Monday, February 01, 2016

ဒီချုပ်အမတ်များ ဦးဆောင်မည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ယနေ့စတင်



ရွေးကောက်ပွဲအ နိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုယ်စားလှယ်များ ဦးဆောင်မည့် ဒုတိယအကြိမ် ပြည်သူ့လွှတ် တော်ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ဖေဖော်ဝါရီ ၁ ရက်(ယနေ့)စတင်ပြီဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရပြီး အာဏာမရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက် (၂၆) နှစ်ကြာမှ နေရာ မှန်ပြန်လည်ရရှိခြင်းလည်း ဖြစ်သည်။
အစည်းအဝေးတွင် သဘာ ပတိက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ များအား ရွေးချယ် ပေးမည်ဖြစ်သည်။

အစည်းအဝေး သဘာပတိ အဖြစ် ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ဆောင်ရွက်ရန် သတင်းများထွက်ပေါ်နေသော်လည်း ဗဟိုအလုပ်အမှု ဆောင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်ဌေး ကြွယ်က ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးဝင်းမြင့်အား ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌအဖြစ်လည်း ကောင်း၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးတီ ခွန်မြတ်အား ဒုဥက္ကဋ္ဌအဖြစ် လည်း ကောင်း တာဝန်ထမ်းဆောင်ရန် ဒီချုပ်က လျာထားသည်။

အစည်းအဝေးသို့ ရွေး ကောက်ခံကိုယ်စားလှယ် ၃၂၃ ဦး တက်ရောက်ခွင့်ရှိရာ ဒီချုပ်ကိုယ်စားလှယ် ၂၅၅ ဦးအထိ ပါဝင်သည်။ ၂၀၁၀ အာဏာရပါတီ ပြည်ခိုင်ဖြိုးက ၃၀ ဦးသာ တက် ခွင့်ရထားပြီး ဒုတိယ အများဆုံး တက်ရောက်ခွင့်ရသည့်ပါတီဖြစ် သည်။

ထို့ပြင် အခြားတက်ရောက် ခွင့်ရသည့်ပါတီ ကိုးခုမှ ကိုယ်စား လှယ် ၃၇ ဦးနှင့် တစ်သီးပုဂ္ဂလ တစ်ဦးပါ ပြည်သူ့လွှတ်တော်သို့ တက်ရောက်ခွင့်ရထားသည်။

သို့ဖြစ်၍ တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦးသည်လွှတ် တော်တွင် ဒုတိယအကြီးဆုံးအင် အားစု ဖြစ်လာသည်။ ဒီချုပ်ရွေး ကောက်ပွဲမဝင်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးက အာ ဏာရပါတီဖြစ်ခဲ့သည်။ ထိုစဉ်က ပြည်ခိုင်ဖြိုး ဦးဆောင်ကျင်းပခဲ့ သည့် ပထမအကြိမ်ပြည်သူ့လွှတ် တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့တွင် သဘာပတိအဖြစ် ဦးဌေးဦးက ဆောင်ရွက်ခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနေရာ အတွက် သူရဦးရွှေမန်းကို ဦးသိန်း စိန်(လက်ရှိသမ္မတ)က အမည်စာ ရင်းတင်သွင်းပြီး ဦးအောင်သောင်း က ထောက်ခံခဲ့သည်။ ထို့နောက် ဒုဥက္ကဋ္ဌ ဆက်လက်ရွေးချယ်ရာ ဦးနန္ဒကျော်စွာ ရွေးချယ်ခံခဲ့ရသည်။

7Day News Journal

No comments:

Post a Comment

My Blog List