မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကုလားမ ဘူတာ တွင် ယခင်ကအမြန် ရထားများရပ်နားခွင့်ရခဲ့ရာမှ ယခုအခါနေပြည်ေ တာ် ၊ကျောက်ပန်း တောင်း၊ ပုဂံသို့ ပြေးဆွဲ လျက် ရှိ
သော အမြန်ရထား များကို ကုလား မဘူတာတွင် ယခုဖေဖော်ဝါရီလ (၄)ရက်မှစတင်၍
ရပ်နားရန် မကွေး တိုင်းဒေသကြီး မြန်မာ့မီးရထား တိုင်းမန်နေဂျာ
ဦးဇော်ဖေစိန်က ဖွင့်ပွဲလုပ်ပေးခဲ့ကြောင်းသိ ရှိရသည်။ ကျွန်တော် တို့ဘူတာကို အမြန်ရထားကြီးတွေအခုလိုရပ်နားပေးတဲ့ အတွက် သမ္မတကြီး နှင့်တကွသက်ဆိုင်ရာ မြန်မာ့မီး ရထားတာဝန်ရှိ သူတွေ အား လုံးကို ကျွန်တော်တို့ဒေသခံပြည်သူများမှအထူးပဲကျေးဇူးတင်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ ယခင်က ကျွန်တော်တို့ ဒီဘူတာလမ်းပိုင်း မှာ မလိုလားအပ်တဲ့ ပြည်သူအချို့ အသက် ဆုံးရှုံးမှုတွေ နဲ့ကြုံခဲ့ရပါ တယ်။ အဲဒီအသက်ဆုံးရှုံးခဲ့ရတာဟာ အမြန်ရထားကရပ်ခွင့်မရှိဘူး လေတော သူတောင် သားတွေက အရေးကြီးကိစ္စအကြောင်းကြီးငယ်ရှိတော့ အမြန်ရထားကို လက်မှတ် လည်း မရောင်းတော့ ရထားခိုးစီး တယ်၊နောက်ပြီးဘူတာနားရောက်တော့ ရထားမရပ်ဘဲ ခုန်ဆင်းရ တယ်၊ အဲဒီတော့ မလို လား အပ်ဘဲ အသက်ဆုံးရှုံးမှုတွေဖြစ်ခဲ့ရပါတယ်။
ဒါကြောင့် ယခုလိုအမြန်ရထား ရပ်နားခွင့်ကို သက်ဆိုင်ရာ နိုင်ငံ အကြီးအကဲတွေက စီမံဆောင် ရွက်ပေးတော့မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုဘေးမှလည်းကင်း ဝေးတယ်၊ရထားလက်မှတ်လဲဝယ် လို့ရပြီဆိုတော့ ခိုးစီးစရာလည်းမလို တော့ဘူး ရထားကလည်း ရပ်ပေးတော့ ခုန်ဆင်းစရာလည်းမလိုတော့ ဘူးသွားရေးလာရေးမှာလည်း အဆင်ပြေချောမွေ့ တယ်၊
ဒါကြောင့်ကျွန်တော်တို့ ပြည်သူတွေက နိုင်ငံတော်သမ္မတကြီးနှင့်တကွမြန်မာ့မီးရထားသက်ဆိုင်တဲ့အရာရှိကြီးများအားလုံးကို အထူးဘဲကျေးဇူးတင်ရှိပါတယ်။ ဒါဟာ ဟိုးယခင်ကတည်းက ကျွန်တော်တို့ ပြည်သူတွေမျှော်လင့်နေမှုပါ၊ ယခုတော့ကျွန်တော်တို့ပြည်သူတွေရဲ့ မျှော်လင့်မှုတွေကို သမ္မတကြီးနှင့်တကွသက်ဆိုင်ရာ တာဝန်ရှိ သူတွေက ထိထိရောက် ရောက်ဖြည့်ဆည်းပေးနေတာတွေ့ ရတော့ ကျွန်တော်တို့ပြည်သူတွေ က ကျေးဇူး တင်ဂုဏ်ယူမိပါကြောင်း၊ဒေသခံပြည်သူအချို့ထံမှ စုံစမ်း သိရှိရသည်။ ၎င်းအပြင်မြန်မာ့ မီးရထားဝန်ကြီး ဌာနမှ ဖောက်လုပ် လျက်ရှိသော ပျော်ဘွယ်၊နတ်မောက်၊မီးရထားလမ်းပိုင်းအား ယခုနှစ်မတ်လ ပထမပတ် တွင် စတင်ဖွင့်လှစ်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား အသိုင်း အ၀ိုင်းမှစုံစမ်းသိရှိရသည်။
ယင်း သို့ပြေးဆွဲရာတွင် လူစီးတွဲ(၃)တွဲ၊ ပါဆယ်တွဲ(၁)တွဲ၊ဘရိတ်တွဲ(၁)တွဲ၊ ပါဝင်သော ရထားစတင်ပြေး ဆွဲမှာ ဖြစ်ကြောင်းသိရပြီးအဆိုပါ ပျော်ဘွယ်၊နတ်မောက်၊လမ်းပိုင်း တွင် ဘူတာဆင်း(၆)ဘူတာ ရှိ ကြောင်း သိရှိရသည်။
ယင်းလမ်းပိုင်းစတင်ပြေးဆွဲပါက ဒေသခံပြည်သူ များနှင့်ကုန်သည်ပွဲစားများအနေဖြင့် လုပ်ငန်းများ ပိုမိုအဆင်ပြေစွာသွားလာလုပ်ကိုင်မှုများ အဆင်ပြေ ချောမွေ့စေပြီး ဒေသခံခရီးသွား ပြည်သူများ ရထားစီး
ပိုမိုများပြား နိုင်ကြောင်း ဒေသခံပြည်သူအချို့၏ သုံးသပ်ပြောကြားချက်များအရ သိရသည်။
ဟင်္သာ(တောင်တွင်းကြီး)
ွှThe Hot News

No comments:
Post a Comment