Friday, August 21, 2015
တိုင်းရင်းသားအပေါ်ထားရှိသည့် NLD ၏ရွေးကောက်ပွဲမူဝါဒ သျှမ်းပြည် NLD ဥက္ကဌဝေဖန်
လာမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသား ဒေသများရှိ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများတွင်ပါဝင် ရောက် ယှဉ်ပြိုင်မည့် NLD ပါတီ၏ မူဝါဒအပေါ် တိုင်းရင်းသားများဘက်မှ အထင်လွဲမှုများ ပေါ် ပေါက်လာနိုင်သဖြင့် ပါတီ ဗဟိုတာဝန်ရှိသူများ အနေဖြင့် အောက်ခြေတွင် ဖြစ်ပေါ်နေသည့် အခြေအနေပေါ်တွင် နားလည်ရန် လိုအပ်ကြောင်း သျှမ်းပြည်နယ်ဆိုင်ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ ပါတီ ဥက္ကဌဖြစ်သူ ဒေါ်ခင်မိုးမိုး က ပြောသည်။
လတ်တလော ဖြစ်ပွားခဲ့သည့် နမ့်ဇန်မြို့နယ်အပါအဝင် သျှမ်းပြည်နယ် အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရုံးခန်းများ ဖျက်ဆီးခံရမှု ပါတီစည်းရုံးရေး လုပ်ငန်းစဉ်များ ဟန့်တားခံရမှုများအပေါ် ရည်ညွှန်း ၍ ပါတီ၏ မူဝါဒအပေါ် ပြန်လည် ဆန်းစစ်ရန် ထောက်ပြလိုက်ခြင်း ဖြစ်သည်။
“ တဘက် ကျမတို့ အောက်ခြေမှာက တတ်နိုင်ရင် မသွားစေချင်ဘူး ။ တဘက်က တိုင်းရင်းသား တွေက လည်း ကိုယ့်ပါတီအပေါ် အထင်လွဲတာ တွေရှိလာတယ်။ ပါတီက ဗဟိုဆုံးဖြတ်ချက် ဖြစ်နေတယ်။
အားလုံးသိတဲ့အတိုင်းပဲ ရုံးတွေ ဖျက်ဆီးခံနေရတာ စည်းရုံးရေးခရီးစဉ်တွေကိုလည်း ဟန့်တားနေတာတွေ လည်း ရှိနေတယ် ” - ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။
ပြီးခဲ့သည့် လအတွင်းက နမ့်ဇန်မြို့နယ်အတွင်း NLD ပါတီ၏ ရုံးဆိုင်းဘုတ် များ ဖျက်ဆီးခံခဲ့ရပြီး နောက် ပိုင်း လွန်ခဲ့သည့် အပတ်ကလည်း ရုံးဆိုင်းဘုတ် တစ်ခုမှာ ထပ်မံဖျက်ဆီးခံ ခဲ့ရသည်။
အလားတူ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင်လည်း NLD ပါတီ အနေဖြင့် လာရောက်မဲဆွယ် စည်းရုံး ခြင်း မပြုလုပ်ရန် ဒေသခံအဖွဲ့စည်း များမှ အကြောင်းကြား စာပေးပို့ခဲ့ပြီး ကျေးသီးမြို့နယ် အတွင်းရှိ NLD ပါတီဆိုင်းဘုတ်မှာလည်း ပြီးခဲ့သည့် နှစ်အတွင်းက ဖျက်ဆီးခံခဲ့ရသည်။
ယင်းအပြင် ပအိုဝ်းဒေသနှင့် ကရင်ပြည်နယ်အတွင်းတွင် NLD ပါတီဝင်အချို့ သတ်ဖြတ်ခံရခြင်းများလည်း ဖြစ်ပေါ်ခဲ့ဖူးသည်။
NLD ပါတီမှ ၀င်ရောက် ယှဉ်ပြိုင်ရန်ရှိနေသည့် သျှမ်း ၊ ကချင် ၊ ကယား ၊ ကရင်စသည့် နယ်မြေ များတွင် လက်နက်ကိုင် ပဋိပက္ခများရှိနေပြီး အစိုးရနှင့် ဒေသခံတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ အကြားတွင် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ပြုလုပ်နိုင်ခြင်း မရှိသေးချေ။ အဆိုပါဒေသများတွင် ပြည်သူ့စစ် ၊ BGF စသဖြင့် အမည်နာမအမျိုးမျိုးဖြင့် လက်နက်ကိုင် နေကြ သည့် လက်နက်ကိုင် အဖွဲ့များ မှာလည်း ထောင်နှင့်ချီရှိနေပါသည်။
ပအိုဝ်းအဖွဲ့မှ NLD ထံပေးပို့သောစာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဖွဲ့စည်းနိုင်သည့် ပြည် နယ် လွှတ်တော်နေရာများတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန်ဟု ဖော်ပြထားကြောင်း NLD တာဝန်ရှိသူ တဦးက RFA ကို ပြောဆိုထားခဲ့သည်။
NLD နှင့် နှစ်ရှည်လများ မဟာမိတ်အဖြစ် ရပ်တည်ခဲ့ဖူးသူဖြစ်သည့် ရခိုင်အမျိုးသားပါတီမှ ခေါင်း ဆောင် ဦးအေးသာအောင်မှလည်း ရခိုင်ပြည် နယ်အတွင်း ပြည်နယ် လွှတ်တော်များ ပါမချန်ဝင် ရောက်ယှာဉ်ပြိုင် မည့် NLD ပါတီ၏ မူဝါဒအပေါ် ဝေဖန်ထားခဲ့ဖူးသည်။
ပြည်နယ် ဝန်ကြီးချုပ်ရာထူးမှာ သမ္မတမှ ရွေးချယ်နိုင်သော ရာထူးဖြစ်သော် လည်း ပြည်နယ်လွှတ် တော်ကိုယ်စားများထဲမှ ရွေးချယ်ရခြင်း ဖြစ်သော ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ ၀န်ကြီးချုပ် ဖြစ်နိုင်ခွင့် ရှိနေခြင်း ဖြစ်သည်။
Panglong(Burmese)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment