ဒီနေ့ကျရောက်တဲ့ နှစ် ၅၀ မြောက်၊ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နေ့ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရွှေဝါရောင် ကျောင်းတိုက်မှာ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ကျင်းပခဲ့ပါတယ်။
ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ကျင်းပရတဲ့ အကြောင်းရင်းတွေကို ပြောဆိုခဲ့ကြပြီး၊ နောင်လာနောက်သားတွေအနေနဲ့ သမိုင်းဝင်နေ့ကို မမေ့ကြဖို့၊ လက်ဆင့်ကမ်း ဝေမျှကြဖို့ ပြောဆိုတိုက်တွန်းခဲ့ပါတယ်။ ပြည်တွင်းမှာ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နေ့နဲ့ ပတ်သက်ပြီး ဗကသ ကျောင်းသားလူငယ်တွေကို ထိန်းသိမ်းတာတွေ လုပ်ခဲ့တဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်ကိုလည်း ရှုတ်ချခဲ့ကြပါတယ်။
“တရက်ပဲ ဖမ်းဖမ်း၊ တလပဲ ဖမ်းဖမ်း၊ တစက္ကန့်ပဲ ဖမ်းဖမ်း၊ ဖမ်းတယ်ဆိုတာဟာ ဖမ်းတာပါပဲ။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ်၊ ဒီမိုကရေစီ အစိုးရဖြစ်နေပါတယ်ဆိုနေပေမယ့် ဒီလို ထိန်းသိမ်းတယ်ပြောပြော၊ ခေါ်မေးတယ်ပြောပြော၊ ဒါမျိုးတွေ လုပ်နေတာဟာ အခုအချိန်မှာ မဖြစ်သင့်ဘူး” လို့ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ပြောဆိုခဲ့ပါတယ်။
ဂျူလိုင်လ ၇ ရက်နေ့ ၁၉၆၂ ခုနှစ် ပစ်ခတ်မှုမှာ သေဆုံးသွားခဲ့ရတဲ့ ကျောင်းသားတွေ၊ ဂျူလိုင်လ ၈ ရက်နေ့မနက်ခင်း ကျောင်းသားသမဂ္ဂ ဖောက်ခွဲခံရတဲ့အချိန်မှာ သေဆုံးသွားခဲ့ရတဲ့ ကျောင်းသူကျောင်းသားတွေကို အလေးပြုတာ၊ သေဆုံးသွားခဲ့သူတွေအတွက် ရည်စူးပြီး ရေစက်ချ အမျှဝေတာ၊ သံဃာတော်တွေကို ဆွမ်းဆက်ကပ် လှူဒါန်းတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ဧရာဝတီ(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment