Friday, September 12, 2014

အမေရိကန် အလိုရှိနေသည့် မူးယစ်ကုန်ကူးသူကို ဟွန်ဒူးရပ်စ်နိုင်ငံတွင် ဖမ်းဆီး


ကာရစ်ဘီယံပင်လယ်ဒေသ ဟွန်ဒူးရပ်စ်နိုင်ငံက ရဲတွေဟာ အမေရိကန်နိုင်ငံက အလိုရှိနေတဲ့ မူးယစ်ကုန် ကူးသူလို့ စွပ်စွဲခံထားရသူကို စက်တင်ဘာ ၁၀ ရက်နေ့က ဖမ်းခဲ့တယ်လို့ လုံခြုံရေးဝန်ကြီးဌာနက ပြောပါ တယ်။ ဟိုဗင့်ခ် အလက် ဇန်းဒါး ပေရယ်တာကို ကာရစ်ဘီယံကမ်းရိုးတန်းမြို့ လာစေးဘာနားမှာ ဖမ်းမိခဲ့ တာပါ။

အမေရိကန် အာဏာပိုင်တွေကတော့ ပေရယ်တာကို ရာဇဝတ်သားလွှဲပေးဖို့ တောင်းဆိုချက်ကို မျှော်လင့်နေတာပါ။ တရားရုံးချုပ် ပြောခွင့်ရ မယ်ဒီယာ ဒိုအာတယ်ကတော့ အမေရိကန်နဲ့ အကျဉ်းသား လဲလှယ်ရေး သဘောတူညီချက်ကို လွန်ခဲ့တဲ့ ၂ လက လက်မှတ်ထိုးထားတယ်လို့ ပြောပါတယ်။

ဟွန်ဒူးရပ်စ်နိုင်ငံရဲ့ ကာရစ်ဘီယံ ကမ်းရိုးတန်းဟာ တောင်အမေရိကတိုက် ထွက် ကိုကင်းတွေကို အမေရိကန်မြောက်ပိုင်း၊ အလယ်၊ မက္ကဆီကိုနဲ့ အမေရိကန်နိုင်ငံအထိ သယ်ပို့ရာ အဓိက လမ်းကြောင်းပါ။ ဟွန်ဒူရပ်စ်မူးယစ်ဂိုဏ်း အများအပြားဟာ မက္ကဆီကိုဂိုဏ်းတွေနဲ့ ချိတ်ဆက်ထားကြပြီး အလယ်အမေရိကန်
တလွှား ဖြန့်ကျက်ထားပါတယ်။

လူအယောက် ၁ သိန်းမှာ ၉၀.၄ ယောက် အသတ်ခံနေရတဲ့ ဟွန်ဒူးရပ်စ်နိုင်ငံဟာ ကမ္ဘာ့လူသတ်မှုနှုန်း အများဆုံးနိုင်ငံ ဖြစ်သလို ရဲတွေကို မယုံကြည်မှုနဲ့ အဂတိလိုက်စားမှုတွေ လည်း ထူပြောနေပါတယ်။

DVB

No comments:

Post a Comment

My Blog List