Wednesday, October 23, 2013
နိုဝင်ဘာ ၉ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့ Crocus City Hall ၌ Miss Universe ရွေးချယ်ပွဲကြီးကို ကျင်းပတော့မည် ဖြစ်ရာ ရုရှားရောက် မြန်မာများ သွားရောက်အားပေး ကြည့်ရှုကြမည် ဖြစ်ကြောင်း သိရသည်။ပြိုင်ပွဲလက်မှတ် ဈေးနှုန်းများမှာ VIP Stalls တွင် ရုရှားငွေ ရူဘယ်
(၆ဝဝဝဝ မှ ၇ဝဝဝဝ)၊ Ths Stalls တွင် (၃ဝဝဝဝမှ ၄ဝဝဝဝ)၊ Amphitheatre တွင်
(၈ဝဝဝ မှ ၁ဝဝဝဝ)၊ Circle တွင် (၆ဝဝဝ မှ ၁ဝဝဝဝ)နှင့် ရိုးရိုးတန်းများမှာ
(၂၅ဝဝ မှ ၄ဝဝဝ)အထိ ဈေးနှုန်း အသီးသီး ရှိကြောင်း သိရသည်။
ရုရှားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာများသည် သွားရောက် အားပေးရန်
လက်မှတ်များ ဝယ်ယူထားကြကြောင်း သိရသည်။ မိုးစက်ဝိုင်သည် ယမန်နေ့က Miss
Universe Organization သို့ ပြိုင်ပွဲဝင်ရန် သတင်းပို့ခဲ့ပြီး Crowne Plaza
Moscow World Trade Centre Hotel ၌ ရောက်ရှိ တည်းခိုနေပြီ ဖြစ်သည်။
နိုဝင်ဘာ ၉ ရက်တွင် မော်စကိုမြို့ Crocus City Hall ၌နောက်ဆုံး အဆင့်
ပြိုင်ပွဲဝင်ရန် မြန်မာနိုင်ငံ ကိုယ်စားပြု Miss Universe Myanmar
မိုးစက်ဝိုင်သည် အကောင်းဆုံး ပြင်ဆင် လေ့ကျင့်နေပြီ ဖြစ်သည်။
အောက်တိုဘာ ၁၉ ရက်က မိုးစက်ဝိုင်သည် ထိုင်းအလှမယ်နှင့် အတူ မော်စကိုရှိ
ထိုင်းသံရုံးနှင့် မြန်မာသံရုံးများ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေး သွားရောက်
လည်ပတ်ခဲ့ကြသည်။ မိုးစက်ဝိုင်သည် မော်စကိုမြို့ ရင်ပြင်နီတွင်
အလှဓာတ်ပုံများကို ရိုက်ကူးခဲ့ကြောင်း သိရသည်။
ယခင် Miss Universe
ပြိုင်ပွဲတွင် ဒေါ်မြင့်မြင့်ခင်က နောက်ဆုံးပါဝင် ယှဉ်ပြိုင်ခဲ့ဖူးပြီး
နှစ် ၅ဝ အကြာ ယခု ၂ဝ၁၃ ခုနှစ်တွင် ပြိုင်ပွဲဝင်မည့် Miss Universe Myanmar
မိုးစက်ဝိုင်၏ ပြိုင်ပွဲဝင်ပုံများကို မကြာမီ စောင့်ကြည့် အားပေး ရတော့မည်
ဖြစ်သည်။
မြ၀တီ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment