ဆင်းဂါးဘီယာ ထုတ်လုပ်သည့် ဆင်းဂါးကော်ပို ရေးရှင်းသည် ကားလ် စဘာ့ဂ် ဘီယာကုမ္ပဏီနှင့် ဈေးကွက်မဟာမိတ်အဖြစ် ပူးပေါင်းပြီးနောက် မြန်မာတွင် ဘီယာချက်စက်ရုံတစ်ခုတည်ထောင် သွားရန် ပြင် ဆင်နေကြောင်း သိရ သည်။
ဆင်းဂါး၏ အာရှဒေသဆိုင်ရာ ဈေးကွက်တာဝန်ခံ ဒါရိုက်တာ ပီတီ ဘီရွန် ဘက်ကဒီက ဆင်းဂါးသည် ထိုင်းတွင် ကားလ်စ်ဘာ့ဂ်ဘီယာကို နံပတ်တစ်ဖြစ်အောင် ဈေးကွက်မြှင့်တင်သွားမည်ဖြစ်ပြီး ၎င်း၏ကိုယ်ပိုင် အမှတ်တံဆိပ် ဆင်းဂါးကိုလည်း ငါးနှစ်အတွင်း အာရှ၏ထိပ်တန်း အမှတ်တံဆိပ်သုံးခု၌ ပါဝင်အောင် ကြိုးစားသွားမည်ဟု ဆိုသည်။
၎င်းက “ဒီနှစ်အတွင်း ထိုင်းနဲ့ အိမ်နီးချင်း အာဆီယံ ဈေးကွက်တွေမှာ ကားလ်စ်ဘာ့ဂ်ဘီယာကို အရောင်းမြှင့်တင် သွားဖို့ ကျွန်တော်တို့ ဘတ် သန်း ၂၀၀သုံးသွားမှာ ဖြစ်ပါတယ်။ ပထမနှစ်အတွင်းမှာပဲ ကားလ်စ်ဘာဂ်ဘီယာပမာဏ လီတာ ငါးသန်းရောင်းချရဖို့ မျှော်မှန်းထားပြီးနောက် နှစ်တွေမှာတော့ တစ်နှစ်ကို ရောင်းအား ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိတိုးဖို့ မှန်းထားပါတယ် ”ဟု ပြောကြား သည်။
ကားလ်စ်ဘာ့ဂ်ကုမ္ပဏီသည် အာဆီယံဒေသအတွင်း စက်ရုံရှစ်ရုံရှိထားပြီး ဗီယက်နမ်တွင် လေးခု၊ လာအို တွင်နှစ်ခု၊ မလေးရှားနှင့် ကမ္ဘောဒီးယားတွင်တစ်ခုစီ တည်ဆောက်ထားသည်။ ယင်းစက်ရု့များမှ ထုတ် လုပ်နိုင်စွမ်းမှာ တစ်နှစ် ဘီယာလီတာ ၁ ဒဿမ ၂၅ ဘီလီယံဖြစ်သည်။
ထိုင်းတွင်ရောင်းချမည့် ကားလ်စ်ဘာ့ဂ်ဘီယာများကို မြန်မာနှင့်လာအိုရှိ ကုမ္ပဏီပိုင်စက်ရုံများမှ တင်သွင်း ရောင်းချသွားမည်ဟု သိရသည်။ ခန့် မှန်းချက်များအရ အာရှတွင် ဘီယာသောက်သုံးမှုနှုန်းများမှာ ၂၀၁၁ မှ
၂၀၁၆ အတွင်း နှစ်စဉ် ငါးရာခိုင်နှုန်းတိုးတက်မည်ဟု သိရသည်။
၂၀၁၆ အတွင်း နှစ်စဉ် ငါးရာခိုင်နှုန်းတိုးတက်မည်ဟု သိရသည်။
From : The Myanma Age
No comments:
Post a Comment