Tuesday, November 04, 2014

နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရန် အင်ဒိုနီးရှားနှင့် ဂျာမန် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ


အသစ်စက်စက် ခန့်အပ်ခံထားရတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုလဲ့စတာရီ ပရီယန်စာရီဟာ နိုဝင်ဘာလ ၃ ရက်နေ့က ဂျာမန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပါတယ်။ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဖရန့်ခ် ဝေါလ်တာ စတိန်းမီယာဟာ ၂ နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ဖို့ အင်ဒိုနီးရှားမြို့တော် ဂျကာတာကို အလည် အပတ်ခရီးစဉ်အတွင်း သူနဲ့အတူ လွှတ်တော် ကိုယ်စားလှယ် ၃ ယောက် စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ပညာရေးဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီးဌာန အရာရှိတွေကို ခေါ်လာခဲ့တာပါ။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီးကတော့ ဂျာမန်အစိုးရဟာ အင်ဒိုနီးရှားနဲ့ ဆက်ဆံရေးအားဖြည့် တည်ဆောက်ဖို့ လုပ်သွားမယ်လို့ ပြောပါတယ်။

၂ နိုင်ငံကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံအပြီး ပူးတွဲကြေညာချက်ထဲမှာ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးက ဂျာမန်-အင်ဒိုနီးရှား ဘုံစီးပွားရေးဆိုင်ရာ ဆက်ဆံရေးမှာ ပင်လယ်ရေကြောင်း စီးပွားရေးလို ကိစ္စမျိုးတွေကို အပြည့်အဝ အကောင်အထည် မဖော်ရသေးပါဘူး။ ၂ နိုင်ငံ ဆက်ဆံရေးရဲ့ ဦးတည်ချက်က အစိုးရရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေပါလို့ ပြောပါတယ်။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဟာ သမ္မတ ဂျိုဒိုဝီဒိုဒိုနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ကမ္ဘာ့ တတိယ အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အင်ဒိုနီးရှားမှာ ဇူလိုင်လက သမ္မတ ဂျိုကိုဝီဒိုဒို ရွေးကောက် တင်မြှောက်ခံရမှုဟာ စစ်ဘက်နဲ့ နိုင်ငံရေးရေပေါ်ဆီအလွှာက မဟုတ်သူက ပထမဆုံးအကြိမ် ရွေးကောက်ခံရမှု ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့သန့်ရှင်းတဲ့ အစိုးရဖြစ်ရေး ဖွဲ့စည်းပုံကြောင့် စိတ်ဝင်စားမှုတွေ ရခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List