Wednesday, July 09, 2014

ခိုလှုံခွင့်တောင်းခံသူများကို သြစတြေးလျက ပြန်လွှဲအပ်


သြစတြေးလျအာဏာပိုင်တွေက ခိုလှုံခွင့်တောင်းခံသူ ၄၁ ယောက်ပါတဲ့ အုပ်စုတစုကို သီရိလင်္ကာနိုင်ငံကို ပြန်လည်လွှဲအပ်လိုက်ပါတယ်။သြစတြေးလျ ရေပိုင်နက်ထဲကို တရားမ၀င်ခိုးဝင်ဖို့ ကြိုးစားတယ်လို့ သံသယ ရှိတဲ့ လှေတစီးကို သြစတြေးလျ နယ်စပ် ကင်းလှည့်အရာရှိတွေက အရင်အပတ်က ကြားဖြတ် ဟန့်တားပြီး သီရိလင်္ကာအာဏာပိုင်တွေ လက်ထဲကို ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ပြန်အပ်လိုက်တယ်လို့ သြစတြေးလျ အာဏာပိုင်တွေ ဒီအပတ်အစောပိုင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဇူလိုင် ၈ ရက်နေ့မှာတော့ သီရိလင်္ကာရေတပ်က ဆင်ဟာလီလူမျိုး ၃၇ ယောက်နဲ့ တမီလ် သီရိလင်္ကာနိုင်ငံ သား ၄ ဦးပါတဲ့ အုပ်စုကို တောင်ပိုင်းဆိပ်ကမ်းမြို့က ရဲလက်ထဲ လွှဲအပ်ပါတယ်။

သီရိလင်္ကာရဲတွေကတော့ သူတို့ကို နိုင်ငံကို တရားမ၀င် စွန့်ခွာမှုနဲ့ တရားစွဲပြီး ပြစ်မှု ထင်ရှားရင် ထောင်ချမယ်လို့ ပြောပါတယ်။ဒါကြောင့် လူ့အခွင့်အရေး အလွဲသုံးစားမှုတွေနဲ့ ပတ်သက်ပြီး ကြောက်ရွှံ့မှုတွေ မြင့်တက် လာနေပါတယ်။

ခိုလှုံခွင့်တောင်းခံသူတွေရဲ့ ခရီးစဉ်ကို စီစဉ်သူ ၅ ဦးကို တရားရင်ဆိုင်ဖို့ ချုပ်ထားပြီး ကျန်တဲ့လူတွေကို အာမခံနဲ့ လွှတ်ပေးလိုက်သလို ကလေးတွေကိုတော့ ခြွင်းချက်မရှိ လွှတ်ပေးလိုက်တယ်လို့ ခိုလှုံခွင့်တောင်း ခံသူတွေရဲ့ ရှေ့နေက ပြောပါတယ်။

သြစတြေးလျနိုင်ငံဟာ မနှစ်က ခိုလှုံခွင့်တောင်းခံမှု လျှောက်လွှာ ၁ သောင်း ၆ ထောင်ကို လက်ခံခဲ့ပြီး ကမ္ဘာတလွှား ခိုလှုံခွင့်တောင်းသူ စုစုပေါင်းရဲ့ ၀.၅ ရာခိုင်နှုန်းသာ ရှိတယ်လို့ ကုလသမဂ္ဂ ကိန်းဂဏန်းတွေက ပြသထားပါတယ်။

DVB

No comments:

Post a Comment

My Blog List