Wednesday, February 04, 2015

နေပြည်တော်တွင် ပြုလုပ်သည့် ပညာရေးလေးပွင့်ဆိုင် ဆွေးနွေးပွဲ ပျက်ပြယ်


အမျိုးသားပညာ ရေး ဥပဒေပြင်ဆင်ရေး ဒုတိယအ ကြိမ် လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် မည်သည့် ဆွေးနွေး မှုမျှ မစတင်လိုက်ရဘဲ အချိန်ကြန့် ကြာမှုများ ဖြစ်ပေါ် ခဲ့ပြီးနောက် ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရ ရှိသည်။
ဆွေးနွေးပွဲတွင် အစိုးရဘက်က ဦးဆောင်ဆွေးနွေးသူ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက နိုင်ငံ တော် သမ္မတ၏ သဘောထားဖြင့် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်းသို့ ရွှေ့ဆိုင်း လိုက်ကြောင်း ကြေ ညာခြင်းဖြင့် ဖေဖော် ၀ါရီ ၃ ရက် ဆွေးနွေးပွဲ မှာ ပျက်သွားခဲ့သည်။

‘‘ဆွေးနွေးပွဲကျင်းပသည့် ပုံ စံများကို အကျေအလည် ဆွေး နွေးပြီး သဘောတူ ညီချက်ရမှသာ ဆွေးနွေးပွဲ များ အောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ်သည့်အတွက် လိုအပ်သည့်

ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်းတွင် ဆွေးနွေးပွဲ ပြန်လည်ကျင်းပရန် သမ္မတကပြောကြားသည်ကို အသိပေး တင်ပြလိုပါသည်’’ဟု ၀န်ကြီးဦးအောင်မင်းက သပိတ်မှောက်ကျောင်း သားခေါင်းဆောင်သုံးဦးနှင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင် ရာ ကွန်ရက်မှ ကိုယ်စားလှယ် သုံးဦးအား အစည်းအဝေးခန်းမ သို့ ဖိတ်ခေါ်၍ပြောကြားခဲ့သည်။

အစည်းအဝေးစတင်ချိန်ကို နံ နက် ၉ နာရီ သတ်မှတ်ထားသော် လည်း နေ့လယ် ၁၁ နာရီခွဲအထိ ကျောင်း သားများအား ၀န်ကြီးရုံး တွင်းသို့ ၀င်ခွင့်ပြုရေးအတွက် သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့ပြီး ၀န်ကြီးဦးအောင် မင်းက သမ္မတ ၏ သဘောထားကို အစည်းအ ဝေးခန်းအတွင်း ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

 နေပြည်တော်ရှိ ပညာရေး ၀န်ကြီးဌာနရုံး၌  ပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲသို့  သပိတ် မှောက်ကျောင်း သားများ ရောက် ရှိလာချိန်တွင် သတ်မှတ်ကျောင်း သားဦးရေထက် ပိုမိုများပြားနေ ခြင်းကြောင့် ၀န်ကြီးဌာန ရုံးဝင်း အတွင်းသို့ ၀င်ခွင့်မပြုရာမှ စ၍ အဆိုပါ ဆွေးနွေးပွဲ ပျက်ပြယ်သွားခြင်း ဖြစ်သည်။

နေပြည်တော်တွင် ကျင်းပ ပြုလုပ်သော လေးပွင့်ဆိုင်ဆွေး နွေးပွဲ မစတင်မီ ဆွေးနွေးပွဲ အစီအစဉ်နှင့်ပတ် သက်၍ ကြိုတင်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်မှု အားနည်းခဲ့ခြင်းကြောင့် သဘောထားကွဲလွဲမှုများ ထပ်မံဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာနရှိ အ စည်းအဝေးခန်းမသို့ ကျောင်း သား ၂၀ ဦး ၀င်ရောက်ရန် နှစ်ဖက်သဘောတူညီ ခဲ့သော်လည်း အခြားကျောင်းသား ၂၀ ကျော်အား ၀န်ကြီးရုံးခြံဝင်းအတွင်းသို့ ၀င်ခွင့်ပြုရေး တောင်းဆိုမှုကို လိုက်လျောမှုမရှိခဲ့ခြင်းဖြစ်သည်။

  ထို့အပြင် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေါက် တာသိန်းလွင်ကို  အမျိုးသား ဒီ မိုကရေစီအဖွဲ့ချုပ်က ကိုယ်စား ပြုစေလွှတ်ခြင်း မဟုတ်ကြောင်း ကြေညာလိုက်သဖြင့် မည်သည့် အဖွဲ့အစည်းအား ကိုယ်စားပြု တက်ရောက်သည်ကို နောက်တစ် ကြိမ် တင်ပြရန်နှင့် သပိတ်မှောက်ကျောင်းသားများသည် ကျောင်းသား အားလုံးကို ကိုယ်စားမပြုကြောင်း ကြားသိရသဖြင့် မည်သည့်ကျောင်းသားထုကို ကိုယ်စားပြုကြောင်း တင်ပြရန် လိုအပ်မည်ဖြစ်ကြောင်း ဦးအောင်မင်းက ဆိုသည်။

‘‘ကျွန်တော်တို့ ပြီးခဲ့တဲ့ ရန်ကုန်အစည်းအဝေးကတည်းကလေးပွင့်ဆိုင် အားလုံးဟာ တစ်ဖက်နဲ့တစ်ဖက် တန်းတူညီမျှမှုနဲ့ပွင့်လင်းမြင်သာမှု ပုံစံနှင့် ဆက်လက်ဆွေးနွေးသွားမယ်လို့ သဘောတူထားတာ ရှိတယ်။ ဒါပေမဲ့ အခုကျွန်တော်တို့ဖြစ်နေတဲ့ ကိစ္စက အဲဒီလိုမဟုတ်ဘူး။ ကျွန်တော်တို့မှာ တန်းတူညီမျှမှု၊ တရားမျှတမှု မရှိဘူး။ အစိုးရဘက်ကပဲ တစ်ဖက်သတ်သူတို့ခေါ်ချင်တဲ့သူ ခေါ်၊ သူတို့ရွှေ့ချင်တဲ့အချိန် ရွှေ့တယ်၊ သူတို့အခက်အခဲကို နားလည်ပြီးတော့ နေပြည်တော်မှာလာလုပ်တာ။ သူတို့ဘက်က အစစအရာရာ တာဝန်ယူမှုနဲ့ တာဝန်ခံမှုဝတ္တရားတွေ သူတို့မှာရှိတယ်။ အဲဒါတွေလည်း  လျစ်လျူရှုခံရတယ်’’ဟု ဆွေးနွေးပွဲ ပျက်ပြယ်ပြီးနောက် ပညာရေးဝန်ကြီးရုံးရှေ့ပြုလုပ်သော  သပိတ်မှောက် ကျောင်းသားများ၏ သတင်းစာ ရှင်းလင်းပွဲတွင် သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုအောင်မှိုင်းဆန်းက ပြောသည်။

 နေပြည်တော်သို့ လေးပွင့် ဆိုင်ဆွေးနွေးပွဲ လာရောက်သော သပိတ်မှောက် ကျောင်းသား ခေါင်းဆောင် များနှင့် ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်မှ ကိုယ်စားလှယ်များမှာ စည်ပင်ရိပ်သာ တွင် တည်းခိုရန် စီစဉ်ထားသော်လည်း တည်းခိုခွင့် မရခဲ့ပေ။

လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ပိုမိုကောင်းမွန်သော အစီအမံများဖြင့်ဆောင် ရွက်ရန် နိုင်ငံတော်သမ္မတက ပြော ဆိုမှုကို လွှတ်တော်အနေဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်ဘက်မှ ပြည် တွင်းငြိမ်း ချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List