Wednesday, September 18, 2019

မေကြးၿမိဳ႕ ေနရာ(၃)ခုတြင္ အုပ္စုဖြဲ႔ လုယက္၊တိုက္ခိုက္မႈ က်ဴးလြန္ခဲ႔သူ တခ်ဳိ႕ကို ဖမ္းဆီး


မေကြးၿမိဳ႕က အမ်ားျပည္သူ အပန္းေျဖေနရာ (၃)ခုမွာ စက္တင္ဘာလ(၁၆)ရက္ တစ္ရက္တည္း အုပ္စုဖြဲ႔ လုယက္၊ တိုက္ခိုက္မႈ ျဖစ္ပြားခဲ႔ၿပီး ျပစ္မႈက်ဴးလြန္သူ ေလးဦးထဲက ႏွစ္ဦးကို ဖမ္းဆီးရမိထားတယ္လို႔ မေကြးၿမိဳ႕မ ရဲစခန္းက သိရပါတယ္။ ျပစ္မႈက်ဴးလြန္သူေတြဟာ အပန္းေျဖေနရာေတြျဖစ္တဲ႔ ဗိုလ္ခ်ဳပ္ပန္းျခံ၊ ကန္သာကန္၊ ကမ္းနားလမ္း ေက်ာက္သားဥယ်ာဥ္ေနရာေတြမွာ က်ဴးလြန္ခဲ႔ၾကတာျဖစ္ၿပီး တစ္ဖြဲ႔တည္း အတူတူျဖစ္တယ္ဆိုတာ သိရွိခဲ႔ရၿပီး အရက္ ေသစာေသာက္စားထားကာ အေပ်ာ္အပါးလိုက္စားလိုတဲ႔အတြက္ အမႈေတြက်ဴးလြန္ခဲ႔တာကို စစ္ေဆးေတြ႔႐ွိရတယ္လို႔ မေကြးၿမိဳ႕မ ရဲစခန္းမွဴး ဒုရဲမွဴး မိုးေဇာ္ႏိုင္က ေျပာပါတယ္။
လုယက္ တိုက္ခိုက္မႈ ျဖစ္စဥ္မွာ စက္တင္ဘာ(၁၆)ရက္ ညေန(၃)နာရီခြဲ ဝန္းက်င္မွာ မေကြးၿမိဳ႕က ဗိုလ္ခ်ဳပ္ပန္းျခံထဲထိုင္ေနတဲ႔ လူႏွစ္ေယာက္ကို အမ်ိဳးသားေလးဦး က အရက္ေသာက္ဖို႔ေခၚကာ လူကို ထိခိုက္ေအာင္လုပ္မယ္ဆိုၿပီး ၿခိ္မ္းေျခာက္ေျပာဆို ခဲ႔တယ္လို႔ ဆိုပါတယ္။ အဲဒီေနာက္ အမ်ဳိးသားေလးေယာက္ထဲက တစ္ေယာက္က မ်က္ႏွာကို ေဆးလိပ္မီးနဲ႔ထိုးခဲ႔တယ္လို႔ ဆိုပါတယ္။ ဒီေနာက္မွာ Love Garden ေကတီဗီကို ေခၚသြားၿပီး ႏွစ္နာရီ ဝန္းက်င္ေလာက္ထိုင္ကာ က်ဴးလြန္ခံခဲ႔သူ ႏွစ္ေယာက္ကို ထားသြားခဲ႔တယ္လို႔ ဆိုပါတယ္။ က်ဴးလြန္သူ ေလးဦးကဟာ ကန္သာကန္ေဘာင္ကို ဆက္လက္သြားေရာက္ၿပီး ေယာက္က်ာၤးေလး (၂)ဦးရဲ႕ ေပါင္ေတြကို ဓားနဲ႔ထိုး ခဲ႔တယ္လို႔ ၿမိဳမရဲစခန္းက တာဝန္ရွိသူက ေျပာပါတယ္။ ဓါးနဲ႔ထိုးခဲ႔ၿပီးေနာက္မွာေတာ႔ ကမ္းနားလမ္း ေက်ာက္သားဥယ်ာဥ္ဘက္ကို ေရာက္လာၿပီး ထိုင္ေနတဲ႔သူ တစ္ေယာက္ကို ဓားနဲ႔ထိုးၿပီး ဖုန္းကိုယူသြားခဲ႔ၾကတာ ျဖစ္တယ္လို႔ လို႔ ၿမိဳ႕မရဲစခန္းက သိရပါတယ္။
လက္ရွိ ျပစ္မႈက်ဴးလြန္သူ(၄)ဦးထဲက (၂)ဦးကို ဖမ္းဆီးရမိထားျပီး အမႈသံုးမႈ နဲ႔ အေရးယူေဆာင္ရြက္ထားတယ္လုိ႔ မေကြးၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးမိုးေဇာ္ႏိုင္က ေျပာပါတယ္။
ျပစ္မႈက်ဴးလြန္စဥ္ အသံုးျပဳခဲ႔တဲ႔ ဆိုင္ကယ္ႏွစ္စီးကို ရဲတပ္ဖြဲ႔က သိမ္းဆည္းထားၿပီး ျပစ္မႈက်ဴးလြန္သူေတြကို အျပစ္ေပးအေရးယူႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

သတင္း- စိုးစိုးဦး
Unicode version
မကွေးမြို့ နေရာ(၃)ခုတွင် အုပ်စုဖွဲ့ လုယက်၊တိုက်ခိုက်မှု ကျူးလွန်ခဲ့သူ အချို့ကို ဖမ်းဆီး
------------------------------------------
မကွေးမြို့က အများပြည်သူ အပန်းဖြေနေရာ (၃)ခုမှာ စက်တင်ဘာလ(၁၆)ရက် တစ်ရက်တည်း အုပ်စုဖွဲ့ လုယက်၊ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူ လေးဦးထဲက နှစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ မကွေးမြို့မ ရဲစခန်းက သိရပါတယ်။ ပြစ်မှုကျူးလွန်သူတွေဟာ အပန်းဖြေနေရာတွေဖြစ်တဲ့ ဗိုလ်ချုပ်ပန်းခြံ၊ ကန်သာကန်၊ ကမ်းနားလမ်း ကျောက်သားဥယျာဉ်နေရာတွေမှာ ကျူးလွန်ခဲ့ကြတာဖြစ်ပြီး တစ်ဖွဲ့တည်း အတူတူဖြစ်တယ်ဆိုတာ သိရှိခဲ့ရပြီး အရက် သေစာသောက်စားထားကာ အပျော်အပါးလိုက်စားလိုတဲ့အတွက် အမှုတွေကျူးလွန်ခဲ့တာကို စစ်ဆေးတွေ့ရှိရတယ်လို့ မကွေးမြို့မ ရဲစခန်းမှူး ဒုရဲမှူး မိုးဇော်နိုင်က ပြောပါတယ်။
လုယက် တိုက်ခိုက်မှု ဖြစ်စဉ်မှာ စက်တင်ဘာ(၁၆)ရက် ညနေ(၃)နာရီခွဲ ဝန်းကျင်မှာ မကွေးမြို့က ဗိုလ်ချုပ်ပန်းခြံထဲထိုင်နေတဲ့ လူနှစ်ယောက်ကို အမျိုးသားလေးဦး က အရက်သောက်ဖို့ခေါ်ကာ လူကို ထိခိုက်အောင်လုပ်မယ်ဆိုပြီး ခြိ်မ်းခြောက်ပြောဆို ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အမျိုးသားလေးယောက်ထဲက တစ်ယောက်က မျက်နှာကို ဆေးလိပ်မီးနဲ့ထိုးခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာ Love Garden ကေတီဗီကို ခေါ်သွားပြီး နှစ်နာရီ ဝန်းကျင်လောက်ထိုင်ကာ ကျူးလွန်ခံခဲ့သူ နှစ်ယောက်ကို ထားသွားခဲ့တယ်လို့ ဆိုပါတယ်။ ကျူးလွန်သူ လေးဦးကဟာ ကန်သာကန်ဘောင်ကို ဆက်လက်သွားရောက်ပြီး ယောက်ကျာင်္းလေး (၂)ဦးရဲ့ ပေါင်တွေကို ဓားနဲ့ထိုး ခဲ့တယ်လို့ မြိုမရဲစခန်းက တာဝန်ရှိသူက ပြောပါတယ်။ ဓါးနဲ့ထိုးခဲ့ပြီးနောက်မှာတော့ ကမ်းနားလမ်း ကျောက်သားဥယျာဉ်ဘက်ကို ရောက်လာပြီး ထိုင်နေတဲ့သူ တစ်ယောက်ကို ဓားနဲ့ထိုးပြီး ဖုန်းကိုယူသွားခဲ့ကြတာ ဖြစ်တယ်လို့ လို့ မြို့မရဲစခန်းက သိရပါတယ်။
လက်ရှိ ပြစ်မှုကျူးလွန်သူ(၄)ဦးထဲက (၂)ဦးကို ဖမ်းဆီးရမိထားပြီး အမှုသုံးမှု နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ မကွေးမြို့မရဲစခန်းမှူး ဒုရဲမှူးမိုးဇော်နိုင်က ပြောပါတယ်။
ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့တဲ့ ဆိုင်ကယ်နှစ်စီးကို ရဲတပ်ဖွဲ့က သိမ်းဆည်းထားပြီး ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

No comments:

Post a Comment

My Blog List