Monday, November 03, 2014
မြန်မာ့နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်၍ နိုင်ငံတကာမီဒီယာများ ၏ဖော်ပြချက်
ဂျာမနီ DWW သတင်းဌာန အင်အားစုပေါင်းစုံပါဝင်သောမြန်မာနိုင်ငံ၏ဆွေးနွေးပွဲ အနာဂတ်အတွက်မိုဒယ် ဖြစ်နိုင် မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်က အတိုက် အခံခေါင်းဆောင် အပါ အဝင် အခြားနိုင်ငံရေးခေါင်း ဆောင်များနှင့် အောက်တိုဘာ ၃၁ ရက်က တွေ့ဆုံခဲ့သောဆွေးနွေးမှု သည်မြန်မာနိုင်ငံအနာဂတ်အတွက် မိုဒယ်ဖြစ်လာဖွယ်ရှိနေသည်။
၂ဝ၁၁ ခုနှစ်မှစတင်ကာ ဖော် ဆောင်ခဲ့သော မြန်မာနိုင်ငံ၏ အသွင်ပြောင်းလုပ်ငန်းစဉ်များသည် အလုံးစုံ ပြောင်းလဲသည့်အခြေအနေသို့ ရောက်ရှိခြင်းမရှိသေးသော် လည်း ကောင်းမွန်သည့်အခြေ အနေတစ်ရပ် ဆီသို့ ဦးတည်ပြောင်း လဲခဲ့သည်။ ဗဟိုအစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းကြားတွင် အပြီးသတ် လက် မှတ်ထိုးနိုင်ခြင်းမရှိသေးသော် လည်းအပစ်ခတ်ရပ်စဲရေးနှင့် တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်း ရေး တည်ဆောက်နိုင်ရန်အနီးစပ်ဆုံး အခြေအနေသို့ ရောက်ရှိနေခြင်းမှာ အရှိတရားတစ်ခုဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်သည် မြို့တော် နေပြည်တော်တွင် အတိုက်အခံ ခေါင်း ဆောင်များအပါအဝင် အင် အားစုအားလုံးပါဝင်သော ဆွေးနွေး ပွဲပြုလုပ်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ် ဖွယ်ရှိသည်။ မြန်မာ့နိုင်ငံရေးစောင့် ကြည့်သူများက ယခုပြုလုပ်ခဲ့ သောဆွေးနွေးပွဲသည် ယခုလအတွင်း မြန်မာနိုင်ငံ
သို့လာရောက်မည့်အမေရိကန်သမ္မတအိုဘားမား ၏ ခရီးစဉ်နှင့်ဆက်စပ်နေဖွယ်ရှိသည်ဟု သုံးသပ်ကြ သည်။ စေ့စေ့ စပ်စပ်ကြည့်ရှုမည်ဆိုပါက ဆွေး နွေးပွဲကျင်းပခြင်းမှာမှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ဦးတည်ခြင်း ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ကာလရှည်ယုံကြည်မှုတည်ဆောက် ရန် ခက်ခဲခဲ့သော မြန်မာ့နိုင်ငံရေး ပါတီများကြားတွင် ယခုဆွေးနွေးပွဲ မှာအမှန်တကယ်လိုအပ်သည့်အရာ တစ်ခုဖြစ်လာခဲ့ပြီး ထောက်ခံသည့် လက်ခုပ်သံများလည်းအများအပြားရ ရှိခဲ့သည်။
ဆွေးနွေးပွဲတွင် ဒေါ်အောင် ဆန်းစုကြည်သမ္မတဖြစ်ခွင့်မရှိစေရန် ကန့်သတ် သကဲ့သို့ဖြစ်နေသော အခြေခံ ဥပဒေပြဋ္ဌာန်းချက်အပါအဝင် အခြားအခြေခံ ဥပဒေပြင်ဆင်ရေး ဆိုင်ရာသဘောတူညီချက်ရယူရန် ခြေလှမ်း စတင်ခြင်း ဖြစ်ဖွယ်ရှိပြီး အင်အားစုပေါင်းစုံပါဝင်သောမြန်မာ့ နိုင်ငံရေးဆွေးနွေးပွဲသည် နိုင်ငံ အနာဂတ် အတွက်လိုအပ်သောမူ ဘောင်သတ်မှတ်ချက်များပေါ်ထွက် လာစေရန်လမ်းကြောင်းစတင်ခဲ့ခြင်းလည်းဖြစ် ဖွယ်ရှိသည်။
မနီလာတိုင်းမ် အတိုက်အခံခေါင်းဆောင်များနှင့်ဆွေးနွေးရန်မြန်မာဖိတ်ခေါ် မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အတိုက်အခံနိုင်ငံ ရေးပါတီများ၊ အတိုက်အခံခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ကို အောက်တိုဘာ ၃၁ ရက်က ဖိတ်ခေါ်၍ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။
၂ဝ၁၅ ခုနှစ်တွင် ကျင်းပမည့်မြန်မာနိုင်ငံရွေးကောက် ပွဲတွင်အားလုံးပါဝင်ခွင့်ရပြီး ယုံ ကြည်စိတ်ချရသည့် ရွေးကောက်ပွဲ ဖြစ်စေလိုသည်ဟု ဆွေးနွေးပွဲမစ တင်မီ နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ထံသို့ အမေရိကန်သမ္မတ အိုဘားမား က တယ်လီဖုန်းဖြင့် ဆက်သွယ် တိုက်တွန်းခဲ့သည်။ ပြီးခဲ့ သည့်ရက်သတ္တပတ်အတွင်းက ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပမည်ဟု မြန်မာတာဝန်ရှိသူများက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ၂ဝ၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲသည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ အတွက်အရေးပါသောရွေးကောက် ပွဲဖြစ်လာမည်ဖြစ်သည်။မြန် မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ဟောင်း ထရီဗာဝီလ် ဆင်က''အမေရိကန်သမ္မတအိုဘားမား မလာခင်မှာလုပ်ခဲ့တဲ့ဒီဆွေးနွေး ပွဲဟာ ထင်သာမြင်သာရှိလွန်းတဲ့ လုပ်ရပ်တစ်ခုလို့ထင်ပါတယ်။
ကျန် နေသေးတဲ့ ဆောင်ရွက်စရာတွေ အတွက်အချိန်သိပ်မရှိတော့ဘူးဆို တာ သံသယဖြစ်စရာမလိုပါဘူး။ တကယ်လို့ ဆွေးနွေးပွဲရဲ့ရလဒ်က အပေါင်းလက္ခဏာမဆောင်ခဲ့ဘူး ဆိုရင် ဦးသိန်းစိန်အနေနဲ့ အိုဘားမား ကို ပြည်သူတွေရဲ့အသံနားထောင် ဖို့ကြိုးစားခဲ့ပါတယ်လို့ပဲပြောရပါ လိမ့်မယ်''ဟု ပြောသည်။ အေပီသတင်း ဌာန တိုးတက်မှုများပြသရန်ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာခေါင်းဆောင်များဆွေးနွေး မြန်မာနိုင်ငံတော် သမ္မတဦးသိန်း စိန်သည်ယမန်နေ့ကဒေါ်အောင်ဆန်း စုကြည်အပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၊ အခြားခေါင်း ဆောင်များနှင့် ပထမဆုံးအကြိမ်မျက်နှာဆုံညီတွေ့ဆုံဆွေးနွေး ခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားတက် ရောက်မည့် ဒေသတွင်းထိပ်သီး အစည်းအဝေးမတိုင်မီ ဖော် ဆောင် လျက်ရှိသည့်အသွင်ပြောင်းလုပ်ငန်းစဉ်များ ရှေ့ဆက်သွားနေကြောင်း အချိန်ကိုက်ပြသမှုပြု လုပ်ခဲ့ သည်။မြန်မာနိုင်ငံပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သူ မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်၏ ပြောရေး ဆိုခွင့်ရှိသူဦးရဲထွဋ်က ခေါင်းဆောင်များ၏တွေ့ဆုံဆွေးနွေး ပွဲအပြီးတွင် ပါဝင်ခဲ့သူအားလုံး သည်အသွင်ပြောင်းလုပ်ငန်းစဉ်များ တိုးတက်မှု၊ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ်လက်မှတ် ရေးထိုးရေးနှင့်ဆိုင်သော အလား အလာများ၊ ၂ဝ၁၅ ခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲနှင့်ဆိုင် သောအကြောင်းအရာများကို ဆွေး နွေးခဲ့သည်ဟု ပြောသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရ လက်ထက်တွင် ကနဦးပိုင်း၌ရရှိခဲ့ သောနိုင်ငံရေး အသွင်ပြောင်းဖြစ်စဉ် များအောင်မြင်မှုနှင့်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအရှိန် ရနေမှုများရပ်တန့်နေသည်ဟုဝေဖန် မှုများပေါ်ထွက်နေချိန်တွင် ယခု တွေ့ဆုံပွဲကိုကျင်းပခဲ့ခြင်းဖြစ်သည်။ ဝေဖန်သူတချို့က ယခုပြုလုပ် ခဲ့သော မြန်မာခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးပွဲသည် ဒေသတွင်း နိုင်ငံရေးဆိုင်ရာကဏ္ဍများဆွေးနွေး မည့် အရှေ့အာရှထိပ်သီးအစည်း အဝေးမတိုင်မီ ထိရောက်မှုအနည်း ငယ်သာရှိသည့်လုပ်ဆောင်ချက်မျိုး သာဖြစ်သည်ဟု သုံးသပ်ခဲ့သည်။
ဆင်ဟွာသတင်းဌာန ပြည်တွင်းရေးအဖြေရှာရန် အင်အားစုပေါင်းစုံ ပါဝင်သောမြန်မာထိပ်သီးဆွေးနွေးပွဲ ပထမဆုံးအကြိမ်ကျင်းပ ပြည်တွင်းနိုင် ငံရေးနှင့်ဆက်စပ်သောအကြောင်းအရာများကိုအဖြေရှာရန် အင်အားစုပေါင်း စုံပါဝင်သောဆွေးနွေးပွဲတစ်ရပ်ကို မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်၏ ဖိတ်ကြားမှုဖြင့် အောက်တိုဘာ ၃၁ ရက်က နေပြည်တော်ရှိသမ္မတအိမ်တော် တွင်ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ အစိုးရ၊လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ တပ်မတော်၊ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်တို့မှ ကိုယ်စားလှယ် ၁၄ ဦးတက် ရောက်ခဲ့သည်။ ဆွေးနွေးပွဲတက်ရောက်သူများထဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယသမ္မတနှစ်ဦး၊ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယကာ ကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ပါဝင်ခဲ့သည်။နိုင်ငံရေးပါတီများကိုကိုယ်စားပြု၍ တက် ရောက်သူများထဲတွင် အန်အယ်ဒီပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးတို့ပါဝင်ခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ
ဦးတင်အေးလည်းတက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲနှင့်ပတ်သက်သောအကြောင်းအရာများကို တိကျစွာသတင်းထုတ်ပြန်ခြင်းမရှိသော် လည်း နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကဆွေးနွေးပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကျင်းပကာ တိုးတက်မှုများပိုင်ဆိုင်ခဲ့သည်ဟု ဖြေကြားခဲ့သည်။ အောက်တိုဘာ ၃၁ ရက်က နေပြည်
တော်ရှိနိုင်ငံတော်သမ္မတအိမ်တော်တွင်ကျင်းပခဲ့သော မြန်မာ့ နိုင်ငံရေးအင်အားစုများပါဝင်ဆွေးနွေးခဲ့သည့် မြန်မာ့နိုင်ငံရေးထိပ်သီးဆွေးနွေး ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာ မီဒီယာများ၏ဖော်ပြချက်များကို စုစည်း တင်ပြလိုက်ပါသည်။
The Union Daily
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment