Wednesday, July 04, 2012
တိုင်းရင်းသား လူမျိုးစုများကြား ဆင်းရဲမွဲတေမှု မြင့်မားနေခြင်းသည် မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ဒုတိယဥက္ကဋ္ဌပြောကြား
မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးစုများကြား ဆင်းရဲမွဲတေမှု မြင့်မားနေခြင်းသည် မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်ကြောင်းနှင့် ဆူပူမငြိမ်မသက်မှုကို တွန်းပို့စေကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်၏ ဒုတိယဥက္ကဋ္ဌ Stephen Groff က ဘန်ကောက်မြို့တွင် ဇူလိုင်လ ၁ ရက်နေ့က ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြချက်အရ သိရသည်။
''(နိုင်ငံရဲ့) ဒေသတွေမှာ စီးပွားရေး တိုးတက်မှုနဲ့ ဆင်းရဲမွဲတေမှု မညီမျှတာတွေကို ဖြေရှင်းဖို့ လိုပါတယ်''ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ ဒုတိယဥက္ကဋ္ဌ Stephen Groff က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
''တခြားနိုင်ငံတွေမှာလိုပဲ မြန်မာနိုင်ငံတွင်းက ဒီကွာဟချက်တွေက တိုင်းပြည်ရဲ့ အလားအလာကို ထိခိုက်စေနိုင်တဲ့ တိုင်းရင်းသား လူမျိုးစုနဲ့ လူမှုရေး မငြိမ်မသက်မှုတွေကို ဦးတည်သွားစေနိုင်ပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။
ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အလုပ်လက်မဲ့ပြဿနာ၊ စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နည်းသည့်ပြဿနာတို့ကို ရင်ဆိုင်နေရကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံကို လေးရက်ကြာ လာရောက်ပြီး မြန်မာ့စီးပွားရေးကို လေ့လာပြီးနောက် မြန်မာနိုင်ငံ ကြုံတွေ့နေရသည့် လုပ်ဆောင်ရမည့် အလုပ်က ကြောက်စရာကောင်းသော်လည်း မျှော်လင့်စရာ အကြောင်းတရားများလည်း ရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
''လိုအပ်ချက်တွေက အလွန်များပြားပေမယ့်လည်း မျှော်လင့်ချက်ရောင်ခြည်တွေတော့ ရှိပါတယ်။ နောက်ပြီး ကျေးလက်ဒေသတွေက တိုင်းပြည်ရဲ့ တခြားဒေသတွေ၊ ကမ္ဘာတစ်ဝန်းနဲ့ ချိတ်ဆက်ဖို့တော့ လိုအပ်ပါတယ်''ဟု Stephen Groff က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ သက်ရောက်မှု ရှိလာရန်မှာ အချိန်ယူရမည်ဖြစ်ကြောင်း Stephen Groff က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးသည် တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင် နှုန်းကြား တိုးတက်နေပါကလည်း ထိုင်းနိုင်ငံ၏ လက်ရှိအဆင့်ကို ရောက်ရှိရန် အနှစ် ၃၀ ခန့် အချိန်ယူရလိမ့်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေသည် ထိုင်းနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေ၏ တစ်ဝက်သာရှိ ကြောင်း မြန်မာနိုင်ငံသို့ မကြာသေးမီက လေးရက်ကြာ လာရောက်လေ့လာခဲ့သည့် အာရှဖွံ့ဖြိုးရေးဘဏ်၏ ဒုတိယဥက္ကဋ္ဌ Stephen Groff က ဘန်ကောက်မြို့တွင် ဇူလိုင်လ ၁ ရက်နေ့က ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြချက်အရ သိရသည်။
''ကျွန်တော်တို့ ပြောနေတာ မျိုးဆက်တစ်ဆက်အကြောင်း ဖြစ်ပါတယ်။ ၁၀ နှစ်၊ ၁၅ နှစ်အတွင်းမှာ အပြောင်းအလဲကို ကျွန်တော်တို့ မြင်တွေ့ရမှာ မဟုတ်ပါဘူး''ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ ဒုတိယဥက္ကဋ္ဌ Stephen Groff က ပြောကြားခဲ့သည်။
http://news-eleven.com/
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment