Thursday, February 05, 2015

ဂတ်စ်တိုဘားဆိုင်အမှု သာသနာညှိုးနွမ်းစေမှုပုဒ်မအတွက် စစ်ဆေးချက်ပြီးစီး

ဗုဒ္ဓရုပ်ပွားတော်ကို နား ကြပ်တပ်ထားသည့် ပုံဖြင့် ဖေ့စ် ဘွတ်ခ်ပေါ်တင် ၍ ကြော်ငြာခြင်း ကြောင့် တရားစွဲ ဆိုခံထားရသူ များကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ ၂၉၅(က)နှင့် ပတ် သက်၍ ဖေဖော်ဝါရီ ၄ ရက် ရုံး ချိန်းတွင် အပြီးသတ်စစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။
ဂတ်စ်တိုဘားဆိုင်ပိုင်ရှင်နှင့် ဆိုင်မန်နေဂျာများဘက်မှ တရား ခံပြသက်သေ အဖြစ် ကျန်ရှိသူ တစ်ဦး ကို ဖေဖော်ဝါရီ ၄ ရက် ရုံး ချိန်းတွင် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၎င်းကလည်း ထွန်းသူရိန်နှင့် ထွဋ်ကိုကိုလွင်တို့၌ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ သည်။

ဘားဆိုင်ပိုင်ရှင်နှင့် ဆိုင်မန် နေဂျာများဘက်မှ တရားခံပြ သက်သေ ငါးဦး တင်သွင်းခဲ့သော် လည်း သုံးဦး စစ်ဆေးပြီး ချိန်တွင် ကျန်နှစ်ဦးကို တရားခံပြသက်သေ စာရင်းမှ ပယ်လိုက်သောကြောင့် အထက်ပါရုံးချိန်း၌ သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ ၂၉၅ (က) နှင့် ပတ်သက်၍ အပြီးသတ် စစ်ဆေးပြီးခဲ့ခြင်း ဖြစ်သည်။

သာသနာညှိုးနွမ်းစေမှုနှင့် ပတ်သက်၍ အပြီးသတ်စစ်ဆေးခဲ့ သော်လည်း တရားသူကြီးဆုံး ဖြတ်ရ မည်ဖြစ်သောကြောင့် ယင်းကိစ္စအပေါ် မှတ်ချက်မပြုလို ကြောင်း တရားစွဲဆိုခံထားရသည့် နယူးဇီလန်နိုင် ငံသား ဖီးလစ်၏ ရှေ့နေ ဦးမြသွေးကပြောသည်။

သို့သော်လည်း ၎င်းတို့ကို တရားစွဲဆိုထားသည့် ပုဒ်မ ၁၈၈ နှင့် ပတ်သက်၍ ဆက်လက်စစ် ဆေးမည်ဖြစ် ပြီး ဖေဖော်ဝါရီ ၁၇ ရက် ရုံးချိန်းတွင် ပုဒ်မ ၁၈၈ နှင့် တရားစွဲခံထားရသူများကို ဆက်လက်စစ်ဆေးမည်ဖြစ် သည်။ပုဒ်မ ၁၈၈ နှင့် ပတ်သက်၍ တရားစွဲဆိုခံထားရသူများက ဒီဇင်ဘာ၁၈ ရက် ရုံးချိန်းတွင် ၎င်းတို့၌ အပြစ်မရှိကြောင်း အသီးသီး ငြင်း ဆိုထားကြသည်။

ဒီဇင်ဘာ ၁၀ ရက်ညနေတွင် ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ထားသောပုံဖြင့် ဖေ့စ်ဘွတ်ခ်စာ မျက်နှာ ကြော်ငြာသည့် အဆို ပါဆိုင်ကို ဗဟန်းမြို့နယ် ရဲတပ် ဖွဲ့က ယာယီပိတ်ထားပြီး မြန်မာ နိုင်ငံ သား နှစ်ဦးဖြစ်သော ဆိုင်ပိုင် ရှင်၊ မန်နေဂျာနှင့် ဘုရားပုံကို လူမှုကွန်ရက်သို့တင်၍ ကြော် ငြာခဲ့သည့်ဆိုင် အထွေထွေမန်နေ ဂျာ နယူးဇီလန်နိုင်ငံသားတို့ သုံး ဦးကို ဖမ်းဆီး၍ ပုဒ်မ ၂၉၅၊ ၂၉၅ (က)နှင့် ပုဒ်မ ၁၈၈ တို့ဖြင့် အ ရေးယူခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၂၉၅သည် ထောင် ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ပြီး အယူခံဝင်ခွင့်ရှိသည်။ ၂၉၅ (က) သည် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ပြီး အယူခံဝင်ခွင့်မရှိ ပေ။ ပုဒ်မ ၁၈၈ သည် အယူခံဝင် ခွင့်ရရှိမည်မဟုတ်ဘဲ ငွေဒဏ် ကျပ် နှစ်ရာ (သို့မဟုတ်) ထောင်ဒဏ် တစ်လအထိ ချမှတ်နိုင်ကြောင်း ရှေ့နေဦးခင်ဇော် (မရမ်းကုန်း) က ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List