Friday, August 21, 2015
အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်အများဆုံး ၀င်ရောက်ယှဉ်ပြိုင်မည်
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်စာရင်းလျှောက်ထားမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ထုတ်ပြန်ရာ NlD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၁၅၁ ဦးနဲ့ ကိုယ်စားလှယ်လောင်း လျှောက်ထားမှုအများဆုံးပါတီ ဖြစ်ပါ တယ်။
ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ၂၀ရက်နေ့ကစပြီး သြဂုတ်လ ၁၄ ရက်နေ့ အတွင်း ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်ကြတာဖြစ်ပါတယ်။ အဲဒီစာရင်းထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်မှာ ၃၂၅ ယောက်၊ အမျိုးသားလွှတ်တော်မှာ ၁၆၇ ယောက်၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော်မှာ ၆၅၉ ယောက် ပါဝင်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီက ၁၁၃၄ ယောက် နဲ့ ဒုတိယအများဆုံးဖြစ်ပြီး၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီက ၇၆၃ ယောက်၊ အမျိုးသားတိုးတက်ရေး ပါတီက ၃၅၄ ယောက်၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၃၂၃ ယောက် နဲ့ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၆၁၈၉ ယောက် ဖြစ်ပါတယ်။
အဲဒီကိုယ်စားလှယ်လောင်းတွေကို ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေက စိစစ်နေပြီး ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ခွင့်ရမယ့် ကိုယ်စားလှယ် လောင်းစာရင်းကို လာမယ့် သြဂုတ်လ ၂၇ရက်နေ့ နောက်ပိုင်းမှာ ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။
RFA
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment