Tuesday, September 09, 2014

ဦးသိန်းစိန်နဲ့ ဒုတိယအကြိမ် သမ္မတ သက်တမ်း


သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့  ဥရောပခရီးစဉ်အတွင်း ဆွစ်ဇာလန် သတင်းဌာနနဲ့ အင်တာဗျူးမှာ ဦးသိန်းစိန် အနေနဲ့ သမ္မတ ဒုတိယ သက်တမ်းအတွက် ဆက်လက်ထမ်းဆောင်ဖို့ရှိလားလို့ မေးခွန်းကို ဖြေလိုက်ပုံက စိတ်ဝင်စားစရာနဲ့ အငြင်းအခုန်တွေဖြစ်နေပါပြီ။ 

ဦးသိန်းစိန်နဲ့ အင်တာဗျူးတဲ့ ဆွစ်ဇာလန် NZZ ရဲ့ သတင်းမှာ ဦးသိန်းစိန်ပြောတာကို အခုလို ရေးထားပါ တယ်။ 

 “To be honest, I’d like to retire. But you have to think about what’s best for the country and the people.” 

သမ္မတ ဦးသိန်းစိန်က သူ့အနေနဲ့ရိုးရိုးသားသားပြောရရင် အနားယူချင်တာပါတဲ့။ 

ဒါပေမယ့် နိုင်ငံနဲ့ပြည်သူအတွက် အကောင်းဆုံးက သူသာ သမ္မတ ဆက်ဖြစ်သင့်တယ်ဆိုရင် ဆက်လုပ် မယ့် သဘော ပြောဆိုထားတာပါ။ ဒီစကားမျိုး ဦးသိန်းစိန်ပြောတာ ဒါက ဒုတိယအကြိမ်ဖြစ်ပါတယ်။ အရင်ကလည်း အလားတူ အရိပ်အမြွက်ပြောခဲ့ဖူးပါတယ်။ 

ဒါဆို လာမယ့် ၂၀၁၅ ခုနှစ်အလွန် သမ္မတ ဖြစ်လိုတယ်လို့ အထင်အရှားပြောထားသူ ဒေါ်အောင်ဆန်း စုကြည်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့နဲ့အတူ သမ္မတ ဦးသိန်းစိန်က ဆက်လက် ပါဝင်နေ မယ့် သဘောပါ။ 

တခါက သူရ ဦးရွှေမန်းက ပြောတာမှာတော့ ဦးသိန်းစိန်က လာမယ့် သမ္မတ သက်တမ်း ထမ်းဆောင်တော့ မှာ မဟုတ်ဘူးလို့ သူ့ကို ကတိပေးထားတယ်ဆိုတယ်။ 

အခုလို ဦးသိန်းစိန်က သမ္မတ သက်တမ်း ဆက်ထမ်းမယ့် အရိပ်လက္ခဏာပြတော့ သူရ ဦးရွှေမန်းလည်း ဘာပြောမယ် မသိ။ 

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ရရေး ပုဒ်မ ၅၉ စ လုံးကလည်း အခုထိ ပြင်ဆင်ဖို့ အရိပ်အယောင် မရှိသေး။ 

လက်ရှိ မြန်မာ့အပြောင်းအလဲကို သမ္မတ ဦးသိန်းစိန်နဲ့ Team က ဦး ဆောင်လုပ်နေတာဆိုတော့ ဒီအရှိန် မပျက်စီးရေး သမ္မတ ဦးသိန်းစိန် သမ္မတအဖြစ် ဆက် တာဝန်ယူမယ် ဆိုရင် နိုင်ငံတကာ ထောက်ခံမှုက လည်း ဆက်ရနိုင်မယ်လို့ စစ်ခေါင်း ဆောင်တွေက မျှော်လင့်နေပုံရတယ်လို့   ဝေဖန်သုံးသပ်သူတချို့က
ပြောနေကြတယ်။ 

သမ္မတ ဦးသိန်းစိန်နဲ့ နောက်ထပ်သမ္မတ သက်တမ်း ကိစ္စ ဧရာဝတီ စာဖတ်ပရိသတ်တွေကရော ဘယ်လို အမြင်တွေ ရှိကြသလဲ ဆိုတာ လွတ်လပ်ယဉ်ကျေးစွာ ဆွေးနွေးနိုင်ပါတယ်။ 

ဧရာဝတီblog

No comments:

Post a Comment

My Blog List