Tuesday, February 02, 2016

NLD ဦးဆောင်သော ပြည်သူ့လွှတ်တော်စတင်သော်လည်း သတင်းမီဒီယာအခန်း ဆက်လက်ပိတ်ထားခြင်းကြောင့် လွှတ်တော်ရောက် သတင်းသမားများ အခက်ကြုံ


ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးဆုံးရန် လပိုင်းမျှသာ လိုတော့သည့်အချိန်မှ စတင်၍ ပိတ်ထားခဲ့သည့် မီဒီယာအခန်းအား ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး စတင်ချိန်ထိ ပြန်လည် ဖွင့်လှစ်ခြင်းမရှိသည့်အတွက် လွှတ်တော်တွင် သတင်းရယူနေသည့် သတင်းမီဒီယာသမားများအခက်ကြုံခဲ့ရသည်။

သတင်းမီဒီယာသမား ၆၀၀ ကျော် သတင်းလာရောက်ရယူသည့် ဖေဖော် ၀ါရီလ ၁ ရက်နေ့ကစတင်သော NLD ပါတီမှ ဦးဆောင်သည့် ပြည်သူ့ လွှတ်တော် အစည်းဝေးတွင် မီဒီယာများကို လွှတ်တော်ခန်းမအတွင်း ဓါတ်ပုံရိုက်ခွင့်ပင် မပေးခဲ့ပေ။
မီဒီယာသမားအများစုမှာ ခန်းမအနီး လူသွားစင်္ကြန်ပေါ်တွင်သာ ဖြစ်သလို နေခဲ့ရပြီး TV တစ်လုံးနှင့် ဆောင်းဘောက်စနှစ်လုံးသားရှိသည့်အတွက် အခက်အခဲဖြစ်ရကြောင်းလည်း ရုပ်/သံထုတ်လွှင့်နေသည် သတင်းမီဒီယာ များမှ သတင်းထောက်များက ပြောသည်။
“အခု NLD လွှတ်တော်ပေါ်ပေါက်လာတော့ USDP အနိုင်ရတုန်းကထက် ပိုဆိုးနေသလားတော့ မသိ၊ မီဒီယာ တွေ တီဗီဖန်သားပြင်နဲ့ ညားနေဆဲပါပဲ” ဟု နေပြည်တော်မှ သတင်းထောက် တစ်ဦးကပြောသည်။
ယင်း မီဒီယာအခန်းပိတ်ထားခြင်းသည် ပထမအကြိမ်လွှတ်တော်အစည်း အဝေးတွင် သက်ကြီးရွယ်အို ကိုယ်စား လှယ်များ အိပ်ငိုက်ခြင်း၊ အချို့ကိုယ် စားလှယ်များ ဖေ့စ်ဘွခ် အသုံးပြုနေသည့် ဓါတ်ပုံများ ဆိုရှယ်မီဒီယာများ ပေါ်တွင် တွေ့ရှိခဲ့ခြင်း ၊ လွှတ်တော်မတက်သည့် တပ်မတော်သားကိုယ်စား လှယ် တဦးကိုယ်စားအခြားတဦးမှ အစားထိုးမဲဝင်ပေးသည့် ဓါတ်ပုံ( လက်ပွား ကိုယ်တော် ) ကိစ္စ တို့ကြောင့် သတင်းမီဒီယာသမားများကို လွှတ်တော်မီဒီယာအခန်းသို့ ၀င်ရောက်ခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ယနေ့ လွှတ်တော် အစည်းဝေးသို့ လာရောက်သတင်းရယူခဲ့သည့် ဂျပန် နိုင်ငံထုတ် အဆာဟိရှင်ဘွန်း သတင်းစာမှ ကိုနေထက်ဇော်ဝင်းကလည်း ' NLD ဦးဆောင်တဲ့ လွှတ်တော်မှာ အခုလို ဆက်ဖြစ်နေတာ သိပ်တော့ မကောင်းဘူး။ ဓါတ်ပုံရိုက်တဲ့ အချိန်လောက်တော့ပေးသင့်တယ်။' ဟု ဝေဖန်ပြောဆိုသည်။
ကိုပေါက်
The Ladies News


No comments:

Post a Comment

My Blog List