ကွာရှင်း ပြတ်စဲထားသော လင်မယားနှင့် သုံးလသမီးတို့၏ သုံးလောင်းပြိုင်
ဓားဒဏ် ရာများဖြင့်သေဆုံးနေ သည့်ဖြစ်ရပ်တစ်ခု ရှမ်းပြည်နယ် (အရှေ့ပိုင်း)
ကျိုင်းတုံမြို့ လွယ် လုံကျေးရွာအုပ်စု ဟွေလုံကျေး ရွာ အရှေ့မြောက်ဘက်
တစ်မိုင် ကွာ လယ်တောစပ်တွင်ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဟွေလုံကျေးရွာ၏ အရှေ့ မြောက်ဘက်ရှိ ဟွေလုံကျေးရွာ ပိုင်
ရိတ်သိမ်းပြီးလယ်ကွက်အနီး တောစပ်တွင် ကျိုင်းတုံမြို့နယ်
လွယ်လုံကျေးရွာအုပ်စု ကတ်ရိုး ကျေးရွာနေ ၂၁နှစ်အရွယ် မောင် အားကျဲမှာ
ဝမ်းဗိုက်အတွင်းမှ အူ များထွက်၊ လည်ပင်း တွင် တစ်လက်မခွဲခန့်
ထိုးသွင်းဒဏ်ရာနှစ် ချက်၊ ယာဘက်နားအောက်ဘက် တွင် တစ်လက်မခန့်ပြတ်ရှဒဏ်ရာ
နှစ်ချက်တို့ရရှိကာ သေဆုံးလျက်ရှိ နေသည်ကို ပထမစစ်ဆေးတွေ့ရှိ ရသည်။
မောင်အားကျဲအလောင်း ၏ အနောက်မြောက်ဘက်ကိုက် ၁ဝဝခန့်အကွာတွင် ၁၈နှစ်အရွယ်
မဘူးချွန်အား လည်ပင်းတွင် ပြတ် ရှဒဏ်ရာတစ်ချက်၊ ယာဘက်နို့ အုံအောက်ဘက်တွင်
ထိုးသွင်း ဒဏ်ရာနှစ်ချက်တို့ဖြင့် သေဆုံး နေပြီး မဘူးချွန်၏ အလောင်း နှင့်
အတူ စောင်နှင့်ပတ်၍ပွေ့ချီထား သော သုံးလသားအရွယ် မ.. .ကိုလည်း
လည်ပင်းတွင်ပြတ် ရှဒဏ်ရာသုံးချက်ရရှိကာ သေ ဆုံးလျက်ရှိနေသည်ကို စစ်ဆေး
တွေ့ရှိခဲ့ကြကြောင်း သိရသည်။
မောင်အားကျဲနှင့် မဘူးချွန် တို့မှာ
စိတ်သဘောထားချင်း မ တိုက်ဆိုင်၍ လွန်ခဲ့သောတစ်လ ခန့်က လူကြီးများရှေ့တွင်
ကွာ ရှင်းထားသော ဇနီးမောင်နှံဖြစ် ပြီး မ....မှာ ယင်းတို့၏ရင်
သွေးငယ်ဖြစ်ကြောင်း သိရသည်။ ဟွေလုံကျေးရွာပိုင် လယ် မြေအနီး တောစပ်တွင်
ဒီဇင်ဘာ ၁၂ရက် နံနက် ၁၁နာရီခွဲခန့်က အမျိုးသားတစ်ဦး၏ အလောင်း
တစ်လောင်းအားတွေ့ရှိရကြောင်း လွယ်လုံကျေးရွာအုပ်ချုပ်ရေးမှူး
ဦးစိုင်းအောင်ခမ်း၏ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားချက် အရ ကျိုင်းတုံ
ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ဝင်း၊ ကျိုင်း တုံမြို့နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူးခင် မောင်သိန်း၊ ကျိုင်းတုံမြို့ မြို့မရဲ စခန်းမှ
တပ်ဖွဲ့ဝင်များ၊ ကတ် တောင်ကျေးရွာ ရဲကင်းစခန်းမှူး ဒုတိယရဲအုပ်ကျော်မိုး၊
လွယ်လုံ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ၊ ဟွေလုံရွာသူကြီးတို့သည် အခင်း
ဖြစ်နေရာသို့ သွားရောက်ကြည့် ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ
အမှုဖြစ်စဉ်နှင့်ပတ် သက်၍ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံး
စုံစမ်းဖော်ထုတ်ဖမ်း ဆီးအရေးယူနိုင်ရန် ကျိုင်းတုံမြို့ မြို့မရဲစခန်းမှ
စခန်းမှူး ဒုတိယ ရဲမှူး ရဲကြည်က (ပ)၁၄၀/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ-၃၀၂အရ အ
မှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
နဒီဧရာ
Yangon Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment