Wednesday, October 23, 2013

တော်ဝင်အလုပ်သမားသမဂ္ဂ အလုပ်သမားဝန်ကြီးဌာနသို့ တရားစွဲရန်စီစဉ် October 23rd, 2013

ရန်ကုန်၊ အောက်တိုဘာ ၂၃။
23.10.2013-ppa1
တော်ဝင်သစ်အချောထည် စက်ရုံလုပ်သမားနှင့် အလုပ်ရှင်ပြဿနာသည် ယနေ့အချိန်အထိ ပြေလည်မှု မရရှိသေးသည့်အတွက် အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာဖြေရှင်းပေးရေး ခုံသမာဓိ ကောင်စီ၏
ချမှတ်ထားသော ကတိက၀တ်များအား အပြီးသတ်တိုင်အောင် ဖြေရှင်းပေး ခြင်းမရှိပါက အလုပ်သမားရေးရာဝန်ကြီးဌာနအား တရားဆွဲဆိုသွားရန် စီစဉ်လျက်ရှိကြောင်း တော်ဝင်သစ်အချောထည် အလုပ်သမားသမဂ္ဂအဖွဲမှ ကိုနေလင်းဦးက ပြောသည်။

အောက်တိုဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့  ကျောက်တံတားမြို့ နယ်ရှိ MJN တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“အမှန်ဆိုရင် ခုံသမာဓိကောင်စီက ချမှတ်ထားတာကို အလုပ်ရှင်က လိုက်နာရမှာပါ။ အခုဟာက အလုပ်ရှင်ဘက်က လိုက်နာခြင်း မရှိပါဘူး။ ဥပဒေအရဆိုရင် အလုပ်ရှင်က မလိုက်နာဘူးဆိုရင် ခုံသမာဓိကောင်စီက အရေးယူရမှာပါ။ အခုအချိန်ထိကို ခုံသမာဓိကောင်စီက အလုပ်ရှင်ကို အရေးယူခြင်း မရှိပါဘူး”ဟု တော်ဝင်သစ်အချောထည်စက်ရုံ အလုပ်သမားသမဂ္ဂမှ ကိုနေလင်းဦးက ဆိုသည်။
ဆက်လက်၍ “ ကျွန်တော်တို့ ဒီလကုန်အထိစောင့်ကြည့်မှာပါ။ ဒါမှ မဖြေရှင်းပေးဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့ အလုပ်သမားဝန်ကြီးဌာန လက်အောက်က  အလုပ်ရှင်နဲ့ အလုပ်သမား စစ်ဆေးရုံးက တာဝန်ရှိတဲ့သူတွေ အားလုံး တရားစွဲသွားမှာပါ” ဟု ဆက်လက် ပြောဆိုခဲ့သည်။
ယင်းကဲ့သို့ အလုပ်သမားရေးရာဝန်ကြီးဌာအား တရားစွဲဆိုရန်အတွက် မြန်မာနိုင်ငံ ရှေ့နေကွန်ယက်မှ ကူညီပေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
“ကျွန်တော်တို့ကို တော်ဝင်အလုပ်သမား အရေးနဲ့ ပတ်သက်ပြီး တင်ပြထားပါတယ်။ ကျွန်တော့် အနေနဲ့  ဝန်ကြီးဌာနကို တရားစွဲဖို့အတွက် ကိုကူညီပေးသွားမှာပါ”ဟု မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်မှ ကိုအောင်သူရိန်ထွန်းက ပြောသည်။
တော်ဝင်သစ်အချောထည်စက်ရုံ အလုပ်သမားသမဂ္ဂ အနေဖြင့် အလုပ်သမားရေးဝန်ကြီးဌာနအား တရားဆွဲဆို သွားရန် စီစဉ်နေသည့်အပြင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်မြို့  အကျဉ်းစီးဌာန အင်းစိန်အကျဉ်း ထောင်မှ ထောင်ဝန်ထမ်းနှစ်ဦးနှင့် အကြီးတန်းအရာရှိ တစ်ဦးအား ပုဒ်မ ၅၀၆၊ ပုဒ်မ ၃၂၃ များဖြင့် အောက်တိုဘာလ ၂၄ရက်နေ့ နံနက်ပိုင်းတွင် သံမန်စာဆင့်ခေါ်၍ အင်းစိန်တရားရုံးတွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။




No comments:

Post a Comment

My Blog List