Tuesday, September 09, 2014

ကုလလက်ထောက် အတွင်းရေးမှူးချုပ် ရခိုင်ခရီးစဉ် စတင်


ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် Mr. Haoliang Xu သည် စက်တင်ဘာလ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိကာ ဒုက္ခသည်စခန်းများကို သွားရောက် လေ့လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့ (UNDP) က ထုတ်ပြန်ထားသည်။ 

လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ် သို့ လူသားချင်းစာနာ အကူအညီပေးရေးအတွက် လာရောက်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမြအောင်က ပြောကြားသည်။

ရခိုင်ပြည်နယ်ခရီးစဉ်တွင် စစ်တွေနှင့် ပေါက်တောမြို့တို့ရှိ ဒုက္ခသည် စခန်းများကို သွားရောက် လေ့လာ မည် ဖြစ်ကြောင်း UNDP ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

Mr. Haoliang Xu သည် မြန်မာနိုင်ငံခရီးစဉ်တွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အပါအဝင် ပြည်ထောင်စု ဝန်ကြီးများနှင့်လည်း တွေ့ဆုံရန် ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်သည် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာသည့် အကူအညီ များပေးရေး ကိစ္စအတွက် လာရောက်လေ့ လာခြင်း ဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် စစ်တွေမြို့နယ် ရေချမ်းပြင်ကျေးရွာတွင် စားနပ်ရိက္ခာ သိုလှောင်ရေး အဆောက်အအုံကို ဖွင့်လှစ်မည် ဖြစ်ကြောင်း UNDP က ထုတ်ပြန်ထားသည်။

Mr. Haoliang Xu ၏ မြန်မာနိုင်ငံခရီးစဉ်သည် စက်တင်ဘာလ ၆ ရက်နေ့ မှ ၁၂ ရက်နေ့အထိ ကြာမြင့် မည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List