Thursday, September 19, 2019

သံတုတ္၊ ကတ္ေၾကးတို႔ ကိုင္ေဆာင္ ရမ္းကားသည့္ သ႐ုပ္ေဆာင္လင္းလက္ဟိန္းကို ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီး


သံတုတ္၊ ကတ္ေၾကး ကိုင္ေဆာင္ကာ ရဲတပ္ဖဲြ႕ဝင္ႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးကို ရန္ျပဳတိုက္ခိုက္ ကာ လက္နက္ကိုင္ေဆာင္ ရမ္းကားသည့္ သ႐ုပ္ေဆာင္လင္းလက္ဟိန္း(ခ) သန္းထိုက္ဦး ကို သဃၤန္းကၽြန္းၿမိဳ႕နယ္ရဲ တပ္ဖဲြ႕က ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ရေၾကာင္း သိရသည္။

စက္တင္ဘာ ၁၉ ရက္ နံနက္ ၅နာရီခဲြခန္႔တြင္ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ ဆယ္သိန္းရပ္ကြက္၊ ရတနာပံု လမ္းအတြင္းတြင္ လက္နက္ကိုင္ေဆာင္ မူးယစ္ရမ္းကားေနေသာေၾကာင့္ ရပ္ကြက္ေနသူမ်ားက ရဲတပ္ဖဲြ႕သို႔ အေၾကာင္းၾကားခဲ့ၿပီး သြားေရာက္ထိန္းသိမ္းသည့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ရဲတပ္ ဖဲြ႕ဝင္တစ္ဦးကို ရန္ျပဳတိုက္ခိုက္ခဲ့သျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သဃၤန္းကၽြန္းၿမိဳ႕မရဲစ ခန္းမွ ၿမိဳ႕နယ္မွဴး ရဲမွဴးေကာင္းႏိုင္က ေျပာသည္။
“အုပ္ခ်ဳပ္ေရးမွဴးကို သံတုတ္နဲ႔ ႐ိုက္တယ္။ ရဲတပ္ဖဲြ႕ဝင္တစ္ဦးကို ကတ္ေၾကးနဲ႔ ေျပးထုိးလို႔ ပစ္ခတ္ ဖမ္းဆီးလိုက္တာ။ ေသေစႏိုင္ေလာက္တဲ့ လက္နက္ကိုင္နဲ႔ လူကိုသတ္ရန္ႀကံ႐ြယ္မႈ ပုဒ္မ-၃၀၇ နဲ႔ အမႈဖြင့္ ထားတယ္” ဟု ရဲမွဴးေကာင္းႏိုင္က ေျပာသည္။
တိုက္ခိုက္မႈေၾကာင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး၏ လက္တြင္ ၂ လက္မခန္႔ ပြန္းရွဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ရဲတပ္ဖဲြ႕၏ ပစ္ခတ္မႈေၾကာင့္ လင္းလက္ဟိန္း၏ ညာဘက္ေပါင္တြင္ ေပါက္ၿပဲဒဏ္ရာရရွိခဲ့သည္။
ဖမ္းဆီးမႈမျဖစ္မီ ညပိုင္းက ရပ္ကြက္အတြက္ရွိ အဘြားအိုတစ္ဦးကို လည္ပင္းညစ္ျခင္း၊ ကားမွန္ ႐ိုက္ခဲြျခင္း၊ တိုက္ေလွကားအတြင္းရွိ စက္ဘီးႏွင့္ ရပ္ကြက္အတြင္းရွိ ဆိုက္ကၠားမ်ားကို ဖ်က္စီးမႈမ်ား ရွိခဲ့ေၾကာင္းသိရသည္။
သ႐ုပ္ေဆာင္လင္းလက္ဟိန္း၏ ရပ္ကြက္အတြင္း မူးယစ္ရမ္းကားမႈသည္ ပထမဆံုးအႀကိမ္မဟုတ္ေၾကာင္း ရပ္ ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းေဇာ္ဦးက ေျပာသည္။
“ရပ္ကြက္ထဲမွာ လာဌားေနတာ။ ဒါက ပထမဆံုးျဖစ္တာမဟုတ္ဘူး။ ရပ္ကြက္ထဲကလူေတြကို လည္ပင္းညစ္တယ္၊ ေရစက္ေမာ္တာေတြကို ႐ိုက္ဖ်က္တယ္၊ တိုက္ခန္းေရကန္ထဲကို အမိႈက္ေတြ၊ ေျခသုတ္ခံုေတြ၊ မီးေခ်ာင္းေတြပစ္ထည့္တယ္ ျပႆနာမျဖစ္ေအာင္ သိုသိုသိပ္သိပ္ပဲ ရွင္းလိုက္တာ။ ၿပီးရင္သူမဟုတ္ေတာ့သလိုပဲ။ ေဆးေၾကာင္ေနတာလားမသိဘူး”ဟု ၎က ေျပာသည္။
လင္းလက္ဟိန္းကို သဃၤန္းကၽြန္းၿမိဳ႕မရဲစခန္းမွ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၀၇ ျဖင့္ အမႈဖြင့္အေရး ယူထားသည္။
The Fifth Wave News

Unicode
သံတုတ်၊ ကတ်ကြေးတို့ ကိုင်ဆောင် ရမ်းကားသည့် သရုပ်ဆောင်လင်းလက်ဟိန်းကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
စက်တင်ဘာ ၁၉
ကျော်သူမြင့်
သံတုတ်၊ ကတ်ကြေး ကိုင်ဆောင်ကာ ရဲတပ်ဖွဲ့ဝင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရန်ပြုတိုက်ခိုက် ကာ လက်နက်ကိုင်ဆောင် ရမ်းကားသည့် သရုပ်ဆောင်လင်းလက်ဟိန်း(ခ) သန်းထိုက်ဦး ကို သင်္ဃန်းကျွန်းမြို့နယ်ရဲ တပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
စက်တင်ဘာ ၁၉ ရက် နံနက် ၅နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက်၊ ရတနာပုံ လမ်းအတွင်းတွင် လက်နက်ကိုင်ဆောင် မူးယစ်ရမ်းကားနေသောကြောင့် ရပ်ကွက်နေသူများက ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပြီး သွားရောက်ထိန်းသိမ်းသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ် ဖွဲ့ဝင်တစ်ဦးကို ရန်ပြုတိုက်ခိုက်ခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့မရဲစ ခန်းမှ မြို့နယ်မှူး ရဲမှူးကောင်းနိုင်က ပြောသည်။
“အုပ်ချုပ်ရေးမှူးကို သံတုတ်နဲ့ ရိုက်တယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ကတ်ကြေးနဲ့ ပြေးထိုးလို့ ပစ်ခတ် ဖမ်းဆီးလိုက်တာ။ သေစေနိုင်လောက်တဲ့ လက်နက်ကိုင်နဲ့ လူကိုသတ်ရန်ကြံရွယ်မှု ပုဒ်မ-၃၀၇ နဲ့ အမှုဖွင့် ထားတယ်” ဟု ရဲမှူးကောင်းနိုင်က ပြောသည်။
တိုက်ခိုက်မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ လက်တွင် ၂ လက်မခန့် ပွန်းရှဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လင်းလက်ဟိန်း၏ ညာဘက်ပေါင်တွင် ပေါက်ပြဲဒဏ်ရာရရှိခဲ့သည်။
ဖမ်းဆီးမှုမဖြစ်မီ ညပိုင်းက ရပ်ကွက်အတွက်ရှိ အဘွားအိုတစ်ဦးကို လည်ပင်းညစ်ခြင်း၊ ကားမှန် ရိုက်ခွဲခြင်း၊ တိုက်လှေကားအတွင်းရှိ စက်ဘီးနှင့် ရပ်ကွက်အတွင်းရှိ ဆိုက်က္ကားများကို ဖျက်စီးမှုများ ရှိခဲ့ကြောင်းသိရသည်။
သရုပ်ဆောင်လင်းလက်ဟိန်း၏ ရပ်ကွက်အတွင်း မူးယစ်ရမ်းကားမှုသည် ပထမဆုံးအကြိမ်မဟုတ်ကြောင်း ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးက ပြောသည်။
“ရပ်ကွက်ထဲမှာ လာဌားနေတာ။ ဒါက ပထမဆုံးဖြစ်တာမဟုတ်ဘူး။ ရပ်ကွက်ထဲကလူတွေကို လည်ပင်းညစ်တယ်၊ ရေစက်မော်တာတွေကို ရိုက်ဖျက်တယ်၊ တိုက်ခန်းရေကန်ထဲကို အမှိုက်တွေ၊ ခြေသုတ်ခုံတွေ၊ မီးချောင်းတွေပစ်ထည့်တယ် ပြဿနာမဖြစ်အောင် သိုသိုသိပ်သိပ်ပဲ ရှင်းလိုက်တာ။ ပြီးရင်သူမဟုတ်တော့သလိုပဲ။ ဆေးကြောင်နေတာလားမသိဘူး”ဟု ၎င်းက ပြောသည်။
လင်းလက်ဟိန်းကို သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၇ ဖြင့် အမှုဖွင့်အရေး ယူထားသည်။

The Fifth Wave News

No comments:

Post a Comment

My Blog List