Tuesday, August 18, 2015

အလုပ်နှင့်ထောင်ဒဏ် ၁၅ ရက်ချမှတ်ခံရသော ဒေါ်စုစုနွေး ချုပ်ရက်ခံစား ခွင့်ဖြင့် ပြန်လည်လွတ်မြောက်


တပ်ပိုင်မြေအတွင်း ကျူးကျော်ဝင်ရောက်ပြီး ဓာတ်ပုံ ရိုက်သည်ဟူသောစွပ်စွဲချက်ဖြင့် တရားရင်ဆိုင်ခဲ့ရ သည့်  ဒေါ်စုစုနွေးအား ပဲခူးတရားရုံးက  သြဂုတ် ၁၇ ရက်တွင်အလုပ်နှင့် ထောင်ဒဏ် ၁၅ ရက်ချမှတ်ခဲ့ သော်လည်းချုပ်ရက် များကို ထုတ်နုတ်ခံစားခွင့်ပြုခဲ့ခြင်းကြောင့်  ပြန်လည်လွတ်မြောက်လာသည်။

မြန်မာနိုင်ငံတော် တောင်သူ လယ်သမားသမဂ္ဂဥက္ကဋ္ဌဒေါ်စုစု နွေးသည် ဇူလိုင် ၂၂ ရက်က ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်မှ   မြေသိမ်းခံတောင်သူ များ၏ အကူအညီတောင်းခံမှုအရ အဆိုပါ ဒေသသို့သွား ရောက်ခဲ့ကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက်များကပြောသည်။

ညောင်လေးပင်မှ ရန်ကုန် သို့အပြန် ဇူလိုင် ၂၃ ရက် ၂ နာရီ ခန့်၌ အင်းတကော်ရဲစခန်းရှေ့သို့ အရောက် တွင် ရဲအင်အား ၃၀ ကျော်ဖြင့်  ကားလမ်းကိုပိတ်ဆို့ ကာ  ခရီးသည်ကားကို  ရဲစခန်း အတွင်းသို့မောင်း ခိုင်းပြီး ဥက္ကဋ္ဌ ဒေါ်စုစုနွေးကို ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံတောင်သူ လယ်သမား သမဂ္ဂက သတင်းထုတ် ပြန်ခဲ့သည်။

ဖမ်းဆီးခံရပြီးနောက် ဒေါ်စုစုနွေးကို အာဏာပိုင်များက ရဲစခန်းအချုပ်တွင် မထားဘဲ ထောင်ကြီးချုပ်သို့ ပို့ဆောင်ချုပ်နှောင်ခဲ့ကြောင်း ၎င်း၏မိသားစု ဝင်များကပြောသည်။

စွဲဆိုသောပြစ်မှုမှာ အင်းတကော်မြို့နယ်ရှိ ကျေးရွာ ၉ ရွာမှ ဒေသခံတောင်သူလယ်သမားများပိုင်ဆိုင်သည့် မြေကို အမှတ် (၁)လက်နက်ခဲယမ်း မီးကျောက် တပ်က သိမ်းဆည်းခဲ့ခြင်းအပေါ် ဒေသခံတောင်သူလယ် သမား များဘက်မှ ကူညီဆောင်ရွက်ပေး သည့်အတွက် ဗိုလ်ကြီးဟိန်းဇော် က တရားလိုပြု၍ အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံတောင်သူလယ်သမား သမဂ္ဂ၏ သတင်း ထုတ်ပြန်ချက်တွင်ရေးသားထား သည်။

အဆိုပါအမှုဖြင့် ဒေါ်စုစုနွေး သည် အလုပ်နှင့်ထောင်ဒဏ် ၁၅ ရက်ချမှတ် ခံခဲ့ရသော်လည်း သတင်းသုံးပတ် ကျော်ကြာ ထိန်း သိမ်းခံခဲ့ရခြင်းကြောင့် ချုပ်ရက် များကို ထုတ်နုတ်ခံစားခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာ ခြင်း ဖြစ်သည်။

 ‘‘သူလွတ်လာတာဟုတ်ပါ တယ်။  ကျန်းမာရေးကတော့ နည်းနည်းအားနည်း နေတယ်’’ဟု ဒေါ်စုစုနွေး၏ မိသားစုဝင်တစ်ဦး ကပြောသည်။

ဒေါ်စုစုနွေးသည်  ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ် ကြောင်း ၎င်း၏မိသားစုဝင်များကပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List