Thursday, December 03, 2015

နာကျင်အချိန်ပိုမှာ ကစားကွက်ပြောင်းပေးခဲ့ပါ


သမိုင်းတွင်မယ့် ရွေးကောက်ပွဲကတော့ အောင်မြင်စွာ ပြီးစီးခဲ့ပြီ။ ပြည်သူအများကလည်း မိမိတို့ဆန္ဒကို အပြည့်အဝ ပြတ်ပြတ် သားသားပြခဲ့ကြပြီ။ လက်ရှိအစိုး ရအနေနဲ့ နောက်တက်လာမယ့် ပြည်သူ့အစိုးရကို တာဝန်လွှဲ ပေးဖို့ ပဲ ကျန်တော့တယ်။ လာမယ့် ၂၀၁၆ ဧပြီလ ၁ ရက်နေ့မှာ အစိုး ရသစ်က စတင်တာဝန်ယူရတော့ မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအ နိုင်ရထားတဲ့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ဥက္ကဋ္ဌကတော့ လူထုဆန္ဒကို တည်ငြိမ်အေးချမ်း မှန်ကန် စွာ အကောင်အထည်ဖော်နိုင်ဖို့ စတင်ကြိုး စားနေပါပြီ။ သမ္မတ ကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော်နာယကတို့နဲ့ အသီးသီး သီးသန့်စီ တွေ့ဆုံပြီးပါပြီ။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး သဘောထားကိုအခြေခံပြီး တွေ့ဆုံဆွေး နွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ပြည်သူတွေလိုလားတောင့်တနေတဲ့ အခြေအနေတစ်ခုဖြစ်လာဖို့ အားလုံးကရင်ခုန်နေကြပါပြီ။
လက်ရှိအာဏာရအစိုးရအ နေနဲ့ တာဝန်ပြီးမြောက်ဖို့ လပိုင်း လေးသာ ကျန်တော့တယ်။ ဘော လုံးစကားနဲ့ ပြောရရင် လက်ရှိ အစိုးရသက်တမ်းက အချိန်ပိုကို ရောက်နေပါပြီ။ ဘောလုံးစကား နဲ့ပဲ ဆက်ပြောပါရစေ။ အစိုးရ သစ်က တာဝန်ယူမယ့် မြန်မာအ သင်းသစ်မှာ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ အ သင်းအပေါ် အပြည့်အဝပေးဆပ် ကြမယ့် ကစားသမားကောင်းတွေ ပါ။ အထူးသဖြင့် အသင်းခေါင်းဆောင် တိုက်စစ်မှူးကတော့ကမ္ဘာ့အဆင့်မီ နိုင်ငံတကာတန်း ဝင်ပါပဲ။ လွတ်လွတ်လပ်လပ် ကစားနိုင်မယ့်နေရာကောင်းတစ် ခုသာ ပေးပါ။ အနိုင်ဂိုးတွေ သွင်းပြပေးပါလိမ့်မယ်။ တိုက်စစ်မှူး ဆိုတာမျိုးကလည်း ကစားကွက်ကောင်း၊ ကစားတဲ့နေရာကောင်းမှ ဂိုးတွေတဒိုင်းဒိုင်းသွင်းတတ်တာပါ။ ကစားကွက်ရဲ့ အားနည်းချက်ကြောင့် တိုက်စစ်မှူးကို ခြေမပေါ်စေတာမျိုးလည်း ရှိတတ်တယ်။ ကစားကွက်မကောင်းရင်လည်း မိမိအစွမ်းအစနဲ့ ဖောက်ထွက်ကစားမယ်လို့တော့ ပြောထားတာတွေ့ရပါတယ်။ ဒါပေမဲ့ တစ်ကိုယ်တော်အစွမ်းပြကစားခဲ့ ရင်တချို့တွေရဲ့ဝေဖန်မှုကတော့ကြုံတွေ့ရနိုင်ပါတယ်။

ဘောလုံးပွဲတစ်ပွဲကြည့်တဲ့ အခါ အထနှေးတဲ့အသင်း၊ အထ မြန်တဲ့အသင်း၊ ပုံမှန်အသင်း စသည်ဖြင့် ကစားတာကိုကြည့်ပြီး ခေါ်ဝေါ်ကြတယ်။ ဒါက ကစားရ တဲ့ကစားကွက်အပေါ်မှာ အများ ကြီးမူတည်ပါတယ်။ ပွဲစတာနဲ့ ကစားတာက အရမ်းမြန်၊ တစ်ဂိုး ပြီးတစ်ဂိုး ဆက်တိုက်သွင်းတတ် တယ်။ ဒါက အထမြန်တဲ့အသင်း။ ကောက်ရိုးမီးလား၊ ဖွဲမီးလားဆို တာကတော့ မိနစ် ၉၀ စောင့်ကြည့် ရတတ်တယ်။ အထမနှေး၊ မမြန် ပုံမှန်အသင်းကတော့ တစ်ချိန်လုံး စောင့်ကြည့်နေရတယ်။ ကစား အားက ပုံမှန်မဟုတ်ဘူး။ လမိုင်း ကပ်ရင် တိုက်စစ်ဆင်ဂိုးသွင်း၊ သွေးပြန်အေးသွားရင်တော့ ဂိုးပြန်ပေးရပြီး ပြန်ရှုံးသွားတတ်တယ်။ အထနှေးတဲ့အသင်းကတော့ ပွဲ အစမှာ လိမ်ဖယ်လိမ်ဖယ်နဲ့ပါပဲ။ ကစားကွက်ဖော်နေတုန်း ပထမပိုင်းပြီးသွားတတ်တယ်။ ပွဲပြန် စရင်လဲသင့် သူလဲရတယ်။ ကစားသမားတွေ တဖြည်းဖြည်းအချိန်ရ လာတတ်တယ်။ ကစားကွက်ခပ် စိပ်စိပ်နဲ့ကစားပြီး ဂိုးတွေစသွင်းလာတတ်တယ်။ ဘောလုံးပွဲကြည့်ပရိသတ်ဖြစ်တဲ့ ပြည်သူတွေကတော့ ဘယ်အသင်းကောင်းတယ်၊ ဘယ်အ သင်းမကောင်းဘူးဆိုတာ ဆုံးဖြတ်ဖို့အဆင်သင့်ဖြစ်နေကြ ပါပြီ။

နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးမှု၊ လူနေမှုအဆင့်အတန်းမြင့်မားမှု၊ လူ့အခွင့်အရေးကို ရာနှုန်းပြည့်ပိုင် ဆိုင်နိုင်မှု၊ ဒီမိုကရေစီအရသာကို မြိန်ရှက်စွာ စားသုံးနိုင်မှု၊ ပြည် တွင်း စစ်ပွဲများ ချုပ်ငြိမ်းမှု၊ အမျိုး သားပြန်လည် သင့်မြတ်မှုစတဲ့ အ နိုင်ဂိုးတွေကို မြန်မာအသင်းအ နေနဲ့ သွင်းနိုင်ဖို့ လိုအပ်နေပါ တယ်။ ဟုတ်ပါတယ်။ လက်ရှိ အစိုးရအနေနဲ့ ဘောလုံးပွဲတစ်ပွဲ ကန်နေခဲ့ပါတယ်။ ပထမပိုင်းပြီး သွားပါပြီ။ လိုနေတဲ့အနိုင်ဂိုးတွေ မသွင်းနိုင်သေးဘူး။ ဂိုးတွေသွင်း နိုင်ဖို့ အသင်းသားတွေအားလုံး လမိုင်းကပ်ဖို့လိုသလို နည်းပြအ ဖွဲ့လည်း ပွဲအပေါ်အာရုံစိုက်ပေး ကြဖို့ လိုပါတယ်။ ခွင့်ပြုထားတဲ့ ပွဲကစားချိန်က ငါးနှစ်တိတိပါ။ ၂ နှစ်ခွဲတစ်ခါ ကွင်းလယ်ဒိုင်လဲ ပါတယ်။ လက်ရှိကတော့ ဒုတိယ ဒိုင်ကိုင်နေတဲ့ ဒုတိယပိုင်းကစား ချိန်ပါ။

ဒါပေမဲ့ အခုထိ ကစားကွက် လည်း မပြောင်းနိုင်သေးလို့ အနိုင် ဂိုးလည်း မသွင်းနိုင်သေးဘူး။ အ ကြောင်းကတော့ နည်းပြချုပ်က ပွဲအပေါ် မသုံးသပ်တတ်လို့ပါပဲ။ နည်းပြချုပ်က ပွဲအခြေအနေကို မပြောင်းလဲတတ်သူ၊ မပြောင်းလဲ နိုင်သူ ဖြစ်နေတယ်။ သူက အသုံး မတည့်တဲ့ နည်းဗျူဟာဟောင်းကို ပဲ ဆုပ်ကိုင်ထားတယ်။ ပြီးတော့ ပွဲကြည့်သူအများရဲ့ ဆန္ဒကို လေး စားစေချင်တယ်။ လောလော ဆယ်အနိုင်ရဖို့ အရေးကြီးပါ တယ်။ လက်ရှိကမ္ဘာ့ဒီမိုကရေစီ ချန်ပီယံအသင်းရဲ့ ကစားကွက်ကို ကူးချသင့်ရင် ကူးချရမှာပဲ။ သူတို့ ရဲ့ ကစားကွက်က အရမ်းကောင်း တယ်။ လမိုင်းကပ်စေတဲ့ ကစား ဟန်ဆိုတော့ ဂိုးရဖို့ သေချာတယ်။

မြန်မာနိုင်ငံအနေနဲ့ ကစားပွဲ တိုင်းအနိုင်ဂိုးတွေရဖို့အတွက်ဆို ရင် ကစားသမားတွေနဲ့ အဆင် ပြေမယ့် ကစားကွက်ကို ပြောင်း နိုင်ဖို့ လိုပါတယ်။ အခုသတ်မှတ် ထားတဲ့ ကစားကွက်ဖြစ်တဲ့ ၄၃၆ က ကစားသမားတွေအတွက် အံ မဝင်ဘူး။ နိုင်ငံတကာမှာလည်း ဘယ်အသင်းမှ မသုံးတဲ့ကစား ကွက်။ ဒီကစားကွက်နဲ့ကစားရင် ကျွန်တော်တို့အသင်း အလှောင်ခံ ရနိုင်တယ်။ ဒီကစားကွက်နဲ့ မ ကစားပါရစေနဲ့။ ဒီကစားကွက်ကို ဖျက်ပေးပါ။ ကိုယ့်အသင်းကို နိုင် စေချင်ရင် တခြားကစားကွက်ကို ပြောင်းပေးပါ။

နောက်ကန်မယ့် အသင်း သစ်ကို ၄၃၆ ကစားကွက်ကြောင့် ခြေမပေါ်မဖြစ်ရအောင် ၅၉(စ)ဆိုတဲ့ စည်းကမ်းသစ်သတ်မှတ် ချက်ကြောင့် တကယ်အရည်အ ချင်းရှိတဲ့သူက အသင်းခေါင်း ဆောင်ဖြစ်ခွင့်မရ မဖြစ်ရအောင် ကူညီပေးကြစေချင်ပါတယ်။ မလိုအပ်တဲ့ ဒီစည်းကမ်းသစ်ကို ဖယ်ရှားပေးကြပါ။ အသင်းခေါင်း ဆောင် တိုက်စစ်မှူးအနေနဲ့ ဂိုး တွေတဒိုင်းဒိုင်းသွင်းပြလိမ့်မယ်။ မြန်မာတွေပွဲတိုင်း နိုင်စေချင်တဲ့ စေတနာမှန်သာရှိခဲ့ရင် ကျေးဇူး ပြုပြီး ကစားကွက်ပြောင်းပေး လိုက်ပါ။ နည်းပြချုပ်ကြီးကို အား လုံးကိုယ်စား တောင်းဆိုပါတယ်။ နာကျင် အချိန်ပိုမှာပဲဖြစ်ဖြစ် ကစားကွက် ပြောင်းပေးပါ။

7Day News Journal

No comments:

Post a Comment

My Blog List