Tuesday, July 08, 2014
ဗီယက်နမ် စစ်ရဟတ်ယာဉ်ပျက်ကျ၊ ၁၉ ဦး သေဆုံး
ဗီယက်နမ် မြို့တော် ဟနွိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က စစ်ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၁၉ ဦး သေဆုံးပြီး တခြားလူ ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။
ဆိုဗီယက်ခေတ်က အမ်အိုင် – ၁၇၁ ရဟတ်ယာဉ်ဟာ လေထီးသင်တန်းအတွင်း မနက်အစောပိုင်းက ပျက်ကျတာ ဖြစ်ကြောင်း ဒုတိယစစ်ဦးစီးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ဗိုဗန်တွမ်က ပြောပါတယ်။
ဒုတိယစစ်ဦးစီးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ဗိုဗန်တွမ်က “နည်းပညာပြဿ နာကြောင့် ပျက်ကျတာ ဖြစ်တယ်။ သေဆုံးသူတွေဟာ ရဟတ်ယာဉ်ပေါ်မှာ ပါဝင်တဲ့သူတွေ ဖြစ်ပြီး အရပ်သား ထိခိုက်မှု မရှိဘူး” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒီပျက်ကျမှုဟာ ဗီယက်နမ်စစ်တပ်အတွက် ပြင်းထန်တဲ့ဆုံးရှုံးမှုလို့ ဆိုပါတယ်။
ဇူလိုင် ၇ ရက်နေ့ မွန်းလွဲပိုင်းမှာတော့ ဗီယက်နမ်သမ္မတ ထရွန်တန်ရှန်းဟာ ရှင်သန်ကျန်ရစ်သူတွေ တက်ရောက်နေ တဲ့ဆေးရုံကို သွားရောက်လည် ပတ်ပါတယ်။
ပျက်ကျတဲ့နေရာဟာ စစ်တပ်လေဆိပ်နဲ့ နီးပြီး မြို့လယ်ရဲ့ အနောက်ဘက် ၁၉ မိုင်အကွာမှာ ရှိတာ ဖြစ်ပါတယ်။
ရဟတ်ယာဉ်ဟာ ပျက်ကျခဲ့အပြီး မီးလောင်ခဲ့ကြောင်း၊ ဒေသစံတော်ချိန် မနက် ၈ နာရီ ၂၀ မိနစ်လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မျက်မြင်သက်သေတဦးက ပြောပါတယ်။
ဈေးသည်အများအပြားကတော့ ရဟတ်ယာဉ်ပေါ် ပါသွားသူတွေဟာ လေထီး စစ်သည်တွေ ဖြစ်ပြီး အစောပိုင်းကမှ သူတို့ဆီက မုန့်တွေ ၀ယ်သွားခဲ့သေးတယ်လို့ ပြောကြပါတယ်။
DVB
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment