယခင်ရုံးထုတ်ကကဲ့သို့ BPI ဆေးဝါးစက်ရုံမှဝန်ထမ်းများ လာရောက် ဝန်းရံခဲ့ခြင်းမရှိကြောင်း သိရသည်။
ရုံးချိန်းအား လာမည့်အောက်တိုဘာ ၂ ရက်သို့ ပြန်လည်ချိန်းဆိုထားပြီး ယင်းနေ့တွင် ဒေါက်တာအောင်ဇော်အား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွင် ရုံးထုတ်မည် ဖြစ်ကြောင်းသိရသည်။
“ကျွန်တော်က ဖမ်းဆီးခံထားရတဲ့ ဒေါက်တာဘက်က လိုက်ပါဆောင်ရွက်ပေးမှာပါ။ ဒီကနေ့က ကျွန်တော်တို့ မူလသိထားတာက တိုင်းတရားလွှတ်တော်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲတင်မယ်ဆိုတာ သိထားတာ။ တစ်ဖက်က တရားစွဲတဲ့အဖွဲ့အနေနဲ့ အမှုတည်ဆောက်မှုတွေ လိုအပ်နေသေးလို့ တရားစွဲမတင်သေးဘဲ ချုပ်ရမန်ယူတာပါ။ အောက်တိုဘာ ၂ ရက်အထိ ယူတာပါ။ ဖမ်းဆီးခံထားရတဲ့ ဒေါက်တာအောင်ဇော်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးမယူရပါဘူး။ ပြောရမယ်ဆိုရင် နိုင်ငံဝန်ထမ်းဥပဒေနဲ့သာ အရေးယူရမှာပါ။ ကျွန်တော် ဘာလို့ခိုင်ခိုင်မာမာ ပြောဆိုရလဲဆိုတော့ ဒေါက်တာအောင်ဇော်က မရိုးမဖြောင့် ဆောင်ရွက်ခဲ့တာ မရှိဘူး။ မမှန်မကန် ပြုလုပ်ခဲ့ခြင်းလည်း မရှိဘူး။စွဲဆိုထားတဲ့ ငွေကြေးတံစိုးလက်ဆောင်ရယူပြီးတော့ အဂတိလိုက်စားတာလည်း မရှိဘူးဆိုတာ အခိုင်အမာပြောလိုပါတယ်။ သူ့ကို စွပ်စွဲထားတဲ့ ကော်စေ့ ၂၆ တန် သုံးစွဲခဲ့တာနဲ့ ပတ်သက်လို့ စက်ရုံမှာ ကုန်ကြမ်းမရှိတဲ့အတွက် ထုတ်လုပ်မှုတွေကို အမှာစာတွေအရ  အားဂျန့်ဆောင်ရွက်ရလို့ ကုန်ကြမ်းပြတ်လပ်နေတာကို သူဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို စာအားဖြင့်လည်း အထက်ရုံးအသီးသီးကို တင်ပြခဲ့တာ အထောက်အထားရှိပါတယ်။ နှုတ်နဲ့လည်း တင်ပြထားပါတယ်။တင်ပြတော့ ဦးဆောင်ညွှန်ကြားရေးမှူး ကိုယ်တိုင်က ထုတ်လုပ်မှုက ပြတ်လို့မရဘူး။ အထက်အမိန့်အရ ဆောင်ရွက်တာဖြစ်လို့ သူ့တာဝန်ကို အလွဲသုံးစားလုပ်တယ်လို့ မပေါ်ပေါက်ပါဘူး။တံစိုးလက်ဆောင်ကို ဒေါက်တာအောင်ဇော်ရတယ်လို့ အထောက်အထား မရှိသလို မပေါ်ပေါက်ပါဘူး” ဟု ဖမ်းဆီးခံထားရသူ ဒေါက်တာအောင်ဇော်ဘက်မှ လိုက်ပါဆောင်ရွက်ပေးမည့်ရှေ့နေက ပြောကြားသည်။
အင်းစိန် BPI ဆေးဝါးစက်ရုံမှူးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ -၅၆ ဖြင့် အင်းစိန်မြို့နယ်တရားရုံးတွင် စက်တင်ဘာ ၆ ရက်က တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဒေါက်တာအောင်ဇော်မှာ ဆေးဝါးစက်ရုံ (အင်းစိန်) BPI နှင့် ဆေးဝါးစက်ရုံ (အင်ရောင်း) ကျောက်ဆည်တို့တွင် သွေးကြောသွင်းဆေးရည်ဘူးများ ထုတ်လုပ်ရန်အတွက် ကော်စေ့များနှင့် စက်ပစ္စည်းများ ဝယ်ယူရာတွင် ကုမ္ပဏီနှင့် ပူးပေါင်း၍ ရိုက်စားခွင်များ ဖန်တီးနေသူများအား  အရေးယူပေးရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
တိုင်ကြားစာအရ ကော်မရှင်က စစ်ဆေးရာ ဆေးဝါးစက်ရုံ(အင်းစိန်) စက်ရုံမှူး ဒေါက်တာ အောင်ဇော်သည် ဆေးဝါးထုပ်ပိုး ပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့သဖြင့် နိုင်ငံတော်၏ ငွေကြေးနှင့်ပစ္စည်းကို ထိခိုက်နစ်နာဆုံးရှုံးစေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
မြန်မာဆေးဝါးလုပ်ငန်းမှာ စက်မှုဝန်ကြီးဌာနလက်အောက်တွင် တည်ရှိပြီး ယင်းဆေးဝါးလုပ်ငန်းအောက်တွင် အင်းစိန်ဆေးဝါးစက်ရုံနှင့် အင်ရောင်းဆေးဝါးစက်ရုံ အစရှိသည့် စက်ရုံများရှိသည်။
အင်းစိန်ဆေးဝါးစက်ရုံမှာ အိမ်သုံးအင်္ဂလိပ်ဆေးဝါးများကို ထုတ်လုပ်ကာ ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။အင်းစိန်ဆေးဝါးစက်ရုံ BPI နှင့် အင်ရောင်းရှိ ဆေးဝါးစက်ရုံတို့အနက် အင်ရောင်းစက်ရုံရှိ သွေးကြောသွင်းဆေးရည်ဘူး အဆောက်အအုံကို ယခုနှစ် ဧပြီလအတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းအဆောက်အအုံမှ နှစ်စဉ်သွေးကြောသွင်း ဆေးရည်ဘူး ၁၀ သန်းအထိ တိုးမြှင့်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။
Eleven Media Group

No comments:

Post a Comment

My Blog List