Thursday, September 19, 2019

အဂတိမႈျဖင့္စြပ္စြဲခံထားရသည့္ BPI စက္ရုံမွဴးေဒါက္တာေအာင္ေဇာ္ကို ရဲက တရားရုံး၌ ခ်ဳပ္ေႏွာင္ခြင့္ (ရမာန္) ယူ၊ စက္ရုံ၀န္ထမ္း ၁၀၀ ခန္႔ လာေရာက္၀န္းရံ



ျမန္မာႏိုင္ငံအဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က ပုဒ္မ ၅၆ ျဖင့္ အမႈဖြင့္လွစ္ျခင္းခံထားရသည့္ BPI ေဆး၀ါး စက္ရုံ၏ စက္ရုံမွဴးေဒါက္ေအာင္ေဇာ္ကို အင္းစိန္ၿမိဳ႕နယ္တရားရုံးတြင္ ယေန႔နံနက္ပိုင္းက ရုံးထုတ္ခဲ့ရာတြင္ ရဲတပ္ဖြဲ႕က တရားရုံး၌ ခ်ဳပ္ေႏွာင္ခြင့္ယူခဲ့ေၾကာင္း သိရသည္။

၄င္းရုံးထုတ္မႈတြင္ အဂတိလိုက္စားမႈျဖင့္စြပ္စြဲခံထားရသည့္ BPI စက္ရုံမွဴးေဒါက္တာေအာင္ေဇာ္အား အင္းစိန္ၿမိဳ႕နယ္ တရားရုံးက ခ်ဳပ္ေႏွာင္ခြင့္ (ရမာန္) ကို ခြင့္ျပဳခဲ့ေၾကာင္းလည္း သိရသည္။
ယင္းသုိ႔ ရဲတပ္ဖြဲ႕၏ ေဒါက္တာေအာင္ေဇာ္အား ခ်ဳပ္ေႏွာင္ခြင့္ျပဳေရးအတြက္ တရားရုံး၌တင္ျပခဲ့သည့္ ရုံးထုတ္မႈတြင္ BPI ေဆး၀ါးစက္ရုံရွိ စက္ရုံ၀န္ထမ္း ၁၀၀ ခန္႔ကလည္း ေဒါက္တာေအာင္ေဇာ္ကို လာေရာက္၀န္းရံမႈမ်ားျပဳလုပ္ခဲ့ေၾကာင္းသိရ သည္။
ေဒါက္တာေအာင္ေဇာ္အား လာေရာက္၀န္းရံမႈတြင္ စက္ရုံ၀န္ထမ္းမ်ားက စက္ရုံယူနီေဖာင္းမ်ားကို၀တ္ဆင္၀န္းရံခဲ့သည့္အျပင္ “ကိုယ္က်ိဳးမဖက္ - BPI အတြက္ေဆာင္ရြက္တဲ့ စက္ရုံးမွဴးကို ၀န္းရံစို႔(စက္ရုံ၀န္ထမ္းမ်ား)” ဆိုသည့္ စားသားပါ စာရြက္မ်ားကို ကိုင္ေဆာင္ကာ ၀န္းရံခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ေဒါက္တာေအာင္ေဇာ္အား ရုံးထုတ္လာစဥ္တြင္လည္း ၀န္းရံသူစက္ရုံ၀န္ထမ္းမ်ားက ေဒါက္တာေအာင္ေဇာ္အား မိုးကာအက်ႌျဖင့္ ကာကြယ္ေပးျခင္း၊ ထီးမ်ားျဖင့္ကြယ္ေပးျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္းလည္း သိရသည္။
ျမန္မာႏိုင္ငံအဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စက္ရုံမွဴးေဒါက္တာေအာင္ေဇာ္ကို ေဆးဝါးထုပ္ပိုးပစၥည္းမ်ား ထုတ္လုပ္ရန္အတြက္ ေကာ္ေစ့ ၂၆ တန္ကို လုပ္ထုံးလုပ္နည္းႏွင့္မညီဘဲ ၀ယ္ယူခဲ့သည္ဟုဆိုကာ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ ျဖင့္ စက္တင္ဘာ ၆ ရက္တြင္ အင္းစိန္ၿမိဳ႕နယ္တရားရုံး၌ အမႈဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ထိုသုိ႔ အမႈဖြင့္လွစ္ခဲ့ၿပီးေနာက္ပိုင္းတြင္ ေဒါက္တာေအာင္ေဇာ္အေပၚ၀န္းရံမႈမ်ားအျပင္ ေဒါက္တာေအာင္ေဇာ္အေနျဖင့္ ကုိယ္က်ိဳးမဖက္ေဆာင္ရြက္ခဲ့ျခင္းသာျဖစ္ေၾကာင္း ေ၀ဖန္မႈမ်ားရွိလာခဲ့သည့္အတြက္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္ မရွင္ကျပန္လည္ရွင္းလင္းသည့္ သတင္းထုတ္ျပန္ခ်က္တစ္ရပ္ကိုလည္း ထုတ္ျပန္ခဲ့ေၾကာင္းသိရသည္။
စက္ရုံမွဴးေဒါက္တာေအာင္ေဇာ္ကို ေဆးဝါးစက္႐ုံ(အင္းစိန္) BPI ႏွင့္ ေဆးဝါးစက္႐ုံ(အင္ေရာင္း) ေက်ာက္ဆည္တို႔အတြက္ ေသြးေၾကာသြင္း ေဆးရည္ဘူးမ်ားထုတ္လုပ္ရန္ ေကာ္ေစ့မ်ားႏွင့္စက္ပစၥည္းမ်ား ဝယ္ယူရာ၌ ကုမၸဏီႏွင့္ေပါင္းကာ “႐ိုက္စားခြင္မ်ား” ဖန္တီးေနသျဖင့္ အေရးယူေပးပါရန္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္သို႔ တိုင္ၾကားခဲ့သည့္အတြက္ ေကာ္မရွင္က စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ေဒါက္တာေအာင္ေဇာ္အေပၚအမႈဖြင့္တရားစြဲထားသည့္ အဂတိ လိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ သည္ ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္ ၁၀ ႏွစ္အထိ ခ်မွတ္ႏိုင္ၿပီး ေငြဒဏ္လည္း ခ်မွတ္ႏိုင္ေသာ ပုဒ္မျဖစ္ေၾကာင္းသိရသည္။
#iSee
အဂတိမှုဖြင့်စွပ်စွဲခံထားရသည့် BPI စက်ရုံမှူးဒေါက်တာအောင်ဇော်ကို ရဲက တရားရုံး၌ ချုပ်နှောင်ခွင့် (ရမာန်) ယူ၊ စက်ရုံဝန်ထမ်း ၁၀၀ ခန့် လာရောက်ဝန်းရံ

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်လှစ်ခြင်းခံထားရသည့် BPI ဆေးဝါးစက်ရုံ၏ စက်ရုံမှူးဒေါက်အောင်ဇော်ကို အင်းစိန်မြို့နယ်တရားရုံးတွင် ယနေ့နံနက်ပိုင်းက ရုံးထုတ်ခဲ့ရာတွင် ရဲတပ်ဖွဲ့က တရားရုံး၌ ချုပ်နှောင်ခွင့်ယူခဲ့ကြောင်း သိရသည်။
၄င်းရုံးထုတ်မှုတွင် အဂတိလိုက်စားမှုဖြင့်စွပ်စွဲခံထားရသည့် BPI စက်ရုံမှူးဒေါက်တာအောင်ဇော်အား အင်းစိန်မြို့နယ် တရားရုံးက ချုပ်နှောင်ခွင့် (ရမာန်) ကို ခွင့်ပြုခဲ့ကြောင်းလည်း သိရသည်။
ယင်းသို့ ရဲတပ်ဖွဲ့၏ ဒေါက်တာအောင်ဇော်အား ချုပ်နှောင်ခွင့်ပြုရေးအတွက် တရားရုံး၌တင်ပြခဲ့သည့် ရုံးထုတ်မှုတွင် BPI ဆေးဝါးစက်ရုံရှိ စက်ရုံဝန်ထမ်း ၁၀၀ ခန့်ကလည်း ဒေါက်တာအောင်ဇော်ကို လာရောက်ဝန်းရံမှုများပြုလုပ်ခဲ့ကြောင်းသိရ သည်။
ဒေါက်တာအောင်ဇော်အား လာရောက်ဝန်းရံမှုတွင် စက်ရုံဝန်ထမ်းများက စက်ရုံယူနီဖောင်းများကိုဝတ်ဆင်ဝန်းရံခဲ့သည့်အပြင် “ကိုယ်ကျိုးမဖက် - BPI အတွက်ဆောင်ရွက်တဲ့ စက်ရုံးမှူးကို ၀န်းရံစို့(စက်ရုံဝန်ထမ်းများ)” ဆိုသည့် စားသားပါ စာရွက်များကို ကိုင်ဆောင်ကာ ၀န်းရံခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ဒေါက်တာအောင်ဇော်အား ရုံးထုတ်လာစဉ်တွင်လည်း ၀န်းရံသူစက်ရုံဝန်ထမ်းများက ဒေါက်တာအောင်ဇော်အား မိုးကာအကျႌဖြင့် ကာကွယ်ပေးခြင်း၊ ထီးများဖြင့်ကွယ်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စက်ရုံမှူးဒေါက်တာအောင်ဇော်ကို ဆေးဝါးထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ၀ယ်ယူခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် စက်တင်ဘာ ၆ ရက်တွင် အင်းစိန်မြို့နယ်တရားရုံး၌ အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့ အမှုဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်းတွင် ဒေါက်တာအောင်ဇော်အပေါ်ဝန်းရံမှုများအပြင် ဒေါက်တာအောင်ဇော်အနေဖြင့် ကိုယ်ကျိုးမဖက်ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ဝေဖန်မှုများရှိလာခဲ့သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်ကပြန်လည်ရှင်းလင်းသည့် သတင်းထုတ်ပြန်ချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
စက်ရုံမှူးဒေါက်တာအောင်ဇော်ကို ဆေးဝါးစက်ရုံ(အင်းစိန်) BPI နှင့် ဆေးဝါးစက်ရုံ(အင်ရောင်း) ကျောက်ဆည်တို့အတွက် သွေးကြောသွင်း ဆေးရည်ဘူးများထုတ်လုပ်ရန် ကော်စေ့များနှင့်စက်ပစ္စည်းများ ဝယ်ယူရာ၌ ကုမ္ပဏီနှင့်ပေါင်းကာ “ရိုက်စားခွင်များ” ဖန်တီးနေသဖြင့် အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည့်အတွက် ကော်မရှင်က စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဒေါက်တာအောင်ဇော်အပေါ်အမှုဖွင့်တရားစွဲထားသည့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သော ပုဒ်မဖြစ်ကြောင်းသိရသည်။
iSee 

No comments:

Post a Comment

My Blog List