17-12-2013
လာမည့် ဇန်န၀ါရီ ၁ ရက်တွင် ကျရောက်မည့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ၁၃
နှစ်မြောက် နှစ် ပတ်လည်အထိမ်းအမှတ်အဖြစ် တရားပွဲများကို သုံးရက်တိုင်
ကျင်းပမည်ဟု အသင်းအုပ်ချုပ်ရေးမှူး ဒေါ် ဧရာမောင်မောင်က ဒီဇင်ဘာ ၁၆ တွင်
မဇ္ဈိမကို ပြောသည်။
နှစ်ပတ်လည်နေ့တွင် တရားပွဲကျင်းပခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး
တရားပွဲများကို မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ ရန်ကုန်မြို့
မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်းရုံးတွင် ကျင်းပမည် ဖြစ်သည်။
ဒီဇင်ဘာ ၃၁ ရက်တွင် သီတဂူဆရာတော် အရှင်ဥာဏိဿရ၊ ဇန်န၀ါရီ ၁ ရက်တွင်
ဒေါက်တာနန္ဒာမာ လာဘိဝံသနှင့် ဇန်န၀ါရီ ၂ ရက်တွင် တွံတေးဆရာတော်
အရှင်ဣန္ဒကတို့က တရားဟောမည် ဖြစ်သည်။
“ရန်ကုန် နာရေးကူညီမှုအသင်းမှာ
တရားပွဲကျင်းပတယ်ဆိုတာ ဒါ ပထမဆုံးအကြိမ်ပါ။ နှစ်ပတ်လည် အထိမ်းအမှတ်အတွက်
အခမ်းအနားတွေတော့ မလုပ်ပါဘူး”ဟု ဒေါ်ဧရာမောင်မောင်က ပြောသည်။
ဇန်န၀ါရီ ၁ ရက် နံနက် ဆယ်နာရီတွင် သံဃာတော် ၁၃ ပါးကို
ဆွမ်းကပ်လှူမည်ဖြစ်ပြီး ယင်းနေ့တွင် လူ ရွှင်တော် အယောက် ၄၀ ကလည်း
ရုပ်အလောင်း သယ်ယူမှုတွင် ပါဝင်ကူညီမည်ဖြစ်သည်။
နာရေးကူညီမှုအသင်း
(ရန်ကုန်) ကို ၂၀၀၁ ခုနှစ်ဇန်န၀ါရီ ၁ ရက်တွင် စတင် တည်ထောင်ခဲ့သည်။ အ
သင်း၏ခံယူချက်မှာ အသင်းသူအသင်းသားများသည် “မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊
ဥပက္ခာဟူသည့် ဗြဟ္မစိုရ်တရားလေးပါးကို နှလုံးသွင်းကာ အများပြည်သူတို့၏ နာရေး၊
ကျန်းမာရေး၊ ပညာရေး အစရှိသည့် ကိစ္စရပ်များအား တာဝန်ယူ ကူညီဖေးမ
ဆောင်ရွက်ကြပါမည်”ဟု ဖြစ်သည်။
Mizzima - News in Burmese
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment