Monday, December 16, 2013
မန်စီမြို့နယ်အတွင်း KIA မှ တပ်သားသစ်များ ဆက်တိုက် စုဆောင်းနေသောကြောင့် မြို့ပေါ်ရှိ ရှမ်းနီလူငယ်တချို့ တိမ်ရှောင်
ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်မှာ ဒီရက်ပိုင်းတွေအတွင်း KIA မှ တပ်သားသစ် စုဆောင်းမှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် မန်စီမြို့ပေါ်ရှိ ရှမ်းနီလူငယ်တစ်ချို့သည် စုဆောင်းရေး ဆွဲခံရမှာကို စိုးရိမ်သည့်အတွက် တိမ်းရှောင်မှုများ ပြုလုပ်နေတယ်လို့ သိရှိရသည်။
ဗန်းမော်ခရိုင်၊ မန်စီမြို့သည် အစိုးရစစ်တပ်ရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ရှိသော်လည်း အုပ်ချုပ်ရေး ယန်းတရား ကောင်းကောင်း မလည်ပတ်နိုင်ဘူးလို့ စုဆောင်းရေး တိမ်းရှောင်လာသည့် ရှမ်းနီလူငယ်တစ်ဦးက ဆိုပါတယ်။
မန်စီမြို့ရဲ့ လတ်တလောအခြေအနေနဲ့ ပက်သက်ပြီး အဆိုပါ ရှမ်းနီလူငယ်ကပဲ -
သစ်တောရုံးက သစ်တွေကို ဖမ်းရင် သစ်တောရုံးကို ဗုံးလာထောင်သွားတယ်၊ အခု မန်စီမှာ မူးယစ်ဆေးဝါးတွေ အရမ်းဖောင်းပွနေတယ်၊ မူးယစ်ဆေးဝါး ရောင်းဝယ်နေတဲ့သူတွေကို ရဲတွေကလည်း စစ်ကြောင်းမပါရင် မဖမ်းရဲဘူး၊
မန်စီမြို့မှာ အစိုးရစစ်တပ်ရှိသော်လည်း KIA က စုဆောင်းရေး လာဆွဲမှာကို စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်။ မန်စီမြို့- အေးသာယာကုန်းကျော် ကနေ ၃ ဖာလုံလောက် သွားလိုက်ရင် ဒေသအခေါ် ကျောက်တောင်ကုန်းမှာ KIA အ၀င်စခန်းရှိပါတယ်။ အဲဒီကနေ ၂ မိုင်လောက်သွားရင် သံစားချောင်းမှာ KIA က တပ်စွဲထားပါတယ်။ အင်အားကတော့ များတယ်၊ အတိအကျတော့ ခန့်မှန်းလို့ မရဘူး၊ ဘာဖြစ်လို့လဲဆိုတော့၊ မံစီမြို့ထဲမှာ ရှိတဲ့ ကချင်တွေက ပြည်သူ့စစ်ပုံစံမျိုးနဲ့ တာဝန်သွားထမ်းရတယ်၊ တပတ် တာဝန်ထမ်းရတာ ရှိတယ်၊ တလ တာဝန်ထမ်းရတာ ရှိတယ်၊ မြို့ထဲပြန်လာရင်တော့ ပြည်သူပေါ့၊ တပ်ထဲရောက်သွားရင်တော့ KIA ပေါ့၊ အဲဒီတော့ KIA နဲ့ သိပ်မဝေးတဲ့အတွက် အစိုးရစစ်တပ်ရှိသော်လည်း KIA က စုဆောင်းရေး ဆွဲမှာကို စိုးရိမ်ရတဲ့ အနေအထားမှာပဲ ရှိပါတယ်။ နောက်ပြီး ကျွန်တော်တို့ ရှမ်းနီလူငယ်တွေကို KIA က ကျိန်းနေတာကြောင့် ကျွန်တော်တို့လည်း ခဏတိမ်းရှောင်လာတာ ပါလို့ ပြောပြသည်။
ရပ်ကွက် ၄ ခုရှိသော မန်စီမြို့သည် ရှမ်းနှင့် ကချင်လူမျိုးများ ရောပြွမ်း နေထိုင်ပြီး တစ်ဝက်စီခန့်ရှိရာမှ မောရ၀တီရပ်ကွက်တွင်တော့ ရှမ်းလူမျိုး အများစု နေထိုင်တာလည်းဖြစ်ပါတယ်။
ဧရာဝတီမြစ်ဖျားဆီက
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment