Monday, July 07, 2014

မှတ်ပုံတင်ကိုင် ဘင်္ဂါလီနှင့် ကမန်များကို ပြန်စစ်ဆေးမည်ဟု ရခိုင်ဝန်ကြီးချုပ် ဆို


ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများနှင့် ကမန်အမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူများကို ပြန်လည်စိစစ်ပေးမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက စစ်တွေမြို့ခံများနှင့် ဇူလိုင်လ ၄ ရက်နေ့က တွေ့ဆုံစဉ် ကတိပေး ပြောကြားသည်။

လက်ရှိ စတင်လုပ်ဆောင်နေသည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားစိစစ်ရာ၌ မြို့နယ်စစ်ဆေးရေးအဖွဲ့တွင် ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်း နှစ်ခုလုံးမှလူပုဂ္ဂိုလ်များ ပါဝင်မည်ဖြစ် ကြောင်း၊ ယင်းကြောင့် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ထားသူများကို စစ်ဆေးပေးရန် တောင်းဆိုပါက စစ်ဆေးပေးမည်ဟု ၎င်းက ပြောဆိုကြောင်း စစ်တွေမြို့မြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က ပြန်လည်ပြော ဆိုသည်။

နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားသူများနှင့် ပတ်သက်၍ ကန့်ကွက်မှုများ ရှိလာပါက တိတိကျကျ ဖြစ်အောင် စိစစ်ပေးမည်ဟု ဝန်ကြီးချုပ်က ပြောဆိုကြောင်း ၎င်းက ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားစိစစ်မှုကို ပြတ်ပြတ်သားသား ကိုင်တွယ်မည်ဖြစ်ကြောင်း ဦးမောင်မောင်အုန်းက ပြောဆိုထားသည်။

“နိုင်ငံသားဖြစ်တဲ့သူကို နိုင်ငံသားပေးတာ ပြဿနာ မရှိဘူး။ နိုင်ငံသား မပေးသင့်တဲ့သူ တစ်ယောက်ကို နိုင်ငံသားပေးမိရင် နိုင်ငံနစ်နာတယ်။ မပေးသင့်တဲ့သူ တစ်ယောက်မှ မပေးရအောင် တိတိကျကျ လုပ်နေတယ်” ဟု ၎င်းက မီဒီယာများကို ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် မြေပုံမြို့ကို စမ်းသပ်ဧရိယာ (Pilot Area) အဖြစ် သတ်မှတ်၍ ဇွန်လ ၁၅ ရက်နေ့မှ စတင်ကာ နိုင်ငံသားစိစစ်မှု လုပ်ငန်းများကို လုပ်ဆောင်နေသည်။

The Voice Weekly

No comments:

Post a Comment

My Blog List