Sunday, October 20, 2013
စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ကောလင်းမြို့ ဗိုလ်ချုပ်လမ်း အောင်ရတနာ
ကားဂိတ်တွင်အောက်တို ဘာ ၁၇ ရက်နံနက် ၁၁ နာရီခွဲခန့်က တုပပြုလုပ်ထားသည့်
တစ်သောင်းတန် ငွေစက္ကူဖြင့် ခရီးသွားကား လက်မှတ် ဝယ်ယူခဲ့ကြောင်း ကားဂိတ် တာဝန်ရှိ သူတစ်ဦးထံက သိရသည်။
ထိုနေ့ ည ၈ နာရီခွဲက ကောလင်းမြို့မှ မန္တလေးမြို့သို့ ထွက်ခွာမည့်
အောင်ရတနာ ခရီးသည်တင်ကား အသင်းသို့ ခရီးသွားလက်မှတ် သုံးစောင်ကို တုပ
ပြုလုပ်ထားသည့် တစ်သောင်းတန် ငွေစက္ကူဖြင့် လာရောက် ဝယ်ယူခဲ့ခြင်း
ဖြစ်ကြောင်း ခရီးသွားလက်မှတ် အရောင်းစာရေး မထက်ထက်ဇော် ဆိုသူက သူမ၏
ဂိတ်မှူးထံသို့ တင်ပြခဲ့ကြောင်း သိရသည်။
လက်မှတ် အရောင်းစာရေးမ၏
တင်ပြချက်များအရ ဂိတ်မှူး ဦးဝင်းဆိုသူသည် အဆိုပါ တစ်သောင်းတန် ငွေစက္ကူကို
မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်၍ စိစစ် အတည်ပြုချက်များ တောင်းခံရာ
အဆိုပါ ငွေစက္ကူ သည်တုပ ပြုလုပ်ထားသည့် ငွေစက္ကူဖြစ်ကြောင်း သိရသဖြင့်
ရဲစခန်းသို့ အကြောင်း ကြားခဲ့ကြောင်း သိရသည်။
ဒေသတွင်း
ငွေကြေးတည်ငြိမ်မှု မပျက်ယွင်းစေရန် အတွက် ကောလင်း မြို့မရဲစခန်း၌ တာဝန်ထမ်း
ဆောင်လျက်ရှိသော တာဝန်မှူး ရဲအုပ် စန်းယုနှင့်အဖွဲ့သည် အဆိုပါ
တုပပြုလုပ်ထားသည့် ငွေစက္ကူနှင့် ပတ်သက်၍ စုံစမ်း ဖော်ထုတ်ခဲ့ကြောင်း
သိရသည်။
သက်ဆိုင်ရာ၏ စစ်ဆေး ပေါ်ပေါက်ချက်များ အရ ၎င်းငွေစက္ကူ
အတုဖြင့် ခရီးသွား ကားလက်မှတ် သုံးစောင်ကို လာရောက် ဝယ်ယူခဲ့သူသည်
ပင်လယ်ဘူးမြို့နယ် ဝဲလာကျေးရွာ (မူလွန်) ကျောင်းဆရာမ တစ်ဦးဖြစ်သူ
ဒေါ်ခိုင်စုဝေဆိုသူ ဖြစ်ကြောင်း သိရသည်။ ထိုမှတစ်ဆင့် သက်ဆိုင်ရာ အဖွဲ့သည်
ဖြစ်စဉ် အရင်းအမြစ်ကို သိရှိနိုင်ရန်အတွက် ဆက်လက်၍ စိစစ်မေးမြန်းခဲ့ရာ
အဆိုပါ ကျောင်းဆရာမသည် ကောလင်းမြို့နယ် လယ်တဲရင်းကျေးရွာနေ ကိုကျော်ထွန်း
ဆိုသူအား စက်တင်ဘာ ၂ ရက်ခန့်က ငွေကျပ် သုံးသိန်း ချေးငှား ပေးထားခဲ့ရာ
ထိုသူမှ စက်တင်ဘာ ၂၃ ရက်တွင် ချေးယူထားသော ငွေကျပ် သုံးသိန်းကို ပြန်လည်
ပေးဆပ်ခဲ့ရာတွင် တစ်သောင်းတန် ငွေစက္ကူ အရွက် ၃ဝ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တစ်သောင်းတန် ငွေစက္ကူများကို သူမမှ သုံးစွဲခဲ့ခြင်း ဖြစ်ကြောင်း
သက်ဆိုင်ရာ၏ စစ်ဆေးပေါ် ပေါက်ချက်များ အရ သိရသည်။ ထိုသို့ သုံးစွဲခဲ့ရာတွင်
အောင်ရတနာ ကားဂိတ်၌ ခရီးသွား လက်မှတ် ဝယ်ယူငွေ သုံးရွက်၊ ကောလင်း
မြို့မဈေး အတွင်းရှိ ဒေါ်ဝင်းရီနှင့်ညီမများ ငါးချဉ် အရောင်းဆိုင်၌ ငါးချဉ်
ဝယ်ယူငွေ တစ်ရွက်၊ ဦးအောင်ဝင်း (ဆီတိုဟူး) ဆိုင်၌ ဝယ်ယူငွေ တစ်ရွက်နှင့်
သူမထံ၌ သုံးစွဲခြင်း မပြုရ သေးသည့် ငွေစက္ကူ ၂၁ ရွက် စုစုပေါင်း တုပ
ပြုလုပ်ထားသည့် တစ်သောင်းတန် ငွေစက္ကူ ၂၆ ရွက်တို့ကို သက်ဆိုင်ရာမှ အချိန်မီ
တားမြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ထိုသို့
သိမ်းဆည်းရာတွင် ကျန်ရှိ နေသော အဆိုပါငွေစက္ကူလေးရွက်ကို လည်း သက်ဆိုင်ရာမှ
အမြန်ဆုံး ပြန်လည်သိမ်းဆည်းရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဒေသတွင်း၌ မသင်္ကာဖွယ်ရာ ငွေစက္ကူများဟု ယူဆရပါက မည်သူမဆို သက်ဆိုင်ရာ
ရဲစခန်းများသို့ ဆက်သွယ် အကြောင်းကြားခြင်းဖြင့် ငွေကြေး တည်ငြိမ်မှု
ကိစ္စရပ်များကို ပူးပေါင်း ပါဝင်ရန် လိုအပ်လျက် ရှိကြောင်း သိရသည်။
မြ၀တီ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment