မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းပေးရေး
တောင်းဆိုကြတဲ့ ရာနဲ့ချီတဲ့ဒေသခံတွေဟာ ဒီကနေမှာလည်း ၀မ်ပေါင်ကုမ္ပဏီရှေ့အထိ
လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
အခုရက်ပိုင်း ဆန္ဒပြတာတွေဟာ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ ဆက်လက်တောင်းဆိုနေကြတာဖြစ်ပါတယ်။
ဒီကနေ့ဆန္ဒပြပွဲကိုတော့ တုံရွာကနေ ၀မ်ပေါင်ကုမ္ပဏီရှေ့အထိ
ချီတက်ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကတည်းက
နေ့စဉ်ဆန္ဒပြနေကြတာပါ။ ဒေသခံတွေ တောင်းဆိုနေတာက လက်ပံတောင်းတောင်
ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး၊ မီးလောင်ဗုံးတရားခံ ဖော်ထုတ်ပေးရေး
စတာတွေ ဖြစ်ပါတယ်။
ဒီနေ့လမ်းလျှောက်ဆန္ဒပြပွဲကို စီမံကိန်းနားက ကျေးရွာတွေဖြစ်တဲ့ ဆည်တဲ၊
ဇီးတော၊ ကျောက်ဖြူတိုင်၊ မိုးကြိုးပြင်၊ ဖောင်းကထာစတဲ့ ကျေးရွာ ၁၄ ရွာက
ဒေသခံပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။
ဒါ့အပြင် တရုတ် ၀မ်ပေါင်ကုမ္ပဏီနားမှာ သပိတ်စခန်း
ပြန်လည်ဖွင့်လှစ်ဖို့အတွက် ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို
တရားဝင်စာတင်ထားတယ်လို့လည်း သိရပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးအဖွဲ့က အစီရင်ခံစာထဲမှာ
အကြံပြုထားတဲ့အတိုင်း ဒေသခံတွေ အလုပ်အကိုင်ရရှိရေးလုပ်ငန်းကို
အာဏာပိုင်တွေဘက်က စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီလို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မရတနာဦးက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment