၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ ၂
ဦးဟာ လာမယ့် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ ကနေ ၂၂ နေ့ထိ ဥရောပ ၃ နိုင်ငံကို
ခရီးထွက်မယ်လို့ သိရပါတယ်။
နော်ဝေး၊ဒိန်းမတ်နဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်မှာဖြစ်ပြီးနော်ဝေးနို င်ငံမှာကိုမင်းကိုနိုင်ဟာသူ့ကို၂၀၀၁ခုနှစ်က ချီးမြှင့်ထားတဲ့ ကျောင်းသား ငြိမ်းချမ်းရေးဆု ကို လက်ခံရယူမှာဖြစ်တယ်လို့ကိုပြုံးချိုက RFA ကိုပြော ပါတယ်။"အစီအစဉ်က နော်ဝေးရယ်၊ ဒိန်းမတ်ရယ်၊ ပြင်သစ်ရယ်ပါ၊ အစိုးရအဖွဲ့က ဝန်ကြီးတွေနဲ့တွေ့မှာ ပြီးတော့ အဝေးရောက် မြန်မာတွေနဲ့ တွေ့မှာ" ဒိန်းမတ်နိုင်ငံကို ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ရောက်ရှိမှာဖြစ်ပြီး၊ အဲဒီမှာရှိကြတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲပြုလုပ်မှာ ဖြစ်ပါတယ်။
RFA Burmese

No comments:
Post a Comment