Tuesday, February 02, 2016

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဦးစားပေးဆောင်ရွက်နေ


ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကိုသာ အဓိကဦးစားပေး ဆောင်ရွက်နေ ပြီး ၎င်းသမ္မတဖြစ်ရေးသည်နောင် လာမည့် ရက်သတ္တပတ်များတွင် ဖြစ်ပေါ်လာမည့် လွှတ်တော်၏ အခြေအနေပေါ်၌ မူတည်နေ ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် က ဖေဖော်ဝါရီ ၁ ရက် တွင်ပြောသည်။

‘‘အဓိကရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးပဲ။ မြန်မလား၊ နှေးမလား ဆိုတာတော့ နောက်အပတ်တွေ မှာ ဖြစ်လာမယ့် လွှတ်တော်ထဲမှာ အခြေအနေပေါ်မှာ မူတည်တယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်သမ္မတဖြစ်ရေးအတွက် ၅၉(စ) ကို ဆိုင်းငံ့ဖို့ရှိပါသလားဆိုသည့် မေးခွန်းကို မေးမြန်းရာ 7Day Daily သတင်းစာအား ဦးဝင်းထိန်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် သမ္မတနေရာတွင် ဒေါ်အောင်ဆန်း စုကြည်ကို ခန့် အပ်နိုင်ရန် အဓိကထားဆောင် ရွက်နေသော်လည်း ဖွဲ့စည်းပုံ အ ခြေခံဥပဒေပုဒ်မ ၅၉(စ)က ဒေါ် အောင်ဆန်းစုကြည်သမ္မတဖြစ် ရန် ကန့်သတ်ထားသည်။
ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်တွင် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်ရန် ကြိုးပမ်းခဲ့သော် လည်း အောင်မြင်မှုမရခဲ့၍ ယခု ပြန်လည်ကျင်းပသည့် လွှတ် တော်အသစ်တွင် ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရေးအ တွက် ပုဒ်မ ၅၉(စ)ကို ကျော်လွှား နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေ ကြောင်း ဒီချုပ်ခေါင်းဆောင်ပိုင်းက ဆိုသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စ တင်ကျင်းပသည့် ပြည်သူ့လွှတ် တော်နှင့်ဖေဖော် ၀ါရီ ၃ ရက်တွင် စတင်ကျင်းပမည့် အမျိုးသား လွှတ်တော်တို့၌ လွှတ်တော် ဥက္ကဋ္ဌနေရာများကို ရွေးချယ်ပြီး နောက်အစိုးရသစ်ကို ဦးဆောင် မည့် သမ္မတအား ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်သို့ အမည်စာရင်း တင်သွင်းရမည်ဖြစ်သည်။
သမ္မတနေရာအတွက် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်မည့်သူ သတင်းထွက်ပေါ်နေပြီး ၎င်းတို့တွင် ပါတီနာယက သူရဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း၊ ဆရာကြီးမင်းသုဝဏ်၏ သားဖြစ်သူ ဦးထင်ကျော်တို့လည်း ပါဝင်နေသည်။
7Day News Journal


No comments:

Post a Comment

My Blog List