Wednesday, September 25, 2019

ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အမြန်ဆုံးစတင်ရန်နှင့် အချက်နှစ်ချက်ကို သုံးနိုင်ငံဝန်ကြီးအဆင့်ဆွေးနွေးပွဲ၌ သဘောတူ တရုတ်ပါဝင်လာသည့် သုံးနိုင်ငံပူးတွဲ လုပ်ငန်းအဖွဲ့ ယန္တရားတည်ထောင်မည်

 နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ကို အမြန်ဆုံးစတင်ရန်အပါအ၀င် အချက်သုံးချက်ကို မြန်မာ-ဘင်္ဂလားဒေ့ရှ်-တရုတ်သုံးနိုင်ငံဝန် ကြီးအဆင့်ဆွေးနွေးပွဲ၌ သဘော တူခဲ့ကြောင်း တရုတ်အစိုးရပိုင် People’s Daily သတင်းဌာနက ယမန်နေ့တွင် ဖော်ပြသည်။

(၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေစဉ် နယူးယောက်မြို့၌ အထက် ပါဝန်ကြီး အဆင့် အလွတ်သဘော ဆွေးနွေးပွဲကို စက်တင်ဘာ ၂၃ရက်က ကျင်းပပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီး ဦးကျော်တင့်ဆွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးအေကေအဗ္ဗဒူလ်မိုမန်၊တရုတ် နိုင်ငံခြားရေးဝန်ကြီးဝမ်ယီတို့နှင့်ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စစ်ခရစ္စတင်းရှယန်နာဘာဂီနာလည်း တက်ရောက်ခဲ့ သည်။
‘‘မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ် နိုင်ငံစလုံးရဲ့မိတ်ဆွေ နိုင်ငံအနေနဲ့ တရုတ်ဟာ တတ်စွမ်းသမျှ အကူအညီ ပေးဖို့အသင့်ပါပဲ’’ ဟု တရုတ်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ပြောကြားသည်။
သဘောတူခဲ့သော ပထမအချက်သည် ခိုင်မာသည့်နိုင်ငံဆန္ဒနှင့် အရေးကြီးသည့် နိုင်ငံရေးလုပ် ငန်းစဉ်အရ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အမြန်ဆုံးစတင် ရန်ဖြစ်သည်။ မြန်မာနှင့်ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံစလုံးသည် ယင်း လုပ်ငန်းစဉ်ကို နှောင့်နှေးကြန့် ကြာမှုမရှိဘဲ စောနိုင်သမျှစော၍ ဖြေရှင်းရန် သဘောတူခဲ့သည်။
ဒုတိယအချက်သည် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်ပူးတွဲလုပ် ငန်းအဖွဲ့ယန္တရား တည်ထောင်ရန် ဖြစ်ပြီး မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်က အဓိက ဦးဆောင်မည်ဖြစ်ကာ တရုတ်က ပူးပေါင်းပါဝင်ရန်ဖြစ် သည်။ အဆိုပါ ယန္တရားသည် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့် သက်ဆိုင်သည့် အကောင်အ ထည်ဖော်ရေးကို သုံးနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများ၏ နိုင်ငံ ရေးဆိုင်ရာ လမ်းညွှန်မှုဖြင့်တာဝန် ယူဆောင်ရွက်ရန်ဖြစ် သည်။
လက်ရှိတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးတွဲလုပ်ငန်း အဖွဲ့ဖြင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေ ပြီး ယင်းပူးတွဲလုပ်ငန်းအဖွဲ့သည် ၂၀၁၇ နိုဝင်ဘာမှ ၂၀၁၉  မေလအ ထိ နေပြည်တော်နှင့် ဒါကာမြို့တို့ ၌ အစည်းအဝေးလေးကြိမ်ပြုလုပ် ခဲ့သည်။
သဘောတူသည့် တတိယအချက်မှာ ဖွံ့ဖြိုးတိုးတက်မှုသည် ရခိုင်ပြည်နယ်အရေးဖြေရှင်းရန် အခြေခံအကျဆုံးနည်းလမ်းဖြစ်၍ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် မြန်မာ- ဘင်္ဂလား ဒေ့ရှ်နယ်စပ်ဒေသ၌ အလုပ်အ ကိုင်အခွင့်အလမ်း၊ ပြည်သူလူထု၏လူနေမှုဘ၀များ မြှင့်တင်ရန် ဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်စတင်ရန် ၂၀၁၈ ဇန်န၀ါရီနှင့် နိုဝင် ဘာ၊ ၂၀၁၉ သြဂုတ်တို့တွင် သုံးကြိမ် ကြိုးစားခဲ့သော်လည်း မ အောင်မြင်ပေ။
ထို့အပြင် မြန်မာ-ဘင်္ဂလား ဒေ့ရှ်-တရုတ် သုံးနိုင်ငံဝန်ကြီး အဆင့်တွေ့ဆုံပွဲကို ၂၀၁၈ ဇွန်လတွင် ဘေဂျင်းမြို့၊ ယင်းနှစ် စက်တင်ဘာက နယူးယောက်မြို့တို့၌ ကျင်းပခဲ့ပြီး ယခုတစ်ကြိမ်သည် တတိယ အကြိမ်ဖြစ်သည်။  

7Day 

No comments:

Post a Comment

My Blog List