Thursday, February 05, 2015

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် WHITE CARD ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြု လိုက်ခြင်းအား ပြန်လည်သုံးသပ်ပေးရန် NDF တောင်းဆို


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင်  White card (ယာယီ သက်သေခံလက်မှတ်) ကိုင် ဆောင်ထားသူများကို မဲပေးခွင့်ပြု လိုက်ခြင်းသည် နိုင် ငံတော်၏အချုပ် အခြာအာဏာနှင့် နိုင်ငံသားများ၏နိုင်ငံရေးကံကြမ္မာနှင့် မိမိရွေးချယ်ခွင့်ကို ထိပါးအောင် တရားဝင်ခွင့်ပြုနေ သကဲ့သို့ ဖြစ်နေသည့်အတွက် ယင်းကိစ္စကို အလေးအနက် ပြန်လည်သုံး သပ်ပေးရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ က တောင်းဆိုလိုက်သည်။
 ဖေဖော်ဝါရီ ၂ရက်က ပြည် ထောင်စုလွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းကို အတည်ပြုရေး ပြည် လုံးကျွတ်ဆန္ဒခံယူပွဲတွင်  White card   ကိုင်ဆောင်သူများ အနေဖြင့် မဲပေးခွင့် ရှိသည်ဟု အတည်ပြု လိုက် ခြင်းအပေါ်တွင် ယင်းကဲ့သို့ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေပုဒ်မ(၁)၊ အပိုဒ်ခွဲ(၄)တွင် ''နိုင်ငံတော်၏ အချုပ်အခြာအာဏာ သည် နိုင်ငံသားများထံမှ ဆင်းသက် ပြီး နိုင်ငံ တစ်ဝန်းလုံးတွင် တည်သည်'' ဟု ပြဋ္ဌာန်းထား ကြောင်း ၊ ယင်းအချက် အရ နိုင်ငံတော်အတွက် အရေးကြီး လှသည့် အခြေခံ ဥပဒေပြင်ဆင်ရေး ဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲတွင် မြန် မာနိုင်ငံသား မဖြစ်သေးသူများကို မြန်မာနိုင်ငံသားများနည်းတူ ပါဝင်မဲ ပေးခွင့်မရှိသင့်ဟု ပါတီမှယုံ ကြည် ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

''ဒီအဆင့်မှာ လက်ခံပေးလိုက် ရင် သူတို့ကအခြေခံဥပဒေပြင်ဆင် ရေးမှာတောင် မဲပေးခဲ့သေးတာပဲ ၊ ရွေးကောက်ပွဲမှာလဲ မဲပေးခွင့်ရှိတယ် ဆိုပြီး တောင်းဆိုလာမှာစိုးလို့ အခုက တည်းက ကန့်သတ် ထား လိုက်တဲ့သ ဘောပဲ''ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင် ဆွေက ပြောသည်။

ထိုသို  White card  ကိုင်ဆောင် ထားသူများကို မဲပေးခွင့်ပြုလိုက်ခြင်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ မြန် မာနိုင်ငံသားတို့၏ မွေးရာပါနိုင်ငံသား အခွင့်အရေးကို လျော့ပါးအောင် ခွင့် ပြုနေသကဲ့သို့ ဖြစ်နေသည် ဟု လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

''ဒီအဆင့်မှာလက်ခံပေးလိုက်ရင် သူတို့က အခြေခံဥပဒေပြင်ဆင်ရေးမှာတောင် မဲပေးခဲ့သေးတာပဲ ။ ရွေးကောက်ပွဲမှာလဲ မဲပေးခွင့်ရှိတယ်ဆိုပြီးတောင်းဆိုလာမှာစိုးလို့ အခုကတည်းက ကန့်သတ်ထားလိုက် တဲ့ သဘောပဲ။ တစ်မျိုးသားလုံး သတိထားနိုင်အောင်လို့ပါ'' အမျိုးသား ဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေတစ်ဖက်တွင်လည်း တိုင်းရင်းသား ၁၃၅မျိုးတွင် ပါဝင်သည့် တိုင်းရင်းသားများဖြစ်လာသော် လည်း အ ကြောင်းအမျိုးမျိုးတို့ကြောင့် လက် ရှိတွင် White card  ကိုင်ဆောင်ထား သူများကိုလည်း နိုင်ငံသား ဖြစ်မှု ဥပ ဒေနှင့်အညီ ဆောလျင်စွာ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနအစိုးရအဖွဲ့ တို့တွင်တာဝန်ရှိကြောင်းလည်း ထုတ် ပြန်ချက်တွင် အကြံပြုထားသည်။

ပြည်ထောင်စုလွှတ်တော်၏ မူ လအတည်ပြုချက်တွင် ပြည်လုံးကျွတ် ဆန္ဒခံယူ ပွဲတွင် ယာယီသက်သေခံ လက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင် သူများ မဲပေးခွင့် မရှိသော်လည်း နိုင် ငံတော် သမ္မတက သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေး ပို့ရာတွင် ယင်း အချက် ပြန် လည်ပါဝင်လာခြင်းဖြစ် ပြီး လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ပြီး ယင်းသို့ ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ရ ရှိသွား ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ယာယီသက်သေ ခံလက်မှတ်(White card )ကိုင်ဆောင် သူ ငါးသိန်းကိုးသောင်းကျော် ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။ 


NTDW
#Democracytoday

No comments:

Post a Comment

My Blog List