16-12-2013 ပြုံးပြုံးလေးနေတာက သင့်ကို ပုံမှန်ထက် ပိုတောက်စေတဲ့အပြင်
သင့်ခန္ဓာကိုယ်ကိုလည်း ကောင်းကောင်း အလုပ်လုပ်စေပါတယ်။ အပြုံးကြောင့်
သင့်ကျန်းမာရေး ကို ကောင်းမွန်စေသလို ဖိစီးမှုအဆင့်ကို လျော့ကျကာ
ဆွဲဆောင်မှုရှိစေပါတယ်။
(၁) အပြုံးက သင့်ကို ဆွဲဆောင်မှုရှိစေ ပါတယ်
လူတွေကို ပြုံးနေတဲ့ပုံဆွဲလိုက်တဲ့အခါ တည်တဲ့ပုံတွေ ထက်
ပိုပြီးဆွဲဆောင်မှုရှိတာကို လေ့လာမှုတွေအရ သိရ ပါတယ်။
မျက်မှောင်ကြုတ်တာ၊မျက်စောင်းထိုးတာ စတဲ့ အပြုအမူတွေက မျက်နှာကို
ရှိရင်းစွဲ အသက်ထက် ပိုရင့် သလို ဖြစ်စေကာ ပြုံးတာက ငယ်နုတဲ့အသွင်ရစေတာ
ကြောင့်ပါ။
(၂) အပြုံးက စိတ်ကိုပြောင်းစေနိုင်တယ်
နောက်တစ်ခါ သင်စိတ်ဓာတ်ကျနေရင် ပြုံးနိုင်အောင် ကြိုးစားပြီး
ပြုံးကြည့်လိုက်ပါ။ စိတ်ခံစားမှုက အကောင်းဘက်ကို ပြောင်းလဲသွားပါလိမ့်မယ်။
ပြုံးတာက စိတ်ကို ပြောင်းလဲစေတဲ့ လှည့်ကွက်တစ်ခုပါပဲ။
(၃) အပြုံးက ကူးစက်တတ်ပါတယ်
လူတစ်ယောက်က ပြုံးနေရင် အဲဒီအခန်းက လင်းနေသလိုပဲ တခြားလူတွေရဲ့စိတ်ကိုပါ
ပျော်ရွှင်လာစေပါ တယ်။ ပြုံးနေတဲ့သူဟာ တခြားလူတွေဆီ ပျော်ရွှင်မှုကို
သယ်ဆောင်လာတာပါ။
(၄) အပြုံးက စိတ်ဖိစီးမှုကို သက်သာစေပါတယ်
စိတ်ဖိစီးမှုဖြစ်နေရင် မျက်နှာမှာပေါ်လွင်နေပါတယ်။ အဲဒီအချိန်မှာ
ပြုံးလိုက်ရင် သင်ရဲ့ ပင်ပန်းစိတ်ဓာတ် ကျပြီး
နွမ်းနယ်နေတဲ့ပုံပျောက်သွားပါလိမ့်မယ်။
(၅) အပြုံးက ကိုယ်ခံစွမ်းအားစနစ်ကိုမြင့်တက်စေပါတယ်
ပြုံးတာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းကောင်းအလုပ်လုပ်အောင် ကူညီနိုင်ပါတယ်။
ပြုံးလိုက်တဲ့အခါ ခုခံအားဆိုင်ရာလုပ်ငန်းဆောင်တာတွေက ကောင်းမွန်သွားတာကြောင့် အပန်းပြေစေပါ တယ်။
(၆) အပြုံးက သွေးဖိအားကိုလျော့ကျစေပါတယ်
ပြုံးလိုက်တဲ့အခါ သွေးဖိအားက သိသိသာသာလျော့ကျသွားပါတယ်။ အိမ်မှာ မိနစ်အနည်းငယ်ကြာထိုင်ပြီး
သွေးပေါင်တိုင်းကြည့်ပါ။ တစ်မိနစ်လောက်ပြုံးပြီး ပြုံးနေရင်းမှာပဲ သွေးပေါင်ထပ်တိုင်းကြည့်ပါ။ ခြားနားချက် ကို သင်တွေ့ရပါလိမ့်မယ်။
(၇) အပြုံးက ကောင်းတဲ့အရာတွေထွက်စေတယ်
လေ့လာမှုတွေအရ ပြုံးတာကြောင့် အန်ဒေါ်ဖင်၊ သဘာဝ အကိုက်အခဲပျောက်ဆေးနဲ့ ဆီရိုတိုနင်စတဲ့
ကောင်းတဲ့ဓာတ်တွေ ထွက်ရှိလာတာကို တွေ့ရပါတယ်။ ဒါကြောင့် ပြုံးတာကို သဘာဝဆေးဝါး တစ်လက် လို့ ဆိုကြတာပါ။
(၈) အပြုံးက မျက်နှာကို ပင့်တင်ပေးပြီး နုပျိုစေပါတယ်
ပြုံးလိုက်တဲ့အခါမှာ ကျွန်မတို့သုံးလိုက်တဲ့ ကြွက်သားတွေက မျက်နှာကို
ပင့်တင်ပေးလိုက်သလိုဖြစ်စေတာကြောင့် ပိုနုပျိုတဲ့ ပုံဖြစ်သွားစေပါတယ်။
(၉) အပြုံးက အောင်မြင်သူတစ်ဦးလို ထင်ရစေတယ်
ပြုံးနေတဲ့သူတွေကို ကြည့်ရတာ ယုံကြည်မှုပိုရှိတဲ့ဟန်ပေါက်စေပြီး
လုပ်ငန်းကိစ္စတွေမှာ စိတ်ချရတဲ့ပုံပေါက်စေပါတယ်။ အစည်းအဝေးတွေနဲ့
အရေးကြီးတဲ့ တွေ့ဆုံမှုတွေမှာ များများပြုံးလိုက်ပါ။ အရင်နဲ့မတူတဲ့တုံ့ပြန်
မှုကို ရရှိလာပါလိမ့်မယ်။
(၁၀) အပြုံးက အကောင်းမြင်စေပါတယ်
ပြုံးပြုံးလေးနေရင်း တစ်ခုခုကို အဆိုးဘက်က တွေးကြည့်ဖို့ မလွယ်ပါဘူး။
သင်ပြုံးလိုက်တဲ့အခါမှာ ဦးနှောက် ဆီကို “ဘ၀က နေပျော်စရာကောင်းတယ်” ဆိုတဲ့
သတင်းပေးပို့မှု ရောက်ရှိသွားတာကြောင့် ဖြစ်ပါတယ်။
ပြုံးပြုံးလေးနေရင်း စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုနဲ့ ပူပင်သောကတွေကို ဖယ်ရှားလိုက်ပါ။
မှ - (ngwesusan.blogspot.com)
Nway Wint
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment