Sunday, October 20, 2013
ယာဉ်အို ယာဉ်ဟောင်းအပ်နှံမူ နည်းပါးလာမူကြောင့် စလစ်ရှားပါးကာ ကားဈေး
မြင့်တက်လာတကဲ့သို့ ကျပ် သိန်းနှင့် ချီသော လီမ်လည်မူများလည်း
ဖြစ်ပေါ်လာလျက် ရှိနေရာ ဖြေရှင်းရန် လိုအပ်နေပြီ ဖြစ်ကြောင်း ကားပွဲစားတို့က
ပြောကြားသည်။
ပြီးခဲ့သည့် လက မန္တလေးတိုင်းတွင် ကျပ်သိန်း လေးသောင်းကျော် လိမ်လည်မူ ဖြစ်ပွားတကဲ့သို့ ယခုလတွင်လည်း ရန်ကုန်မြို့တွင် ကျပ်သိန်း(၇၀၀၀)ကျော် လိမ်လည်မူ တစ်ခု ဖြစ်ပွားခဲ့သည်။
“အခု ရန်ကုန်မှာ စလစ်ကိစ္စနဲ့ ပတ်သက်ပြီး လိမ်လည်မူ ဖြစ်ခဲ့တယ်။ အဓိက
ကတော့ ယုံကြည်မူ အပေါ် အခွင့်ကောင်း ယူတာရယ်။ကြိုက်ရှင်း စနစ်လိုမျိုး
ပုံစံရယ်ကြောင့် အခုလို ဖြစ်လာတာပါ။ စလစ် ရှားပါးတာလည်း ပါတော့ လူတွေက
လုပ်စားလာကြတာ”ဟု မင်းရဲကျော်စွာ ကားပွဲစားတန်းမှ ဦးမင်းဦး က
ပြောကြားသည်။ လိမ်လည်သူမှာ အသက်(၆၈)နှစ် အရွှယ်ရှိ
အမျိုးသမီးတစ်ဦး ဖြစ်ကာ စလစ် ၀ယ်ယူပေးရန် ငွေ ယူခြင်း၊
စလစ်ရောင်းချသူများကို ငွေ မချေသေးခြင်း တို့ကို ပြုလုပ်ခဲ့ပြီး
စလစ်ပေါင်း(၂၀၀)ခန့်ကို လိမ်လည်သွားခဲ့ခြင်းဖြစ်ကာ ကျပ်သိန်း(၇၀၀၀)ခန့်
ဖြစ်သည်ဟု ၀ါရင့် ပွဲစားတစ်ဦးက ပြောကြားသည်။
အလားတူ
မန္တလေးမြို့တွင်လည်း ကျပ်သိန်းလေးသောင်းခန့် ကားလောကအတွင်း အများဆုံး
လိမ်လည်မူ တစ်ခု ဖြစ်ခဲ့ကာ ယခုတိုင် ဖြေရှင်းနိင်မူ မရှိသေးပဲ ယင်းကဲ့သို့
ပြဿနာ တက်ရခြင်းမှာ စလစ်ဈေး မြင့်တက်လာမူ၊ ရှားပါးမူ အပေါ် အခွင့်ကောင်း
ယူကာ ဖြစ်ပွားခြင်း ဖြစ်ကြောင်း မန္တလေး အခြေစိုက် ကားပွဲစား တစ်ဦးက
ပြောကြားသည်။ “ဖြစ်တာက စလစ်ကို ၀ယ်ယူပေးဖို့ ယူတာက
သိန်း(၉၀)နဲ့ပေါ့လေ။ နောက်ပိုင်း စလစ်ဈေးက သိန်း(၁၂၀)နား ကပ်သွားပြီ။
ဒီတော့ အဲလောက် ကွာတာကို မရှင်းနိင်တော့ ဖြစ်သွားတာပါ။ တစ်စီး
သိန်း(၃၀)လောက် ကွာသွားတာကို။ တစ်ဦးထဲ ဆိုတာထက် အများကြီးနဲ့လည်း
သက်ဆိုင်တယ်။ ကားပွဲစား (၂၀၀)ကျော်လောက် ဆီကလည်း ဖြစ်တာကို။ ဒါပေမယ့်
သူတို့က အမူ မဖွင့်ရသေးဘူး။ ပြဿနာ ရှင်းလို့ မပြီးနိင်ဘူး။ အဓိကကတော့
စလစ်ကြောင့်ပဲ” ဟု ၎င်းက သုံးသပ် ပြောကြားသည်။
ပြည်ပမှ ယာဉ်
သိန်းနှင့် ချီတင်သွင်းလာခဲ့သော်လည်း ယာဉ်အို ယာဉ်ဟောင်း အပ်နှံသည့် ကားမှာ
နည်းပါးမူကြောင့် စလစ်ဈေးကွက် တစ်ခု ဖြစ်လာခဲ့ကာ ယခုကဲ့သို့ ပြဿနာများ
ဖြစ်ပွားခဲ့ခြင်း ဖြစ်သည် ဟု ကားပွဲစား တစ်ဦးက ဆိုသည်။
စလစ်ဈေးမှာ ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့် ပြုစဉ်က ကျပ်သိန်း(၅၀)ကျော်သာ
ဈေးရှိရှိခဲ့သော်လည်း ယခုအခါ ကျပ်သိန်း(၁၂၀)အထိ ရှိခဲ့ကာ
ကားတစ်စီးတန်ဖိုး အထိ မြင့်တက်လာခဲ့သည် ဟု ဈေးကွက်အတွင်းမှ စုံစမ်း
သိရှိရသည်။
ဒီအချက်ကို ဖြေရှင်းနိင်ဖို့ ကညနက တာဝန်ရှိသူတွေကို
တင်ပြထားတယ်။ ယာဉ်ဟောင်း အပ်နှံတာမျိုးထက် ထိုက်သင့်တဲ့ ဈေးပမာဏ နဲ့
ဖြတ်ပြီး စလစ်ပုံစံပေးပေါ့။ ဒါဆို အခုလို လိမ်တာမျိုးတွေ ဖြစ်လာစရာ
မရှိဘူး။ ရှားလာတော့ လူတွေ စုပြုံ လိုက်ကြရင်းနဲ လိမ်တဲ့ အဆင့်တွေ ဖြစ်လာတာ
ဟု ကားပွဲစား ဦမးင်းဦးက ပြောကြားသည်။
အချို့မှာလည်း ပွဲစားထံ
အပ်နှံပြီး လုပ်ကိုင်ရာမှ စလစ်များလျင် တခြားသူထံ ရောင်းချကာ
လိမ်လည်မူတို့မှာလည်း မကြာခဏ ဖြစ်ပွားလေ့ ရှိသဖြင့် ကညန မှ တာဝန်ရှိသူတို့
အနေနှင့် စလစ် အစား တခြားနည်းလမ်းဖြင့် ဖြေရှင်း စေချင်ကြောင်း ၎င်းက
ပြောကြားသည်။
ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ပြုခြင်းကို “စ”
အက္ခရာမှ စတင်လက်ခံခဲ့ကာ လက်ရှိအချိန်တွင် “သ” အက္ခရာ အထိ ရောက်ရှိလာခဲ့ပြီး
မကြာမီ “အ” အက္ခရာကို စတင်လက်ခံပေးဖွယ်ရာ ရှိနေသည် ဟု ကားဈေးကွက် အတွင်းမှ
စုံစမ်း သိရှိရသည်။
မြန်မာ့ခေတ်
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment